Chapter 254

1.3K 155 2
                                    

အခန်း ၂၅၄ ငါ့ပုံစံက ကိုယ့်ကတိကို မတည်တဲ့သူနဲ့တူနေလို့လား

သူဒီလောက်သိသာအောင်လုပ်ထားတာကို သူမဉီးနှောက်နဲ့ မနေ့ညက ဝမ်မိန်မိန်နဲ့ညစာစားတာက အလုပ်ကိစ္စသက်သက်ပဲဆိုတာ နားလည်သင့်ပြီလေ

ဒီအချိန်မှာ သူမက နည်းနည်းပိုပျော်ပြီး သူနဲ့ ဟင်းတူတူစားသင့်တာ မဟုတ်ဘူးလား

ဘာလို့ ဘာမှ မတုံ့ပြန်တာလဲ ပြီးတော့ သူမရဲ့အာရုံတွေက အဲ့ဒီ သောက်ငါးအစပ်ဟင်းမှာပဲ ရှိနေတယ်

"ဘာမေးသင့်တာလဲ" ရှုရှုခေါင်းမော့ကာ သူမဘေးက သခင်လေးရန်ကို စိတ်ရှုပ်စွာကြည့်လိုက်သည်

သူမမှာတကယ် ဘာစိတ်ကူးမှမရှိပေ

"မင်း..." သူမရဲ့ အပြစ်ကင်းတဲ့အကြည့်တွေက သခင်လေးရန်ကို ဒေါသထွက်စေသည် သူ့မာနတွေလည်း တစ်ခါတည်း အဝေးရောက်သွားသလိုပဲ

'ဟမ့် ငါဘာလုပ်လဲ မင်းကဂရုမစိုက်မှတော့ ငါကဘာလို့ မင်းအပေါ်ကောင်းပေးနေရမှာလဲ တချိန်လုံး မင်းကလျစ်လျူရှုထားပြီးတော့'

"ငါကော ငါးအစပ်ဟင်းမစားဘူးလားလို့ မမေးတော့ဘူးလား"

သူ့ရဲ့နဂိုမေးချင်တာက 'ငါနဲ့ဝမ်မိန်မိန် ဆက်ဆံရေးအကြောင်း မေးချင်တာ မရှိဘူးလားဟု'

သူမက မသိချင်ယောင်ဆောင်နေတော့ အဲ့ဒါက ဟာသသက်သက်ဖြစ်သွားသည်

ရှုရှု မှုန်ကုတ်ကုတ်ဖြင့် "နင် ဒီဟင်းကို မကြိုက်ဘူး ထင်တာလေ"

သူမက ပါးစပ်ထဲ ငါးဟင်းကို ထည့်လိုက်ကာ အရသာရှိရှိ စားလိုက်သည်

"အာ့ဆိုလည်း ဆက်စား" သခင်လေးရန် စားချင်စိတ်ပျောက်ကာ တူကို အဝေးကိုချလိုက်သည် သူထရပ်ကာ အခန်းထဲက ထွက်သွားတော့သည်

သူအပြင်က စားပွဲကိုတစ်ယောက်ကိုခေါ်ကာ ဆေးလိပ်တဘူး ယူခဲ့ဖို့ မှာလိုက်သည်

ရှုရှု အခန်းထဲက ထွက်လာတော့ ရန်ရုချန် နံရံကိုမှီကာ လက်ထဲမှာ ဆေးလိပ်ကို ကိုင်ထားလို့နေသည် သူ့ရဲ့ထူထဲတဲ့ မျက်ခုံးတွေက မျက်မှောင်ကြုတ်နေကာ သူ့ကြည့်ရတာ ဒေါသထွက်နေသလိုပင်

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now