အခန်း ၃၃၂ အဲ့ဒီငတုံးမ ဘယ်မှာလဲ
‘သူမက ရန်ရုချန်ကို အိပ်ရာထဲမှာ ခွင့်လွှတ်ဖို့တောင်းပန်တယ်လို့ ဆိုလိုတာလား’
သူတို့နားကို ဂရုတစိုက်နဲ့လျှောက်သွားလိုက်တော့ အတင်းပြောနေတဲ့ ရုံးခန်းထဲက အမျိုးသမီး အလုပ်ဖော်တွေက လက်ထဲမှာ အနုပညာ သတင်းစာကို ကိုင်ထားတာတွေ့လိုက်ရသည်။
သူမနဲ့ ရန်ရုချန်အကြောင်းဖြစ်မယ်လို့ ရှုရှု ထင်လိုက်သည်။
“ဟိုင်း အစ်မရှုရှု”
သူမကို အလုပ်ဖော်တစ်ယောက်က မြင်သွားကာ ခေါ်လိုက်တော့ လူတိုင်း သူတို့ခုံကို ပြန်သွားကာ ချက်ချင်း အလုပ်လုပ်ကြတော့သည်။
“အခုတင်ပဲ အတင်းပြောပြီး ပျော်နေကြတာမဟုတ်ဘူးလား” ရှုရှု တရားခံကြည့်သလို ကြည့်ကာ အေးစက်စက်ပြုံးလိုက်သည်။
အားလုံးကြောက်သွားကာ ခေါင်းငုံ့ထားပြီး အသံတောင် ကျယ်ကျယ် မထွက်ရဲတော့
ရုံးချိန်အတွင်း သူတို့က စုကာ အတင်းပြောတတ်ကြပြီးတော့ ခေါင်းဆောင်သိသွားရင် အဆူခံရလေ့ရှိသည်။
ရှုရှု သူမခုံကို ပြန်လာကာ သူမနဲ့ ရန်ရုချန်အကြောင်းဆောင်းပါးကို ကြည့်လိုက်သည်။
ဝက်ဆိုဒ်တစ်ခုကို နှိပ်လိုက်တော့ သူတို့ မျက်နှာစာမှာ ကြီးမားပြီး ချက်ချင်း အမြင်ဖမ်းစားနိုင်တဲ့ ဆောင်းပါးတစ်ခုတင်ထားသည်။
ခေါင်းစဥ◌်က ‘တတိယသခင်လေးနဲ့ တတိယ မဒမ်ရန် ရန်ဖြစ်ကြသည်’
အကြောင်းအရာက မနေ့ကမနက်က တစ်စုံတစ်ယောက်က တတိယမဒမ်ရန် အလုပ်ကို တစ်ယောက်တည်းကားမောင်းလာတာ မြင်ခဲ့ကာ စိတ်သောကရောက်နေပုံပေါ်သည်ဟု အများအားဖြင့် အလုပ်ကြိုးစားတဲ့ တတိယသခင်လေးက နေ့လည်စာစားချိန်မှ ရောက်လာသည်။ ကုမ္ပဏီ ဝင်ပေါက်မှာ ရပ်လိုက်ပြီး အလောတကြီး ဝင်သွားကာ သူ့အကျီ ကြယ်သီးမှားတပ်ထားတာလည်း သတိထားမိပုံမရ ထိုညမတိုင်ခင် တစ်စုံတစ်ယောက်က တတိယသခင်လေး W အပြင်ဘက်မှာ အမျိုးသမီးတစ်ယောက်ကိုဖက်နေပြီး မူးနေပုံရသည်။ အွန်လိုင်းက လူတွေထင်နေကြတာက သခင်လေးရန် ထိုအမျိုးသမီးရဲ့နေရာမှာ တညလုံးနေခဲ့ပြီး တတိယ မဒမ်ရန် မိသွားတာကြောင့် မနက်ရောက်တော့ သူမကိုတောင်းပန်ဖို့ပြေးလာခဲ့သည်။ အဲ့ဒါကြောင့် ကြယ်သီးမှားတပ်ခဲ့တာဟု
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Lãng mạnတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...