အခန်း ၂၇၉ လူတိုင်း သူတို့ရဲ့လှုဒါန်းမှုတွေကို ပိုကောင်းအောင် လုပ်နေကြတယ်
သူ့ရဲ့ ရုတ်တရက် နွေးထွေးတဲ့ ကိုယ်ငွေ့ က ရှုရှု အာရုံတွေကို နှောင့်ယှက်လိုက်သည်၊ ရှုရှု ကိုယ်လေးတောင့်သွားပြီးတော့ သူ့ကို လှည့်ကြည့်လိုက်တော့ သူ့မျက်နှာက သူမနဲ့ လက်မအနည်းငယ်သာဝေးတော့သည်။
သူ့မျက်နှာပေါ်က အပြုံးက ဆွဲဆောင်မှုရှိလှသလို အနှောင့်အယှက်ပေးလို့လည်းနေသည်။
ရှုရှုမျက်နှာ သူ့ဘက်လှည့်နေတာ မြင်တော့ ရှုရှုနား ပိုကပ်ကာ
"ငါ့ကို အခုနမ်းရင် တခြားကျန်တဲ့ ပိုက်ဆံတွေ ငါပေးမယ်"
"ကျေးဇူးပဲ"
ရှုရှု သူ့ကိုအေးစက်စွာ ငြင်းကာ သူမအကြည့်တွေကိုစင်ပေါ်ကို ပြန်ရွှေ့လိုက်သည်။
ရန်ရုချန်က သူမရဲ့အပြုအမူကြောင့် စိတ်မဆိုးတဲ့အပြင် ပိုပြီးအရှက်မရှိတော့
"အဲ့ဒီအစား ငါမင်းကိုနမ်းရင်ကော'" သူသူမနား ကပ်လာတာနဲ့ ရှုရှု သူ့ကို ရှောင်လိုက်သည်။
"ငါတို့ကလေးတုန်းက မဂ်လာဆောင်ပြီး လက်စွပ်လည်း လဲပြီးပြီ အာ့တုန်းက နမ်းဖူးပြီးသားဆိုတော့ အခုထပ်နမ်းလိုက်တော့လည်း ဘာမှမထူးသွားပါဘူး"
သူလုပ်တာမှားသွားမှန်း သိလိုက်သည်။
ဆက်ဆံရေးတစ်ခုမှာ ပိုချစ်တဲ့သူက ပိုသည်းခံပြီး ပိုစွန့်လွှတ်နိုင်ရမည်။ သူနောက်ဆုံးတော့ အမှန်တရားကို လက်ခံလိုက်ပြီ။
'ငါတို့ကလေးတုန်းက လုပ်ဖူးတဲ့ လက်ထပ်ပွဲကို မှတ်မိသေးတယ်ပေါ့'
သူတို့ကလေးတုန်းက အကြောင်းကို ပြန်ပြောလိုက်တာနဲ့ ရှုရှုရင်ထဲ ထိုးနှက်ခံလိုက်ရသလိုပင်
လက်သီးကို ကျစ်ကျစ်ဆုတ်ကာ သူ့မမျက်လုံးထဲက ရောင်ခြည်တန်းတွေ ထွက်လာလုနီးပါးပင်
အဲ့ဒီညက သူ သူ့ကမ္ဘာထဲကနေ သူမကို လုံးဝတွန်းထုတ်ခဲ့တာသူမရဲ့နှလုံးသားကိုလည်း ပိတ်ခဲ့သင့်မှန်း သိတာကြောင့် သူမ မတွေးတော့ မကြည့်တော့ဘဲ သူ့ကို လွမ်းလည်းမလွမ်းတော့ပေ.....
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romanceတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...