အခန်း ၂၉၄ နောက်ထပ်တောင် မစဥ◌်စားရဲတော့ဘူး
ဒီမှာ ပါပါရာဇီလည်း မရှိနိုင်သလို ဓာတ်ပုံလည်း ရိုက်ရဲမှာ မဟုတ်ဘူး
သူ ‘ဟုတ်ပြီ’ လို့ပြောတာကြားတော့ ရှုရှု ရန်ရုချန်ကို ပါးစပ်ဟကာ အံဩတကြီးကြည့်နေမိပြီး ကြောင်လို့နေသည်။
‘သူက အဲ့ဒီ မာနကြီးမောက်မာပြီး စကားခပ်ကြမ်းကြမ်းတွေပဲ ပြောတတ်တဲ့ ရန်ရုချန်မှ ဟုတ်ရဲ့လား’
ကလေးမလေးတွေက ဂိမ်းရဲ့ စည်းမျဥ◌်းတွေကို သိနေတာကြောင့် မျဥ◌်းပေါ်မှာ ရပ်လို့နေသည် ကောင်လေးတွေက နောက်ဆုတ်နေတုန်း ရန်ရုချန် သူတို့ကို ကျောပိုးဖို့ စောင့်နေကြသည်။“မမ ရှုရှု မြန်မြန်လာတန်းစီ”
ကောင်လေးတွေက မြေကြီးပေါ် အမြစ်တွယ်သလိုကြောင်ရပ်နေတဲ့ ရှုရှု့ကို လက်ရမ်းပြကာ ခေါ်လိုက်သည်။
တန်းစီနေတဲ့ အတန်းရှေ့မှာ ရပ်နေတဲ့ ရန်ရုချန်ကို ရှုရှု တချက်ခိုးကြည့်လိုက်သည် သူဒီနေ့ ကစားကော ကစားနိုင်ပါ့မလား
ရှုရှု တွေးနေတုန်းမှာပဲ ရန်ရုချန် အသံကို အဝေးကနေ ကြားလိုက်ရသည်။
‘twinkle twinkle little star,how I wonder what you are….’
ရန်ရုချန် ဟွမ်ဟွမ်ကို ကျောပိုးကာ ကွင်းပြင်ကို မငြိုမငြင်ပတ်နေတာမြင်ပြီး ရှုရှု အရမ်းအံဩသွားသည်။
သူ့ရဲ့ ပြေပြစ်တဲ့ အသံက နားထောင်လို့ကောင်းလှသည်။
သူ့ရဲ့ ရှည်ပြီး ကြီးမားတဲ့ ကိုယ်လုံးကြီးနဲ့ ဟွမ်ဟွမ်ရဲ့ ကိုယ်သေးသေးလေးက ချစ်ဖို့ကောင်းလွန်းလှသည် သူ့မျက်နှာမှာလည်း အပြုံးတစ်ခုရှိလို့နေသည်။
ရှုရှု ထိုမြင်ကွင်းကို ကြည့်ကာ မျက်ရည်တွေ ဝဲလာတော့သည်။
ဂိမ်းရဲ့ စည်းမျဥ◌်းက ရန်ရုချန် မိန်းကလေးတိုင်းကို ကျောပိုးဖို့ဖြစ်ကာ ကွင်းပတ်လည်ကို သီချင်းဆိုပြီး လမ်းလျှောက်ရမှာပင်
အစ်မရှုရှု အလှည့်ရောက်ပြီ
ကလေးမလေးတွေ အကုန် ရှုရှုမှ လွဲပြီး အကုန်ကျောပိုးခံပြီးပြီပင် ကလေးတွေနဲ့ ရန်ရုချန်က သူမရောက်လာဖို့ စောင့်နေကြသည်။
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romanceတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...