အခန်း ၃၂၇
‘တကယ်ပဲ ငါမူးပြီးတွေ့ခဲ့တာပဲ’ ရန်ရုချန် မင်အားရှန်ကို ပြန်မဖြေဘဲ ဖုန်းချပလိုက်သည်။
သူ့ခုံကို ပြတင်းပေါက်ဘက်ကိုလှည့်ကာ နဖူးကို လက် ၂ ချောင်းနဲ့ ထောက်ထားပြီး ကြည်လင်ပြီး တောက်ပနေတဲ့ ကောင်းကင်ကို ကြည့်ကာ အတွေးနက်ကာ မျက်မှောင်ကြုတ်လို့နေသည်။
‘အားချန် နာတယ်….’
ရုတ်တရက် သနားစဖွယ်အသံလေး သူ့နားထဲဝင်လာကာ သူ့စိတ်ကို ဆွဲညှစ်လိုက်သလိုပင် သူ့ဘေးမှာ တစ်စုံတစ်ယောက်လှဲနေပြီး ထိုမိန်းမက သူ့ကိုယ်ပေါ်မှာ ကိုက်ရာတွေနဲ့ ထိုမနက်ခင်းကို ပြန်မြင်ယောင်လာသည်။
‘ဖန်ကျားရင် လွန်ခဲ့တဲ့ ၃ နှစ်က စကားတခွန်းမှ မပြောဘဲ မင်းထွက်သွားခဲ့တယ်’
‘အခု အချိန်ကိုက် မင်းပြန်လာတယ် မင်းဘာဖြစ်ချင်နေတာလဲ’
သူ့ကို တခြားရည်ရွယ်ချက်မရှိဘဲ ထိုလက်မှတ် ၂ စောင်ကိုပေးတယ်လို့ သူမထင်ပေ ဖြစ်နိုင်တာက သူနဲ့ ဝမ်ရှုရှုရဲ့ လက်ရှိဆက်ဆံရေးကို အရမ်းတန်ဖိုးထားလို့ မယုံမကြည်ဖြစ်နေတာလည်းဖြစ်ကောင်းဖြစ်နိုင်သည်။ သူပိုဂရုစိုက်လေ သူတို့ဆက်ဆံရေးကို ဖျက်စီးမယ့် ပြသာနာအသစ်တွေ ပေါ်လာမှာကို သူကြောက်လေပင်
‘ဖန်ကျားရင် ငါတို့မတွေ့တာ ၃ နှစ်ကျော်ပြီ အနည်ထိုင်ဖို့ လိုပြီ မဟုတ်ဘူးလား’
…….
ကော်ဖီဆိုင်လေးက မြို့လယ်မှာတည်ရှိကာ လိမ္မော်ရောင်ဘလောက်အကျီနဲ့ အမျိုးသမီးတစ်ယောက်က ဒုတိယထပ်က ပြတင်းပေါက်ခုံနားမှာထိုင်လို့နေသည်။ သူမရဲ့ ရှည်ပြီး ပိုးသားလိုတောက်ပနေတဲ့ ဆံပင်တွေက သူမပုခုံးပေါ်ဖြာကျလို့နေသည်။
လက်ထဲမှာ ကော်ဖီခွက်ကို ကိုင်ထားကာ လှပတဲ့ မျက်နှာမှာ အေးချမ်းတဲ့ အပြုံးတစ်ခုနဲ့
မျက်လုံးတစ်စုံက ပြတင်းပေါက် အပြင်ကိုငေးလို့နေသည်။
knock knock knock
တံခါးခေါက်သံတွေက သူမအတွေးတွေကို ဖျက်ဆီးလိုက်သည်။ သူမလှည့်လိုက်တော့ တံခါးက ပွင့်လို့နေပြီ
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romanceတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...