Chapter 282

952 91 1
                                    

အခန်း ၂၈၂ သူမစိတ်ကအရင်တိုင်းပဲ

‘ဒါကမှ တကယ့် ဝမ်ရှုရှုပဲ ဒါမဲ့ ဘာလို့တယောကိုတွေ့တုန်းက တမျိုးဖြစ်သွားတာလဲ’
ဖန်ကျားရင် သူတို့နားရောက်လာတော့ ရန်ရုချန် ရှုရှုစီက အကြည့်ဖယ်လိုက်သည်။

သူ့မျက်လုံးထဲမှာတော့ သံသယတွေနဲ့…

ခေါင်းလှည့်ကာ သူတစ်ခါ ကျရှုံးခဲ့ဖူးတဲ့ အမျိုးသမီးကို ကြည့်လိုက်သည်။

သူ့မျက်လုံးထဲ အေးစက်စက်အရိပ်အယောင်တချို့ ဖြတ်ပြေးလျက်
သူ့ရှေ့ကို နောက်တစ်ခါ ပေါ်လာရင်ဆိုပြီးတွေးခဲ့ဖူးသည်။

ဘာလို့ နှုတ်ဆက်စကားမပြောဘဲ ထွက်သွားရလဲ သူသိချင်ခဲ့သည် ပြီးတော့ နောက်တစ်ခါထွက်ပြေးသွားရင်ကော ဆိုပြီး…

‘အားချန် ငါနင့်ကို ကြိုက်တယ်’ ဆိုတဲ့ စကားက ၃ နှစ်လုံး သူ့ကိုနှိပ်စက်နေခဲ့ပြီးတော့ သူ ကို ညပေါင်းများစွာ အိပ်မရဖြစ်စေခဲ့သည်။

သူမရဲ့ နူးညံ့ပြီး တိုးညှင်းတဲ့အသံလေးကိုတွေးမိတိုင်း ပြောမပြတတ်တဲ့ဝမ်းနည်းမှုတစ်ခုကို ခံစားရသည်။

ဒါမဲ့ သူမအသံကို ကြားပြီး သူမရဲ့ ဝန်ခံမှုကို ပြန်တွေးမိတာတောင် သူ့နှလုံးသားက ………..ဘယ်လိုမှမနေ

ဘာလို့လဲဆိုတော့ သူ့ဘေးမှာရပ်နေတဲ့ ဝမ်ရှုရှုကြောင့်ပဲနေမှာ

ရှုရှု့ခါးကို လှမ်းဖက်ကာ အဖက်မလုပ်သလို အမူအရာဖြင့် “ဖန်ကျားရင် တိုက်ဆိုင်တာပဲ”

သူ့စကားတွေက ရင်းနှီးနေတဲ့သူတစ်ယောက်ကိုပြောတဲ့ နွေးထွေးမှုပါလို့နေသည်။

သူ့ရဲ့သန်မာတဲ့လက်တွေက သူမခါးကိုတင်းတင်းဖက်ထားကာ ရင်းနှီးတဲ့အငွေ့အသက်မျိုးပေးလို့နေသည်။

ရှုရှု ရုတ်တရက်တွေးမိတာက သူက လွန်ခဲ့တဲ့ ၃ နှစ်က ဖန်ကျားရင်ထားခဲ့တာ ခံခဲ့ရတာ သူ့မာန အရ ဘယ်လောက်ပဲ ပြန်ပေါင်းထုတ်ချင်ဦးတော့ သူ့ကိုယ်သူကန့်သတ်ထားမှာပဲ

သေချာတာက ဖန်ကျားရင် သူ့ကိုတောင်းပန်တာကို စောင့်နေတာ သူ့ကိုတောင်းပန်မှ သူ့မာနကို အဖတ်ဆယ်လို့ ရမှာကို

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now