အခန်း ၂၅၃ ငါ့ကိုမေးစရာတစ်ခုခု မရှိဘူးလား
ရှုရှု့မျက်လုံးက လက်မှတ်က နာမည်ကို အကြည့်ရောက်သွားသည် ဇာတ်ကား နာမည်က "Hi,Miss Undercover" ပင် သူမ ဒီဇာတ်ကားကို ဘတ်စ်ကားမှတ်တိုင်တွေ အွန်လိုင်းဆိုက် တွေနဲ့ မီဒီယာ ပလပ်ဖောင်းတော်တော်များများမှာ ပရိုမိုးရှင်းဆင်းနေတာကို မှတ်မိလိုက်သည်
အဓိက ဇာတ်ဆောင်ကို သတိမထားမိခဲ့ဘူး လက်မှတ်ရမှသာ သိတာ
"Miss ဝမ်ဆီက ဒီလို ကောင်းမွန်တဲ့အရာမျိုး ရတာကို ဘယ်ငြင်းလို့ကောင်းမှာလဲ" ရန်ရုချန် လက်မှတ်ကိုယူကာ ခေါင်းငြိမ့်ပြလိုက်သည် သူ့အမူအရာတွေက သိမ်မွေ့ကာ ရှုရှုကိုကြည့်ပြီး လက်မှတ်ပေးလိုက်သည် "မင်းသိမ်းထားလိုက်"
"အိုခေ" ရှုရှု သူမအိတ်ထဲ လက်မှတ်တွေထည့်လိုက်သည်
သူမကိုယ်သူမတွေးမိတာက ဒီဝမ်မိန်းကလေးက ရိုးရိုးသာမန် မိန်းကလေးမဟုတ်ဘူးလို့ ဒီမောက်မာတဲ့ကောင်ကို ယဉ်ကျေးအောင်လုပ်နိုင်တယ် တကယ်လို့ တခြားသူသာဆို လက်မှတ်ကို ကြည့်မှာမဟုတ်သလို အေးတိအေးစက်နဲ့ တချက်မှ ဂရုမစိုက်ဘဲ ငြင်းလိုက်မှာပဲ
ဒါမဲ့ ဒီနေ့ သူမဆီက လက်မှတ်ကို ကိုယ်တိုင်ယူရုံတင်မဟုတ်ဘဲ ယဉ်ယဉ်ကျေးကျေးပါ ပြန်ပြောလိုက်သေးတယ်
သူက miss ဝမ် ဇာတ်ကားကို အားပေးဖို့ သူမကိုခေါ်လာတာမဟုတ်မှန်းတော့ သူမသိသည် ပြီးတော့ ဒီလက်မှတ်နှစ်စောင်က အလကားဖြစ်သွားမှာပင်
ဘာပဲဖြစ်ဖြစ် သူမလည်းရုပ်ရှင်ရုံသွားချင်စိတ်မရှိတာကြောင့် သိပ်ဂရုစိုက်မနေပေ ရှုရှုခေါင်းငုံ့ကာ အစားစာနေပြီး အတွေးထဲနစ်မြောနေသည်
ရန်ရုချန်ရဲ့အသံက သူမရဲ့အတွေးတွေကို နှောင်ယှက်လိုက်သည် "ရှုရှု ငါတို့ ကုမ္ပဏီက miss ဝမ်ကို ပစ္စည်းသစ်မိတ်ဆက်ပွဲမှာ ဧည့်သည်အဖြစ်ဖိတ်ထားတယ် မင်းက ဒီပရောဂျက်ကို အစအဆုံးသိလာတာ miss ဝမ်နဲ့ ကောင်းကောင်းရင်းနှီးထားသင့်တယ်"
ပစ္စည်းသစ်မိတ်ဆက်ပွဲအတွက် ဧည့်သည်?
ရှုရှုခေါင်းမော့ကာ ဝမ်မိန်မိန်ကို ကြည့်လိုက်သည် သရုပ်ဆောင်က တက်ကြွစွာပြုံးနေကာ သူမကြည့်ရတာ နှစ်လိုဖွယ်ကောင်းလှသည် စခရင်ပေါ်က မျက်နှာနဲ့လည်း ဘာမှကွာခြားတာမျိုးရှိမနေပေ
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Roman d'amourတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...