အခန်း ၂၅၉ သူဌေးကြီးအများစုက ရက်စက်ပြီး ယုတ်မာတယ်
"မင်းက ဘယ်သူလဲ ဘာလို့ သူမကိုရှာနေတာလဲ " အဘိုးက အမဲရောင် ဝတ်စုံနဲ့ အရပ်ရှည်ကာ သန်မာတဲ့ပုံစံမျိုးရှိတဲ့ လူကို သတိနဲ့ကြည့်ကာ မေးလိုက်သည်
ဝမ်ရှုရှု လာကာ ထိုလူကိုကြည့်ပြီး မေးလိုက်သည် ကျွန်မက ဝမ်ရှုရှုပါ ဘယ်သူလဲ သိပါရစေ"
ထိုသူကို အကဲခတ်နေကာ ထိုသူကို သူမလုံးဝမသိပေ
ရှုရှုအသံကိုကြားတော့ ထိုသူက သူမကိုကြည့်ကာ ယဉ်ကျေးစွာပြောလိုက်သည် "မင်္ဂလာပါ ဝမ်မိန်းကလေး ကျွန်တော့သခင်ကြီးက လက်ဖက်ရည်သောက်ဖို့ ဖိတ်ချင်လို့ပါ"
သူ့သခင်ကြီး? သြဇာရှိတဲ့သူလား? ရှုရှု ပိုကြောင်သွားကာ "ရှင့်သခင်ကြီးက ဘယ်သူလဲ"
ထိုသူက ယဉ်ကျေးစွာဖြင့် "ကျွန်တော့သခင်ကြီးက Bright vision ရဲ့ဥက္ကဌပါ"
မင်အားရှန် အဘိုး....
ရှုရှုမျက်လုံးထဲ အံသြတဲ့အရိပ်အယောင်ဖြတ်သွားသည် ဘာလို့ အဲ့ဒီလူကြီးက သူမကိုရှာတာလဲ
"သြော် မင်ကျောင်းရှန်ပဲ" ဝှီးချဲလ်ပေါ်မှာထိုင်နေတဲ့ အဘိုးက ပြောကာ မျက်လုံးမှိတ်လိုက်သည် သူ့ကြည့်ရတာ တစ်ခုခုတွေးနေပုံပင်
ရှုရှု သူမအဘိုးကို ကြည့်ကာ သူမအဘိုးဘာစဉ်းစားနေလဲ မသိသလို မင်ကျောင်းရှန်က သူမကိုဘာလို့ရှာနေမှန်း သိချင်မိသည်
ဒီလူက လာဖိတ်ရုံသက်သက်ပဲဆိုတော့ ဘာလို့မေးလဲ အလကားပဲ အဲ့ဒါကြောင့် သူမကချက်ချင်းပင် "ဥက္ကဌမင် ဘယ်မှာလဲ"
"သခင်ကြီးကားက လမ်းဟိုဘက်ခြမ်းမှာရပ်ထားပါတယ်"ထိုလူက ညွှန်ပြကာ ပြောလိုက်သည်
ရှုရှု တချက်လှမ်းကြည့်ကာ ခေါင်းငြိမ့်ပြပြီး "ကောင်းပြီလေ"
သူမအဘိုးက ကောက်ကာ "ဘာလို့ အရမ်းနာခံနေတာလဲ ညည်းကခွေးလား တခြားသူ ခေါ်တာ လွယ်လွယ်နဲ့လိုက်သွားရတာလဲ"
"အဘိုး..." ရှုရှုမျက်မှောင်ကြုတ်ကာ "မင်အားရှန်အဘိုးက သမီးကိုတွေ့ဖို့ ဒီထိလာခဲ့ရတာ တစ်ခုခုအရေးကြီးတာရှိမှာပဲ ခနသွားပါရစေလား"
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
عاطفيةတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...