86+87+88+89+90

1.9K 208 1
                                    

အခန်း ၈၆ ဘယ်လိုတောင် လျစ်လျုရှုရဲတာလဲ

ဝမ်ရှုရှု အပြုံးပျောက်သွားကာ "နင်တကယ် မဒမ်ဝမ်ဒါချင်းကို တောင်ရန်စရဲတယ် အသက်ရှင်ရတာ ငြီးငွေ့နေပြီလား"

ကျန်းကျားဟန် ကန့်ကွက်သလို မျက်မှောင်ကြုတ်ကာ "ငါက အပြစ်ကင်းပါတယ် ငါ လူကြီးတွေကို ဘယ်လောက် လေးစား ချစ်ခင်လဲဆိုတာ လူတိုင်းသိတယ်"

သူ ထို အဘွားအို အကြောင်း ကောင်းကောင်းသိလေသည် သူသာ ဝင်မပါရင် ဒီနေ့ ရှုရှုကို အပြင်ခေါ်ထုတ်နိုင်မှာ မဟုတ်ပေ

"အို တော်ပါ " ဝမ်ရှုရှု ကားခုံကို ပြန်မှီလိုက်ပြီး လက်မြှောက်ကာ ဗိုက်ကို ပွတ်ရင်း "မဟုတ်တာတွေ ပြောမနေတော့ဘဲ တစ်ခုခုအမြန်သွားစားရအောင် ငါအရမ်းဗိုက်ဆာနေပြီ"

ကျန်းကျားဟန်ရှေ့မှာ သူမ ဘယ်တော့မှ ဟန်ဆောင်လေ့မရှိပေ  ၃ နှစ်ကြာမတွေ့ဖြစ်ကြပေမယ့် အကုန်အရင်တိုင်းပဲ ဘယ်တုန်းကမှ မခွဲဖူးသလို

သူမတွေးမိတာက ဖန်ကျားရင် ပြန်လာရင်ကော ရန်ရုချန်ကော တူတူပဲ ဖြစ်နမလား

•••••

Mercedes S 600 ကား ခြံဝင်းထဲမှာ ရပ်လိုက်ပြီး ကားတံခါးပွင့်ကာ အရပ်ရှည်ရှည် လူတယောက်ဆင်းလာပြီး ကားတံခါးကို "bang" ကနဲ အသံမြည်အောင် ပိတ်လိုက်သည်

ခြေတံရှည်ရှည်နဲ့ အိမ်ထဲကို လေးလံစွာ ဝင်လာခဲ့သည် သူ့ကိုယ်ပေါ်က အငွေ့အသက်က ဘယ်သူမှ လာမထိဖို့ သတိပေးနေသလို ရန်လိုမှု အပြည့်

ဖိနပ်လဲမစီးပဲ အိမ်ထဲကို ဝင်သွားလိုက်သည်

"တတိယသခင်လေး" အစေခံတွေက သူ့ကိုမြင်တော့ ခေါင်းမမော့ဘဲ နှုတ်ဆက်ကာ မြန်မြန် ပြန်ထွက်သွားတော့သည်

ဝမ်ဒါချင်း အန်တီကျိုးနဲ့ မီးဖိုချောင်ထဲမှာ အသီးအရွက် သုတ်နေတုန်း တတိယသခင်လေးဟု ခေါ်သံကြားလိုက်တာကြောင့် အခွံခွာထားတဲ့ ပန်းသီး တစ်လုံးနှင့် ထွက်လာခဲ့သည်

"ရန်ရုချန်" လှေကားမှာ ရှိနေတဲ့ သူအား အော်ခေါ်လိုက်သည်

ရန်ရုချန် ကြားပေမယ့် ခြေလှမ်းရပ်မသွားဘဲ အမြန်ဆက်သွားလိုက်သည်

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now