အခန်း ၃၆ တရားမဝင်စုံတွဲ
အဲ့ဒီအချိန် သူမစိတ်ထဲမှာ ရှိတဲ့ တစ်ခုတည်းသောအရာက ပြေး!
တခြားတဖက်က သူတွေက လှေတစ်စင်းကို မြစ်ထဲဆွဲပြီး သူတို့နောက်လိုက်ခဲ့ကြတယ်
ဝမ်ရှုရှု ရုတ်တရက် သူမ စကပ်ကို လက်ထဲမှာ စု ကိုင်ပြီး လှေအစွန်းဆီ ပြေးသွားလိုက်တယ်
"မင်းဘာလုပ်မလို့လဲ" ရန်ရုချန် သူမရေထဲ ခုန်ချမယ်ထင်ပြီး အလန့်တကြား မေးလိုက်တယ်
"ငါ့ခြေထောက်ကို သုံးရင် ရွေ့တာ ပိုမြန်လိမ့်မယ်" ဝမ်ရှုရှု ပြန်ပြောပြီး ခြေထောက်ကို ရေထဲ ချလိုက်တယ်
"ငါတို့ခြေထောက်နဲ့ လှေလှော်ရုံတင်မဟုတ်ဘူး ရေတွေ သူတို့ မျက်လုံးထဲကို စင်အောင်လုပ်ပြီး သူတို့ကို နှောင့်ယှက်လို့လည်းရတယ်"
"အမြန် သူတို့နောက်ကိုလိုက်" ရေထဲက အမျိုးသမီးက သူ့သူငယ်ချင်းတွေကို လှမ်းအော်ပြောလိုက်တယ်
သူတို့တွေက ငါးဖမ်းသမားတြွေဖစ်တာကြောင့် အကျိုးပိုများတယ်
သူတို့လည်းနှစ်ယောက်ဖြစ်ပြီးတော့ လက်ထဲမှာ တံပိုးနဲ့ လှော်တက်ပါတာကြောင့် အမြန်လိုက်မှီလာတယ်
သူတို့ရောက်ခါနီးတော့ ဝမ်ရှုရှု ထအော်လိုက်တယ် "အားချန် မြန်မြန်လုပ် သူတို့လိုက်မှီတော့မယ်"
သူမပြောတာကြားပြီး ရန်ရုချန် လှေလှော်နေတာရပ်လိုက်ပြီး သူမကို ငေးကြည့်လိုက်တယ်
ဝမ်ရှုရှု မျက်နှာ နီရဲနေပြီး ကြောက်ရမယ့်အစား သူမမျက်နှာမှာ စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နေတယ်
ငယ်ငယ်တုန်းက ဘယ်သူမှ သူမကို အနိုင်မကျင့်ရဲသလို သူမက သာမာန် မိန်းကလေးတွေနဲ့လည်းမတူဘူး
အခုလည်း သူမမျက်လုံးထဲမှာ ကြောက်ရမယ့်အစား ဘယ်ပြသာနာမဆို ဖြေရှင်းရဲ့တဲ့ သတ္တိတွေပဲ မြင်နေရတယ်
အဲ့ဒီနေရာမှာ ဖန်ကျားရင် ဆို ကြောက်လန့်တကြားအော်ဟစ်နေပြီး သူ့ရင်ခွင်ထဲ အတင်းတိုးဝင်နေမှာ
"နင်တို့ ဘယ်ကို ပြေးနိုင်မလဲ ကြည့်ကြသေးတာပေါ့"
သူတို့က အပေါ်စီက ဖြစ်တာကြောင့် အောင်နိုင်သူလို ပြုံးပြီး တစ်ယောက်က ရုတ်တရက် သူ့လက်ထဲက တံပိုးနဲ့ ဝမ်ရှုရှု ဆီ လှမ်းပစ်လိုက်တယ်
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romanceတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...