အခန်း ၃၁ တစ်ကမ္ဘာလုံးမှာ အသာယာဆုံး နတ်သမီးလိုအသံလေး
သူ့ကိုယ်က တစ်ခုခုမှားနေတာပဲ နေမှာ
သူ့ရဲ့ ခန္ဓာကိုယ်က ဖန်ကျားရင် နဲ့ပဲ သက်ဆိုင်ပြီးတော့ သူတို့ ပထမဆုံး အတူတူနေတဲ့ ည ကို သတိရနေမိတုန်းပဲ
"အားချန် ငါ နာနေပြီ "
သူအဲ့ဒီညက အရမ်းမူးနေပေမယ့် သူ့နားနဲ့ ဆတ်ဆတ် ကြားခဲ့ရတဲ့ အဲ့ဒီ ချိုသာတဲ့အသံလေးကိုတော့ သူဘယ်တော့မှ မေ့နိုင်မှာမဟုတ်ဘူး
"အားချန် ငါနင့်ကိုကြိုက်တယ်"
သူတို့ရဲ့ ဆက်ဆံရေးက တက္ကသိုလ် ပထမနှစ်မှာ စတင်ခဲ့တာ ဖြစ်ပြီးတော့ အာ့ဒီည မတိုင်ခင်ထိ သူမက သူ့ဘဝအတွက် မရှိမဖြစ်ဆိုတာမျိုး မဟုတ်ခဲ့ဘူး သူ့သူငယ်ချင်းတွေကလည်း အာ့ဒီအချိန်က အတွဲကိုယ်စီနဲ့ သူက တစ်ယောက်ယောက်ကို သူ့ကောင်မလေးအဖြစ် အလိုရှိနေတဲ့ အချိန် ဖန်ကျားရင်က သူတို့ ဌာနမှာ အလှဆုံးဖြစ်ပြီးတော့ သူမ အဆင့်တွေကလည်း ကောင်းတာကြောင့် သူတို့ တွဲဖြစ်ခဲ့ကြတာ
အဲ့ဒီည နောက်ပိုင်း သူဖန်ကျားရင်ကို အရမ်းချစ်မိသွားပြီး အရင်က သူ့အတွက် ရုပ်ရှင်ကြည့်တာ ညစာတူတူစားတယ်ဆိုတာ ပျင်းစရာအလုပ်ဆိုပေမယ့် ဖန်ကျားရင် ပျော်ဖို့ သူအကုန်လိုက်လုပ်ပေးခဲ့တယ်
အဲ့ဒါက "အားချန် ငါနာနေပြီ အားချန် ငါနင့်ကို ကြိုက်တယ်" ဆိုတဲ့ စကားတစ်ခွန်းကြောင့် သူအဲ့ဒါကို ချစ်ဖို့အကောင်းဆုံးလို့ ခံစားရတယ်
တခြားဟာတွေထက် အမျိုးသမီးတစ်ယောက်က သူ့ဘဝရဲ့ အဖိုးတန်ဆုံးအရာကို ပေးအပ်ခဲ့တာကြောင့်လည်း သူ သူမကို မြတ်နိုးတယ်
အတိတ်ကို သတိရရင်း ရေချိုးဖို့ ရေချိုးခန်းထဲ ဝင်လိုက်တယ် ရေအေးနဲ့ရေချိုးပြီးတော့ သူရေစိုစိုနဲ့ ကုတင်ပေါ် ထိုင်ချလိုက်တယ် ရုတ်တရက် တစ်ခုခုမှားနေတာကို သတိပြုမိပြီး အိပ်ရာအောက်ကို လှန်ကြည့်လိုက်တော့ စောင်တစ်ခုထပ်ခင်းထားတာ ကို တွေ့လိုက်ရတယ်
ငါသိသားပဲ ညနေက ဝမ်ရှုရှု ပြောထားတာကို သတိရပြီး သူနှုတ်ခမ်း အပေါ်ကို တက်သွားပြီး အဲ့ဒီအချိန်မှာ သူကျေနပ်ပျော်ရွှင်မှုကို ခံစားလိုက်ရတယ်
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romanceတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...