အခန်း ၂၆၄ ဝမ်းနည်းဖွယ်ရာကောင်းလှသည်
ချီလဲ့ သောကြာနေ့ပြန်လာခဲ့သည် ရွာကနေ ဒေသထွက်ကုန်တွေ သူ့ခရီးဆောင်အိတ်ထဲ ပေါက်ထွက်မတတ် သယ်လာခဲ့ပြီးတော့ပေါ့
ချီလဲ့ ယူလာတဲ့ဒေသထွက်ကုန်တွေကိုကြည့်ပီး အဘိုးဝမ် အတွေးတစ်ခုရလာခဲ့သည်
သူမအဘိုး ရွာကိုလွမ်းနေတာ ရှုရှုသိသည် သူမထက် သူ့ရဲ့မိသားစုတွေ ဆွေမျိုးတွေက အဲ့ဒီမှာနေကြပြီး အဲ့ဒီမှာပဲ ဆုံးပါးသွားကြတာပင်
ရှုရှုရဲ့ကံကြောင့်သာ သူ့အသက်အရွယ်နဲ့ တခြားမြို့ကိုလာနေရတာ တခြားမြို့မှာ အသက်မွေးဝမ်ူကျောင်းပြုရတာ မလွယ်ကူဘူး
အဘိုးအိုကို စိုက်ကြည့်ကာ စနောက်သလိုဖြင့် "အဘိုး သမီးလွန်ခဲ့တဲ့ရက်က အွန်လိုင်းမှာ ဖတ်မိတာ သမီးတို့ မွေးရပ်မြေက အခု အရမ်းကိုတိုးတက်လာပြီးတော့ လှပနေပြီ တကယ်လို့ သမီးတို့ မြို့မှာနေစရာမလိုတော့ရင် ရွာပြန်ပြီး TCM ဆေးခန်းဖွင့်ရအောင်"
အဘိုးအို ပြန်မဖြေခင် သူ့ပစ္စည်းတွေကို ထုတ်နေတဲ့ချီလဲ့က "အစ်မရှုရှု အကြံကောင်းပဲ အဲ့ဒါဆို ကျွန်တော်လည်း အဘိုးရဲ့ အလုပ်သင် ဆက်လုပ်လို့ရတယ်"
သူ့ရဲ့စကား မဆုံးသေးခင်မှာပဲ အဘိုးအိုက သူ့ရဲ့ စိတ်ကူးယဉ်နေမှုတွေကို ဖျက်ဆီးလိုက်သည်
"မင်းအပူမပါဘူး"ထို့နောက် ရှုရှု့ကို ခက်ထန်စွာကြည့်ကာ "လက်ထပ်ပြီးတဲ့ မိန်းကလေးက ပြန့်ကျဲနေတဲ့ နွားနို့လိုပဲ ပြန်ယူလို့မရဘူး ဘယ်ကိုသွားမယ်လို့ စဉ်းစားနေတာလဲ F and P က TCM ဆေးခန်းထက် ပိုမကောင်းလို့လား" (TCM -Traditional Chinese Medicine)
ဒေသထွက်ကုန်တွေကို ချကာ အားယူပြီး ထရပ်လိုက်သည် ရှုရှုနဲ့ချီလဲ့က သူ့ကို ကူဖို့ အပြေးသွားကာ လက်တဖက်စီကနေ မပေးလိုက်သည်
"ဆိုရိုးအတိုင်းပဲ ကြွေကျသွားတဲ့ သစ်ရွက်က သူ့အမြစ်တွေဆီ တနေ့ပြန်လာရမှာပဲ"ရှုရှု ရေခွက်ထဲ ရေထည့်ကာ ပြုံးရင်း အဘိုးကို ရေခွက်ပေးလိုက်သည်
အဘိုးခံစားရတာက သူ့စကားတွေက သူမအသက်အရွယ်နဲ့မသက်ဆိုင်သေးဘူးလို့ အဲ့ဒါက မသိရင် သူမဘဝမှာ အခက်အခဲတွေအများကြီးကြုံတွေ့ခဲ့ရတယ်လို့ ခံစားသွားရနိုင်တယ် သူ့ရဲ့ကြီးမာပြီး အရည်တွန့် နေတဲ့လက်တွေနဲ့ ရှုရှု့ လက်ကို ကြင်နာစွာ ပုတ်ကာ "ငါက အသက်ကြီးလာပြီ ညည်းတစ်နေရာရာကို သွားချင်ရင် သွားလို့ရတယ် ငါ့ကို သာတစ်ယောက်တည်းနောက်မှာ မထားခဲ့နဲ့"
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romanceတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...