အခန်း ၃၂၁ ဒီလိုဖြစ်မယ်မှန်းသိရင်သူနဲ့လိုက်သွားပါတယ်
သူတို့ချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေ တကယ်လို့ယောကျာ်းက တခြားမိန်းမနဲ့ ရှိနေပြီး အဲ့မိန်းမက တခါကသူအရမ်းချစ်ခဲ့ဖူးတဲ့သူဖြစ်နေရင် ကြီးမားတဲ့ ရာဇဝတ်မှုပဲဖန်ကျားရင် ရန်ရုချန်ကို လွှတ်ပေးရင်း မင်အားရှန်ကိုပြောလိုက်သည်။
“ဂရုစိုက်ဦး သူလုံးဝ မူးနေပြီ”သူမ အသံက စိုးရိမ်မှုတွေ အချစ်တွေ အပြည့်နဲ့
မင်အားရှန် ပြုံးရုံသာ ပြန်ပြုံးပြလိုက်သည်။ တခြား သူငယ်ချင်းတွေလိုပဲ ရန်ရုချန်အပေါ် သူမလုပ်ခဲ့တာနဲ့ ပက်သက်ပြီး ခွင့်မလွှတ်နိုင်ဘူး
အဲ့ဒါကြောင့် သူမကို စကားပြန်မပြောပေ
ရန်ရုချန်ကို ကူတွဲပေးလိုက်ကာ လမ်းမတဖက်ကိုလျှောက်သွားလိုက်သည်။
ဖန်ကျားရင်က ရန်ရုချန်ထွက်သွားတာကို ကြည့်ပြီး သူမရဲ့တောက်ပနေတဲ့မျက်ဝန်းနက်တွေက မျက်ရည်တွေနဲ့ တဖန်ပြည့်နှက်လာတော့သည်။
‘အဲ့ဒီနာမည်ပြောင်က သူမအတွက် အထူးသီးသန့်ပဲ မင်းငါ့ကို အဲ့လိုခေါ်ခွင့်မ
ပေးဘူး’‘အားချန် ရှုရှုခေါ်သလို အားချန်လို့ခေါ်လို့ရလား’
‘အိုခေ’
ဒီနေ့ထိ ဝမ်ရှုရှုခေါ်သလို သူမကိုခေါ်ခွင့်ပြုတုန်းက သဘောတူခဲ့တဲ့သူ့ရဲ့မျက်နှာက အပြုံးကို သူမခုထိ ရှင်းရှင်းလင်းလင်းမှတ်မိနေဆဲ
သူမကို ကြင်နာခြင်းတွေ အပြည့်နဲ့ကြည့်နေခဲ့တာ
သူမ ကသူနဲ့ မဆိုင်မှန်းသေချာ သိခဲ့ပြီးသား ဒါမဲ့မျှော်လင့်နေမိဆဲ
ဖန်ကျားရင် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။
‘အားချန် ငါနင့်ကို လက်မလွှတ်နိုင်သေးဘူး’
……..
ရှုရှုအလုပ်ပြီးတုန်း ရှိသေး သူမဖုန်းမြည်လာတော့သည်။ မင်အားရှန်ပင်
ရန်ရုချန် အရမ်းမူးနေတာကြောင့် တက်စီနဲ့ အိမ်ကို ပြန်ပို့လိုက်ပြီး သူ့အိမ်လိပ်စာကိုပေးလိုက်တာကြောင့် ရှုရှုကို ဝင်ပေါက်မှာ ခြံစောင့်ကိုစောင့်ခိုင်းထားစေချင်တာပင်
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romanceတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...