352

805 68 2
                                    

အခန်း ၃၅၂ ငတုံးမ မင်းကတကယ် ရူးနေတာပဲ

သူတစ်ခါမှမတွေးဖူးဘူး တနေ့ ဝမ်ရှုရှု အတွက် လစဥ◌်သုံးပစ္စည်းတွေ ဝယ်ပေးရလိမ့်မယ်လို့
ရှုရှု သူ့ကို 'ေဩာ်' ဟုပြန်ဖြေကာ အိတ်ကိုယူလိုက်ပြီး ထရပ်ကာ ပြောလိုက်သည် "သန့်စင်ခန်းသွားလိုက်ဦးမယ်"
ထို့နောက် ရန်ရုချန် မြင်ကွင်းကနေ ပျောက်သွားတော့သည်။
"မုဆိုးက ဝံပုလွေရဲ့ ဗိုက်ကို ကတ်ကြေးနဲ့ ဖြတ်ပြီးတော့ ဦးထုတ်နီလေးနဲ့ သူအဘွားကို ကယ်လိုက်တယ်တဲ့"
"ခဲအို မုဆိုးက ဝံပုလွေ ဗိုက်ထဲ ကျောက်တုံးတွေ အများကြီးထည့်ခဲ့တာ ကျန်ခဲ့တယ်"
......
ရှုရှုလျှောက်လာတော့ ရန်ရုချန် ဟွမ်ဟွမ်လေးကို ပုံပြင်ပြောပြနေတာကြားလိုက်ရသည်။ ပုံပြင်ကပြီးတောင်ပြီးခါနီးနေပြီ
ဟွမ်ဟွမ် သတိပေးတာကြားတော့ သခင်လေးရန်ရဲ့ကြည့်ကောင်းတဲ့မျက်နှာကို တချက်လှမ်းကြည့်လိုက်သည်။သူ့မျက်နှာ တဝက်ကိုပဲ မြင်ရပေမယ့် သူ့မျက်နှာက အခိုးအငွေ့တွေထွက်နေတာကိုတော့ ခံစားလို့ရသည်။
ဒီ မာနကြီးတဲ့ အမျိုးကောင်းသားလေးကအမြဲတမ်း သူများ အိုင်ကျုကို လှောင်လာတာ အခု ကလေးပုံပြင်တစ်ခုကို မမှတ်မိလို့ ကလေးလှောင်တာခံနေရပြီ
"ပုံပြင်တစ်ခုလုံး အလွတ်ရနေရဲ့သားနဲ့ ဘာလို့ ပြန်ပြောခိုင်းနေလဲ" အမျိုးကောင်းသားလေးက အားနည်းနေတဲ့ ဟွမ်ဟွမ်လေးကို ဒေါသတကြီးစိုက်ကြည့်ကာပြောလိုက်သည်။
ဟွမ်ဟွမ်က "ကိုကို အားဟန်ဆို အဲ့လိုပြောမှာ မဟုတ်ဘူး"
ရန်ရုချန် ဆွံအ....
'ဒီကောင် ကျန်းကျိုးဟန်' သူ့ရဲ့ကျက်သရေမရှိတဲ့တည်ရှိမှုက နေရာတိုင်းမှာပဲ
ရှုရှုတကယ်ပဲ အမျိုးကောင်းသားလေးရဲ့စိတ်ရှည်မှုကို အရမ်းမျှော်လင့်ထားမိတာပဲ
သူတို့စီလျှောက်သွားကာမေးလိုက်သည်"နင်ချောကလက်ပါဝယ်လာတာပဲ ငါ့အတွက်လား ဟွမ်ဟွမ် အတွက်လား"
ရန်ရုချန်ချောကလက်ဘူးတွေကို ကြည့်ကာ "စေ◌ျးချနေလို့"
ရှုရှု သူမကိုယ်သူမ တိုးတိုလေးရေရွတ်လိုက်သည် "အဲ့ဒါကြောင့် နင်အရမ်းတွေးခေါ်တတ်ပြီး ဟွမ်ဟွမ်ဆီလာလည်တာ လက်ဆောင်ပါဝယ်လာတယ်ထင်နေတာ"
ရန်ရုချန်နောက်တခါ ဆွံအသွားပြန်သည်။
သူက စေ◌ျးချတဲ့ချောကလက်ကို တကယ်ဝယ်စရာလို့လိုလား သူက သက်လတ်ပိုင်းအဒေါ်ကြီးတွေလို စူပါမားကတ်ဝင်ပေါက်မှာ စေ◌ျးချထားတဲ့စားသောက်ကုန်တွေကိုဝယ်မယ့်သူလို့ ထင်နေတာလား
သေချာတာပေါ့ သူမက အရုပ်တွေကြိုက်လို့သူဝယ်လာတာလေ အဓိကက အမွှေးရုပ်ကိုပဲ ဘာလို့ သဘောမပေါက်ရတာလဲ
'ငတုံးမ မင်းက တကယ်တုံးတာပဲ'
"ဒါမဲ့ ဒီအမွှေးပွရုပ်ကတကယ်ချစ်စရာလေး ဟွမ်ဟွမ်နဲ့ကွတ်တိပဲ" ရှုရှု ဝက်ဝံရုပ်ကို ဟွမ်ဟွမ်ရှေ့ပြကာ ပြုံးပြီးမေးလိုက်သည် "သဘောကျရဲ့လား"
သခင်လေးရန် ဝက်ဝံရုပ်ကို စိုက်ကြည့်ရင်း ဘာပြောရမှန်းမသိတော့
သူသွားလေ့မရှိတဲ့ စတိုးဆိုင်ကနေ သတ္တိတွေစုပြီး ဝက်ဝံရုပ်ရဖို့  ဒစ်စကောင့်ချထားတဲ့ချောကလက်တွေကို ဝယ်ခဲ့ရတာ သူမက တခြားသူကိုပေးပစ်လိုက်တယ်
ဒီအရူးမက သူ့ကိုသေအောင်လုပ်နေတာပဲ
ရှုရှု အရုပ်ကို ဟွမ်ဟွမ်ခေါင်းအုံးဘေးချကာ ထွက်သွားမယ့်ပုံမပေါ်တဲ့ ရန်ရုချန်ဘက်လှည့်လိုက်ပြီး "နင်မပြန်သေးဘူးလား"
ရန်ရုချန်က "မင်းနဲ့တူတူနေပေးမယ် အရင် အိပ်နှင့်"
သူ့အသံက ပြောင်းလဲမယ့်ပုံမပေါ်
ရှုရှု မျက်မှောင်ကြုတ်ကာ "ငါအဆင်ပြေပါတယ် နင်ဒီရက်ပိုင်းတွေကောင်းကောင်းမနားရသေးဘူးမလား အိမ်ပြန်တော့"
ရန်ရုချန်က မလှုပ်မယှက်
သူ့လက်မောင်းကို ကိုင်ကာ ဆွဲလိုက်ပြီး "နင်ပြန်တော့လို့ မနက်ရုံးတက်ဖြစ်မှာ မဟုတ်ဘူးအဲ့ဒါကြောင့် နင်အလုပ်ကိုစောစောသွားရမယ်နောက်မကျစေနဲ့"
သူမလက်က အရမ်းအေးစက်နေတာကို ရန်ရုချန်ခံစားမိတော့ သူကြောင်သွားသည်။
'ဘာလို့ အရမ်းအေးစက်နေရတာလဲ'
အရူးမ ကျန်းမာရေးက အစကတည်းက မကောင်းပါဘူးဆို တညလုံးနေချင်သေးတယ်
"ဝမ်ရှုရှု အခုသွားအိပ်တော့" သူမနဲ့ထပ်ရန်မဖြစ်ချင်တော့တာကြောင့် သူမကို မကာ ဆိုဖာဆီလျှောက်ပြီး ဆိုဖာပေါ်တင်လိုက်သည်။
သူ့ကုတ်အကျီကို ချွတ်ကာ သူမကို ခြုံပေးလိုက်သည်။
"အာာာ...." ရှုရှု တစ်ခုခုပြောမလိုလုပ်ပေမယ့် ရန်ရုချန်က သူမနှုတ်ခမ်းကို သူ့နှုတ်ခမ်းနဲ့ ပိတ်ပေးလိုက်သည်။

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now