အခန်း ၅၆ သူမက ပိုစကားများလာတာပဲ
နာမည်ကြားတော့ ရန်ရုချန်နဲ့ ဝမ်ရှုရှု ပါးစပ်ဟပြီး အံဩသွားတယ်
ရှုရှု မျက်မှောင်ကြုတ်ကာ အဲ့ဒါ ရန်ရုချန် အမေ မဟုတ်ဘူးလား
Miss မူလိ အဲ့ဒါ ဒုတိယသခင်မ ရန် မလား
သူမက မြို့တော် Y က တက္ကသိုလ်တစ်ခုမှ စာသင်နေတာ မဟုတ်ဘူးလား မြိုတော် F မှာ ဘာလို့ ရှိနေတာလဲ
သူမလှည့်ပြီးရန်ရုချန်ကို မေးသလို ကြည့်လိုက်သည်
ရန်ရုချန်က မျက်နှာမဲနေပြီး အံဩတဲ့ပုံမပြဘူး
သူက ဒုတိယ သခင်မ ဒီမှာရှိတာ သိပြီးသားလားသူမက သတ်လတ်ပိုင်း သားတစ်ယောက်တောင်ရှိနေတာ ဘာလို့ Miss ဖြစ်နေရသေးတာလဲ
ရန်ရုချန် သူ့အမေရင်းကို စိတ်ထဲက ရယ်လိုက်ပြီး ကားဆီလျှောက်သွားလိုက်သည်
ဝမ်ရှုရှု နောက်က လိုက်ပြီး ကားထဲ ဝင်ထိုင်လိုက်သည်
ရန်ရုချန် စကားတစ်ခွန်းမှ မပြောဘဲ ထိုင်ခုံ ခါးပတ်ပတ်လိုက်တယ် သူမပြောမှတော့ ဝမ်ရှုရှုလည်း ဘာမှမပြောတော့ဘူး
ကားဆရာက ခရီးဆောင်အိတ်ကို ထည့်လိုက်ပြီး ကားမောင်းလိုက်တယ်
ကားမောင်းနေရင်း အပေါ်မှန်ကနေ ဝမ်ရှုရှုကို လှမ်းကြည့်ပြီး မေးလိုက်တယ်
"မင်းက Miss ဝမ်မလား"
ဝမ်ရှုရှု ပြုံးပြပြီး ခေါင်းငြိမ့်လိုက်တယ်" ကျွန်မက ဝမ်ရှုရှုပါ"
"Miss မူလိက မင်းလာမယ်ဆိုတာသိလို့ ကိုယ်တိုင် ဟင်းတွေချက်ထားတယ်
"အာ" ဝမ်ရှုရှုတွေးနေတာ အန်တီ မူလိ က သူမလာမယ်ဆိုတာ ဘယ်လိုသိတာလဲ
သူမ အန်တီမူလိ ကို မတွေ့တာ တစ်နှစ်ကျော်ပြီ သူမရန်ရုချန်ကို ကြည့်လိုက်တော့ မျက်စိမှိတ်လျက် မျက်မှောင်ကြုတ်နေတာကိုတွေ့လိုက်ရတယ် ကားမူးနေလို့လား ဝမ်ရှုရှုနဲ့ ဗနား စကားပြောတာကြောင့်လားဆိုတာတော့ ဘယ်သူက သိမှာလဲ
"Miss မူလိ ပြောတာ မိန်းကလေးဝမ်က ထူးခြားတဲ့ဧည့်သည်တဲ့ သူမ ချဲ့ကားပြောတာမဟုတ်ဘူးပဲ မင်းက တကယ်ကို လှတာပဲ"
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romansaတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...