357

631 43 0
                                    

အခန်း ၃၅၇ အမြန်ကလေးတစ်ယောက်ရအောင်လုပ်
ဟွမ်ဟွမ်က ရန်ရုချန်ကို မြင်တော့ ထိုင်ခုံကနေ သူ့စီပြေးသွားခဲ့သည်။
ခုနက ရှုရှုသူ့ကိုပြောထားတာက ဒီအိမ်က သူမနဲ့ခဲအိုပိုင်တာဟု သူအနားမှာရှိတိုင်း မျက်နှာချိုသွေးပြီးနေလို့ ခဲအိုသာ သူမကို ချစ်ရင် အစားအသောက်ကောင်းတွေ ဝယ်ကျွေးလိမ့်မည်ဟု
ရန်ရုချန်ကို ဟွမ်ဟွမ် စိတ်အားထက်သန်စွာပြုမူနေတဲ့ပုံကို မြင်တော့ ရှုရှုပြုံးကာခေါင်းခါလိုက်သည်။ ကလေးတွေအတွက် အစားအသောက်ကတကယ်ဆွဲဆောင်နိုင်တာပဲ
ကလေးမလေးက ရန်ရုချန်စီပြေးကာ သူ့ခြေထောက်ကိုဖက်လိုက်သည်။ ခေါင်းမော့ကာ ကြည့်လိုက်ပြီး "ခဲအို မမရှုရှုက သမီးတို့ကို ကြက်ကြော်စားဖို့ခေါ်သွားမယ်တဲ့"
'မမရှုရှုက သူတို့ကို ခေါ်သွားမယ်ဆိုတာဘာကိုပြောတာလဲ' ရန်ရုချန် ကြောင်သွားသည်။ ရှုရှု သူတို့ကိုခေါ်သွားပေးဖို့မှ မလိုတာ
သခင်လေးရန် ကလေးမလေးစကားကြောင့် စိတ်ထဲမပျော်တော့ ဒူးကွေးကာ သူမမျက်နှာလေးကိုထိလိုက်ပြီး အမှန်ပြင်ပေးလိုက်သည်။ "ငါကသာ ညည်းတို့နှစ်ယောက်လုံးကိုခေါ်သွားပေးမယ့်သူ"
ရန်ရုချန် စနေတာဟု သာရှုရှုတွေးလိုက်မိသည်။
ဘာလို့လူမျိုးက ဘာလို့ သူတို့နဲ့တူတူ ကြက်ကြော်ဆိုင်သွားမှာလဲ
"သူ့ကို ခနခေါ်ထားပေးလို့ရလား ငါညစာ ပြင်နေတာ ရတော့မယ်" မီးဖိုချောင်ထဲကနေ လှမ်းပြောလိုက်သည်။
"ဘာဟင်းတွေချက်နေတာလဲ" ရန်ရုချန် ကိုယ်ကိုမတ်ကာ ဟင်းသီးဟင်းရွက်နဲ့အသားတွေကို ချက်နေတဲ့ ရှုရှုကို ကြည့်ကာပြောလိုက်သည်။ သူ့မျက်နှာက ချက်ချင်း တောက်ပလို့
ကောင်တာကိုလျှောက်သါားကာ ချက်ပီးသား ဟင်းထဲက ဟင်းသီးဟင်းရွက်တချို့ကို ပါးစပ်ထဲ ပစ်သွင်းလိုက်ပြီး ခနဝါးကာ ရှုရှုကို ကြည့်ပြီးဝေဖန်တော့သည် "ဆိုးလိုက်တာ"
ရှုရှု ဒေါသထွက်သွားကာ "ထွက်သွား"
..............

သောကြာနေ့မနက်အစော ရှုရှု ဟွမ်ဟွမ်ကို ဆေးရုံမှာ စစ်ဆေးဖို့ခေါ်သွားခဲ့သည်။ ဆရာဝန်ကအပြည့်အဝနေကောင်းပြီဟု ပြောသည်။
ဂေဟာမှူးကို ဖုန်းဆက်ကာ သတင်းကောင်းပြောပြလိုက်သည်။ ဟွမ်ဟွမ်ကနေကောင်းနေပြီဖြစ်တာကြောင့်ဂေဟာမှူးဟွမ်က သူမကိုစနေနေ့ လာခေါ်မည်ဟုပြောသည်။
ဒါပေမယ့် ရှုရှုက ဟွမ်ဟွမ်နဲ့မခွဲချင်သေးတာကြောင့် ဂေဟာမှူးနဲ့ပြောပြီး သူမကိုယ်တိုင် တနဂ်နွေနေ့ကျ ပြန်ပို့ပေးမည်ဟုပြောလိုက်သည်။
ဆေးရုံကထွက်လာတော့ ရှုရှု ရုံးပြန်ရမှာ ဖြစ်တာကြောင့် အန်တီကျန်းကို ဟွမ်ဟွမ်နဲ့တူတူ အိမ်ပြန်ခိုင်းလိုက်သည်။အန်တီကျိုးကို မှာစရာရှိတာမှာပြီးတော့ ဟွမ်ဟွမ်ကို ပြုံးပြကာ "ဟွမ်ဟွမ် အန်တီကျန်းနဲ့ အိမ်ပြန်လိုက်သွားပြီး လိမ်လိမ်မာမာနေနော် မနက်ဖန် အဝတ်အစားသစ်တွေနဲ့ ကြက်ကြော်သွားဝယ်စားကြမယ်"
ဟွမ်ဟွမ်ခေါင်းငြိမ့်ပြကာ "ဟုတ် တာ့တာ မမရှုရှု"
ကလေးမလေးရဲ့ ချစ်စဖွယ်မျက်နှာလေးက အားအင်အပြည့်နဲ့ တောက်ပလို့နေသည်။
..............
စနေနေ့ မနက်အစောမှာတော့ ရှုရှု ဟွမ်ဟွမ်ကိုအပြင်ခေါ်လာခဲ့သည်။ ရန်ရုချန်က သူ့စီးပွားဖက်တွေနဲ့ အစည်းအဝေးရှိနေတာကြောင့် မအားလပ်ပေ
ကားထဲဝင်ကာ ခါးပတ်ပတ်ပြီးတော့ ရန်ရုချန်စီက စာရလိုက်သည်။
"ပြီးရင် လာရှာမယ်"
ထိုစကားတွေက ရှုရှု့ ရင်ကိုနွေးထွေးသွားစေသည်။ 'အိုခေ' ဟုပြန်ပြောပြီး စက်နှိုးလိုက်သည်။
ကျိုးရှင်းနဲ့တွေ့ဖို့ စီစဥ◌်ထားတာကြောင့် ကားဆရာနဲ့ အကူကိုခေါ်မလာခဲ့
ကျိုးရှင်းက နိုင်ငံခြားခရီးသွားပြီး ပြန်ရောက်ခါစပင် ဒီမနက် ၁၀ နာရီလောက်ကမှ မြို့တော်ကိုပြန်ရောက်တာပင် ထို့ကြောင့် သူမရှုရှုနဲ့ဟွမ်ဟွမ်ကိုနေ့လည်မှသာတွေ့နိုင်သည်။
တမနက်လုံး  ရှုရှု ဟွမ်ဟွမ်ကိုခေါ်ကာ လျှောက်လည်နေခဲ့သည်။ အဝတ်အစား အသစ်တချို့နဲ့ မုန့်တွေလျှောက်စားကာ ဂေဟာကကလေးတွေအတွက် ဝယ်ခဲ့သေးသည်။
နေ့လည် ၁ နာရီလောက်ကျ ရှော့ပင်းမောလ်မှာ ကျိုးရှင်း ရှုရှုနဲ့ဟွမ်ဟွမ်ကို လာတွေ့သည်။
ကလေးဇုန်ထဲက ကလေးကစားကွင်းကို ဟွမ်ဟွမ်ကိုခေါ်သွားကြသည် ကလေးတွေပဲဝင်ခွင့်ရှိတာကြောင့် သူတို့တွေ အပြင်မှာစောင့်နေကြသည်။
ကစားကွင်းထဲမှာ ဟွမ်ဟွမ်က ကျည်ဆံလိုပင် ရှုရှု သတိထားဖို့မှာနေရသည်။
ကျိုးရှင်းက သူမကို ကြည့်ကာ "နင်ဒီလောက်ကလေး တွေ သဘောကျတာ ရန်ရုချန်နဲ့ကလေးတစ်ယောက် မြန်မြန်ယူတော့"

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now