အခန်း ၃၂၉ သူက ငါ့လောက်ကြည့်မကောင်းဘူး
ဒါမဲ့ အဲ့ဒါက သူမကို မုန်းလို့ သူမ တခြားသူတွေနဲ့ပျော်နေမှာကို မမြင်ချင်လို့မဟုတ်ဘူးလား
တကယ်ပဲ သူမကျောင်းနားက ဆိုင်ကိုပဲ ရွေးတယ်ဆိုတာ သူမက အစာစားဖို့အတွက် အဝေးကြီးကိုသွားရမှာ ပျင်းလွန်းတာကြောင့်ပင်
အဘွားက သူမနဲ့ထမင်းတူတူစားဖို့ အမြဲ သတိပေးနေတာကြောင့်လည်းပါသည်။
သူ့စိတ်တွေ အကုန်ပတ်ချာလည်နေကာ ဒီလောက်နှစ်တွေ အကြာကြီး ရှုရှုဘဝထဲ ဝင်စွက်ဖက်တာတွေကို သူသေချာမခွဲခြားနိုင်တော့
သူချစ်တာက ရှုရှုပါဆိုတာ သိဖို့ နှစ်တွေ အကြာကြီး လိုခဲ့တာလား
တကယ်လို့ အဲ့လိုဆို ဖန်ကျားရင် အပေါ် သူ့ခံစားချက်တွေက ဘာလဲ
သူတကယ် စိတ်ရှုပ်လာတာကြောင့် အိမ်ပြန်လိုက်တော့သည်။သူအိမ်ထဲ ခြေချလိုက်တာနဲ့ သူ့မျက်စိရှေ့က အမျိုးသမီးက သူ့ကိုချက်ချင်း စိတ်ပူလာစေတော့သည်။
သူ တံခါးမှာ ရပ်ကာ သူမကိုသေချာကြည့်နေသည်။
ရှုရှုက ခုမှညစာစားပြီးတာပင် သူမ သူမရဲ့ကာတွန်းညအိပ်ဝတ်စုံကိုဝတ်ထား
ကာ ခေါင်းလျှော်ထားတဲ့ ဆံပင်လေးက ပိုးသားလိုချောမွေ့လို့နေသည် ဆိုဖာပေါ်မှာ ခြေချိတ်ထိုင်ကာ လက်ထဲမှာ စာအုပ်တစ်အုပ်ကိုင်ထားပြီး သူမရဲ့တောက်ပ ကြည်လင်နေတဲ့ မျက်လုံးတွေက ရုပ်မြင်သံကြားမျက်နှာပြင်ပေါ်ကို ကော်ကပ်ထားသလိုကြည့်လို့နေသည်။ဇာတ်ကားကြည့်နေတဲ့ ပုံစံလေးကတောင် ဘာလို့ အရမ်းညို့နိုင်နေရတာလဲ
ရန်ရုချန်ရဲ့လေးနက်တဲ့မျက်လုံးတွေမှာ ကြင်နာမှုအပြည့်နဲ့သူ့မျက်နှာက အပြုံးက သူ့မကို ကြည့်ရင်း နွေရာသီမှာ ပန်းတွေပွင့်လာသလို တောက်ပပြီး ကြည့်ကောင်းလှသည်။
‘ဝမ်ရှုရှု ငါဘာလုပ်သင့်လဲ’
‘ကြည့်ရတာ မင်းက ငါ့စိတ်ထဲမှာ ဟိုးအရင်ကတည်းကနေရာယူခဲ့ပြီးပြီထင်တယ်’
သူစာတွေအများကြီး ခိုးခဲ့ပြီးတော့ သူမကို ပိုးပန်းနေတဲ့သူတွေကို လိုက်ချောင်းတယ် ဘာလို့လဲ ဆိုတော့ သူမဘဝထဲဝင်ဖို့တခြားဘယ်သူ့ကိုမှနေရာမပေးချင်လို့ပဲ
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Storie d'amoreတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...