221+222+223+224+225

1.6K 167 3
                                    

အခန်း ၂၂၁ နင်လည်းစောစောနားသင့်တယ်

သူတွေးမိတာနဲ့ ရှုရှု့နံပါတ်ကို ဖုန်းခေါ်လိုက်သည်

ရှုရှုက ရေချိုးပြီး နွားနို့သောက်မလို့ရှိသေး ဖုန်းမြည်လာတော့သည် ခေါ်တဲ့သူနာမည်မြင်တာနဲ့ ချက်ချင်းမျက်မှောင်ကြုတ်လိုက်မိသည်

နှစ်ယောက်လုံးအိမ်မှာရှိနေတာကို အော်ခေါ်လိုက်ရနေတာပဲ

သူမ ဖုန်းကိုင်ကာ အတွင်းရေးမှူးလေသံဖြင့် "ဥက္ကဌရန်"

"ကော်ဖီဖျော်လာခဲ့"

ရန်ရုချန် သူမကို ခပ်တည်တည်​အမိန့်ပေးလိုက်သည်

ဒီချိန်ကြီးကျမှ ကော်ဖီသောက်ချင်တာလား တစ်ညလုံး မအိပ်ဘဲနေမလို့လား

ရှုရှုစိတ်ထဲကနေ တိတ်တိတ်လေးကျိန်ဆဲလိုက်ပေမယ့် အပြင်မှာတော့ နာခံစွာဖြင့် "ဟုတ်ကဲ့" ဟု ပြန်ဖြေလိုက်သည်

အလုပ်မှာ အသေးစိတ်နဲ့အစီအစဉ်တကျလုပ်ဆောင်တတ်သလို ရှုရှုက ချစ်ဖို့ကောင်းစွာနဲ့ ကော်ဖီဖျော်ရင်လည်း စိတ်ပါလက်ပါစွာ သေချာဖျော်တတ်သည်

သူမဖျော်တဲ့ကော်ဖီနဲ့လက်ဖက်ရည်က ရန်ရုချန်သောက်ဖူးသမျှထဲ အရသာအရှိဆုံးပင် ဘယ်သူမှ သူမကို မယှဉ်နိုင်ဘူး

ကော်ဖီနံ့ကိုရလိုက်တာနဲ့ သူမနွားနို့ပိုထည့်လာတာ သူသိလိုက်တယ် သူ့အမူအရာကိုမြင်တော့ ရှုရှုအမြန် "ကော်ဖီက နှလုံးအတွက်မကောင်းဘူး ညဘက်သောက်တာ ပိုဆိုးတယ် ကာဖိန်းဓာတ်ကို လျှော့သောက်သင့်တယ်"

ပြီးတော့ ဆေးလိပ်ပြာတွေနဲ့ပြည့်နေတဲ့ သူ့ဆေးလိပ်ပြာခွက်ကိုကြည့်တာ "နင်ဆေးလိပ်လည်းမသောက်သင့်တော့ဘူး"

သူမ မျက်ခုံးမြင့်ကာ ရန်ရုချန်ကို လိမ်မာပါးနပ်စွာ ကြည့်လိုက်ပြီး "ကျန်းမာတဲ့ကလေးရရှိဖို့အတွက် ဥက္ကဌရန်က ဒီလို အသေးအဖွဲ့ လေးတွေကို စွန့်လွှတ်နိုင်တယ်မလား"

ဖြူစင်တဲ့အပြုံးလေးနဲ့ နှုတ်ခမ်းကိုဖိကာ ပြောလိုက်သည်

သူမရဲ့နူးနူးညံ့ညံ့ပြောပုံနဲ့ အပြုံးက ရန်ရုချန်စိတ်ထဲ ကြီးမားတဲ့ငလျင်လှိုင်းတွေ ရန်ရုချန်ရင်ထဲ တိုက်ခတ်သွားသလိုပင်

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now