Chapter 314

829 74 0
                                    

အခန်း  ၃၁၄  ဦးနှောက်ကို ခံစားချက်တွေ မဖုံးလွှမ်းစေနဲ့
တကယ်တန်း ဘာက အစစ်လဲ အတုလဲ သူမ မခွဲခြားနိုင်တော့
နောက်ပိုင်း သူတို့ အရမ်းချစ်ကြတဲ့ အတွဲတွေလို တူတူအချိန်ကုန်လာတော့ သူ့အတွေးတွေ ဘာတွေ လုပ်ချင်နေလဲဆိုတာ သူမမခန့်မှန်းတတ်တော့
သူ့သရုပ်ဆောင်စွမ်းရည်တွေ တိုးတက်လာတာလည်း ဖြစ်နိုင်ပါတယ်
ရှုရှုပြောတာကြားတော့ သခင်လေးရန် ပိုအံကြိတ်ကာ သူမကိုအော်တော့သည် “ငတုံးမ ဘယ်ဟာက မင်းအတွက်ကောင်းမှန်းတောင် မသိဘူး”
သူမကို ပထမနေရာမှာ မထားရင် သူမကို ဂရုစိုက်နေမလား သူ့အချိန်တွေကို သူမအတွက် ကလေးဆန်တာတွေ လုပ်ပြီး အချိန်ဖြုန်းမလား
‘အရူးမ’
“ဟမ့်” သူမကို စော်ကားဖို့ တူညီတဲ့ စကားကိုပဲ သုံးလိုက်သည်။
‘အရူးမ ငတုံးမ ကလွဲပြီး တခြားခေါ်စရာ မရှိတော့ဘူးလား’
ဒါမဲ့ သူသူမကို ငတုံးမလို့ခေါ်လိုက်တိုင်း သူမခံစားရတာက အဲ့ဒါက အရမ်း………ချစ်ဖို့ကောင်းတယ်လို့
ပြုံးလိုက်ကာ “နင်ရူးနေတာလား နင် ငါ့ကို သူနဲ့သွားခိုင်းရင်တောင် ငါကနင့်ကို အဲ့လိုလုပ်ခွင့်ပြုမယ်ထင်နေလား ငါက နင့်ရဲ့ လူသုံးကုန်ပစ္စည်းလည်းမဟုတ်ဘူး ငါကို ကြုံရာလူနဲ့ လွှင့်ပစ်လိုက် ပေးလိုက်လို့မရဘူး”
“ဟမ့်” ရန်ရုချန် နှာမှုတ်ကာ “အခွင့်အရေးနည်းနည်းလေးတောင် ရမယ်မထင်နဲ့”
ပြီးတော့ ကမ္ဘာကို ကယ်တင်မယ့် စာချုပ်ဆိုရင်တောင် သူသွားပြီး ဖျက်စီးပစ်မှာပဲ
ရှုရှု ကြောင်သွားသည်။
‘ဒီကောင် မြင်းလိုပဲ ခေါင်းမာလိုက်တာ’
“ဟုတ်ပြီ ငါမနက်ဖြန် မြို့တော် Y ကို ဖုန်းခေါ်ပြီးတော့ ဒီကိစ္စကို ပြန်ဆွေးနွေးလို့ ရမလားမေးကြည့်လိုက်မယ် ဒီပူးပေါင်းမှုနဲ့ ပက်သက်ပြီး အကျိုးအမြတ်က ကြီးတော့ သူတို့ ပြန်စဥ◌်းစားပေးမှာပါ”
ထိုသို့ပြောကာ လျှောက်လာပြီး သူ့ရဲ့ခွက်အလွတ်ကို ယူကာ “ရေသောက်မလား ဒါမှ မဟုတ် တစ်ခုခုသောက်ချင်လား”
ရန်ရုချန် သူမလက်ကောက်ဝတ်ကို ကိုင်ကာ ဒေါသတကြီး စိုက်ကြည့်ပြီး “ဝမ်ရှုရှု ငါသတိပေးလိုက်မယ်နော် မင်းအဲ့ဒီ လူဖြူကောင်နဲ့ သီးသန့် ဆက်သွယ်တာမျိုးရှိကြည့် မင်းကို အရေခွံစုတ်ပစ်မယ်”
ရှုရှု မျက်ခုံးမြှင့်ကာ “နင့်ဦးနှောက်ကို ခံစားချက်တွေ မဖုံးပစ်ပါနဲ့လား”
“မင်းမနေ့ညက အိပ်တာ အရမ်းစောတယ်” ရုတ်တရက် ရန်ရုချန် ခေါင်းစဥ◌်ပြောင်းသွားကာ သူမလက်ကို အားနဲ့ကိုင်ပြီး သူ့အပေါ်ကို လှမ်းဆွဲလိုက်သည်။
သူ့အသက်ရှုသံက နီးလာကာ သူ့နှုတ်ခမ်းနဲ့ နှာခေါင်းက သူမ ပါးနားကပ်လို့နေသည် သူမျက်လုံးကိုမှိတ်ကာ ထိုအနေအထားနဲ့သူမ ကိုယ်သင်းနံကို ရှုရှိုက်လို့နေသည်။
ရှုရှု မျက်နှာ ယားလာကာ ခုခံတော့သည်။
“ရန်ရုချန် အခုက အလုပ်ချိန်ကြီးနော် ပြီးတော့ အခုက ရုံးခန်းထဲမှာ ဆင်ခြင်ပါဦး”
သူမအသံက စနောက်နေသလို နူးညံ့လို့နေသည်။
“အဲ့ဒါဆို အခန်းထဲ သွားကြမယ်” ရန်ရုချန်ရဲ့လေးနက်တဲ့အသံက သူမကို ညို့ယူလို့နေသည်။
သူမမှာ သူ့ကိုခုခံဖို့ အားမရှိ
ရန်ရုချန် ရှုရှု ခြေထောက်တွေကို သူ့ခါးမှာ တွယ်ကာ အခန်းစီ ဦးတည်လိုက်သည်။
‘အို ဘုရားသခင် သူတကယ် ကြီးပြောနေတာပဲ’
ရှုရှု ကြောက်လန့်တကြားမျက်လုံးပြူးလာတော့သည်။ သူ့နောက်ကို အားရပါးရထုကာ “ဟေ့ ရန်ရုချန် ရူးချင်ယောင်မဆောင်နဲ့ အလုပ်တွေအများကြီး ပြီးဖို့ ကျန်သေးတယ်”
ရန်ရုချန် ခေါင်းငုံ့ကာ သူမကို ကြည့်လိုက်ပြီး “ကလေးရအောင် လုပ်တာထက် ဘာမှ အရေးမကြီးဘူးလို့ ငါထင်တယ်”
ထိုသို့ပြောပြီး ရှုရှု့ကို အိပ်ရာကြီးပေါ်ကို လွှင့်ပစ်လိုက်သည်။
ထို့နောက် သူမကို သူ့ကိုယ်နဲ့တက်ဖိတော့သည်။
ရှုရှုက “ရန်ရုချန် နေ့ခင်းကြောင်တောင်ကြီးတောင် နင်မလုပ်ဘဲနေလို့မရဘူးလား”
ရန်ရုချန် မကောင်းဆိုးဝါးဆန်စွာ ပြုံးကာ “နေ့လည်မှာ လုပ်တဲ့ အတွေ့အကြုံလိုချင်လို့”
ရှုရှု သူ့ကို အမြင်ကပ်သလို တချက်လှမ်းကြည့်လိုက်သည် အရင်က နေ့လည်ဘက်တွေ သူတခါမှ မလုပ်ဖူးဘူးဆိုဘယ်သူမှ ယုံမှာ မဟုတ်ဘူး”
“ရန်ရုချန် အရူးလုပ်နေတာ ရပ်တော့ ခန်းဆီးတွေတောင် မပိတ်ရသေးဘူး” သူမ ပြတင်းပေါက်ကို ကြည့်လိုက်တော့ ကောင်းကင်မှာ ငှက်တွေ ပျံနေကြတာကို တွေ့လိုက်ရသည်။

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now