226+227+228+229+230

1.6K 180 1
                                    

အခန်း ၂၂၆ နင်နေ့လည်ခင်း တရေးအိပ်ချင်နေတာမဟုတ်ဘူးလား

သူခန္ဓာကိုယ်က ထပ်ပြီး သည်းမခံနိုင်တော့ တဖြည်းဖြည်း ရှုရှုခန္ဓာကိုယ်ပေါ်ဖိလိုက်တော့သည် သူတို့ကြားမှာ အဝတ်တွေရှိနေသေးပေမယ့် တစ်ယောက်ချင်းရဲ့ခန္ဓာကိုယ်ရဲ့နွေးထွေးမှုကို ခံစားလို့ရနေသည်

ဖြစ်သင့်တဲ့အရာက ဖြစ်မှာပဲ ရှုရှုအရှုံးပေးလိုက်သလို မျက်လုံးကိုမှိတ်လိုက်ပေမယ့် သူမခေါင်းရင်းက လည်ဆွဲကို သတိရလာမိသည်

ရန်ရုချန် သူမရဲ့နီရဲနေတဲ့ပါးနဲ့ သူမကိုလည်ပင်းကို နမ်းရှိုက်လို့နေသည် သူအနမ်းတွေက အရမ်းကို နူးညံ့နေပြီးတော့ သူမကိုပါအံသြစေတဲ့အထိ

"မင်းက ငါ့အပိုင် တသက်လုံး ငါ့အပိုင်ပဲ...."

"အားချန်" ရုတ်တရက် ရှုရှု မျက်ရည်တွေအပြည့်နဲ့ မျက်လုံးပွင့်လာခဲ့သည်

ရုတ်တရက် ရန်ရုချန် တန့်သွားကာ သူမရဲ့မျက်နှာကို မကြည့်ပဲနဲ့ သူမငိုနေမှန်း ပြောနိုင်သည်

သူမငိုနေတာမြင်တော့ သူစိုးရိမ်သွားသည် "ဘာလို့ငိုနေတာလဲ"

သူမမျက်ရည်တွေကို သူ့လက်နဲ့သုတ်ပေးကာ စိုးရိမ်ခြင်းတွေ နူးညံ့ချစ်ခင်ခြင်းတွေ အပြည့်နဲ့ပင်

ဒါပေမယ့် အံသြစရာကောင်းတာက သူစိတ်မတိုသွားတာကိုပဲ

"ငါ့စိတ်ထဲမှာ ဒီအတွေးတွေနဲ့ပဲ လွှမ်းမိုးနေတယ်"
ရှုရှု့ အသံကွဲအက်စွာပြောကာ သူ့လက်ကို ဖယ်ထုတ်လိုက်သည် သူ့ကိုအဝေးကို တွန်းထုတ်လိုက်ပြီး အိပ်ရာဘေးကို ထသွားလိုက်သည်

သူမအသံက စိတ်ကောက်သွားသလိုပင်

ရန်ရုချန်က သူမကို အလွယ်တကူလွှတ်မပေးနိုင်ပေ သူမနောက်ကိုကပ်ကာ ခါးကိုဖက်လိုက်ပြီး သူမနားနားကပ်ကာ မေးလိုက်သည် "အဲ့ဒါဆို စိတ်ထဲ ဘာအတွေးတွေ ဝင်လာတာလဲ ဘာကို စိတ်ဆိုးတာလဲ"

ရန်ရုချန် လေသံက နွေးထွေးလွန်းလှသည်

ရှုရှုစိတ်ထဲ အူမြူးလာမိသည် တချိန်တည်းမှာပဲ သူ့မေးခွန်းကြောင့် အံသြမိသည် သူမလွတ်မြောက်ဖို့ နေရာမရှိပေ

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now