106+107+108+109+110

2K 216 7
                                    


အခန်း ၁၀၆ မျက်စိ စပါးမွှေးစူးစရာကြီး

သာဓကအနေနဲ့ ရှုရှုက ချမ်းသာတဲ့ ကျိုးရှင်း ခေါ်လို့ရောက်လာတာ

VIP နဲ့ ပုံမှန်နေရာက တော်တော်ကွာတယ် ချမ်းသာမှုကို အပြည့်အဝ ဖန်တီးပေးထားပြီးတော့ ကြမ်းပြင်က ကောဇောကအစ နင်းလိုက်တာနဲ့ တိမ်ထူထူကို နင်းရသလိုပဲ

အတွင်းကျကျရောက်လေလေ VIP နေရာက တခြားကမ္ဘာတစ်ခုလို ဖြစ်လေပဲ သီးသန့်ခန်းတွေက တံခါးက အစ သေချာ လုပ်ပေးထားသည်  ကော်ရစ်တာမှာ လျှောက်တဲ့ စာပွဲထိုးကအစ ရုပ်ရည်ချောမောပြီး ကြည့်ကောင်းလို့နေသည်

လုရီနန် လျှောက်လမ်းဘေးက အခန်းတစ်ခုှေ့မာရပ်လိုက်သည် "သခင်လေးလု" ကြည့်ကောင်းတဲ့ စားပွဲထိုးလေးက ပြုံးပြီး ဉီးညွှတ်ကာ တံခါးဖွင့်ပေးလိုက်သည်  "ရှုရှု လာလေ" လုရီနန်က ရှုရှု ထွက်ပြေးသွားမှာ ကြောက်သည့်အလား သူမတံတောင်ဆစ်ကို ကိုင်ကာ အခန်းထဲ ထည့်လိုက်သည်

အခန်းထဲ ရောက်သွားတာနဲ့ ရှုရှု တန်းသိလိုက်သည် မြေခွေးအခေါ်ခံလိုက်ရပြီဆိုတာ အခန်းတစ်ခုလုံး မီးခိုးငွေ့တွေနဲ့ပြည့်နေပြီးတော့အထက်တန်းကျကျပုံစံ ပေးစွမ်းလို့နေသည် ဝင်လိုက်တာနဲ့ သူမကို စိုက်ကြည့်နေတဲ့ အမျိုးသားစီ အကြည့်ရောက်သွားပြီး ကိုယ်က တုန်ယင်လာတော့သည်

ရန်ရုချန်က ဆိုဖာပေါ် ပျင်းရိစွာမှီနေပြီး သူမကိုကြည့်နေသည် ဒီမှာရှိတဲ့သူတိုင်းက အာဏားရှိတဲ့မိသားစု ချမ်းသာတဲ့မိသားစုက လာတဲ့သားသမီးတြွေဖစ်ပြီးတော့ သေချာပေါက် ရန်ရုချန်ကတော့ အတော်ဆုံးပေါ့

"ရှုရှု ကျိုးရှင်း ဒီမှာလာထိုင်" မင်အားရှန် ထရပ်ကာ လက်ယပ်ခေါ်လိုက်သည်

ကျိုးရှင်းက ယဉ်ကျေးပျုငှာမနေဘဲ ရှုရှုလက်ကိုဆွဲကာ ဆိုဖာဆီလျှောက်ပြီး ရန်ရုချန်ဘေးတွင် ရှုရှုကို ထားကာ ရှုရှု့ဘေး ဝင်ထိုင်လိုက်သည်

"ထိုင်ဉီး ဘာသောက်မလဲ ငါမှာလိုက်မယ်" သခင်လေးမင်က စေ့စပ်ထားပြီးပြီ ဆိုပေမယ့် အခုထိ လှပတဲ့ မိန်းကလေးတွေဆို ဂရုတစိုက်ရှိတတ်တဲ့ လူကြီးလူကောင်းပုံစံမျိုးပဲ

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now