အခန်း ၃၉၆ ဖုံးကွယ်စရာဘာမှမရှိဘူး
ရှုရှုလန့်သွားပြီး သူ့ကိုကြည့်လိုက်တော့ သူက ထရပ်ပြီး ညစာစားခန်းထဲကထွက်သွားလို့နေပြီ
သူ့ပန်းကန်လုံးကိုတချက်ကြည့်လိုက်တော့ ထမင်းနည်းနည်းပဲစားထားပြီး ဟင်းတွေကိုထိတောင်မထိထား
'ရုတ်တရက်ကြီးဘာဖြစ်သွားတာလဲ'
သူမဖျားနေလို့ သူမနဲ့တူတူဆက်မစားချင်တော့တာလား
'ဟူး' သူတို့ဒီအခြေအနေကြီးနဲ့ဘယ်လောက်ကြာကြာ ဆက်သွားနိုင်မှာလဲ
............
နေ့လည်စာစားပြီးတော့ ရှုရှု စီးခဲတဲ့ အဖြူရောင် mini cooper လေးကို ဂိုဒေါင်ထဲကထုတ်ပြီး အိမ်ကထွက်လာခဲ့သည်။
ဒီနေ့ရာသီဥတုက မည်းမှောင်နေပြီးတော့အပူချိန်ကလည်း ရုတ်တရက် ဒီဂရီအနည်းငယ်ထိုးကျလို့နေသည်။
လမ်းဘေးမှာ ကားကိုရပ်လိုက်ပြီးတော့ သူမအိတ်ကိုသယ် ကားထဲကထွက်ကာ အဘိုးဆေးခန်းစီဦးတည်လိုက်သည်။
"အစ်မရှုရှု"
အဝေးကနေ ချီလဲ့သူမကိုခေါ်နေတာကို ကြားရသည်။ ခေါင်းမော့ကာ သူ့ဘက်ကိုကြည့်လိုက်ပြီးခြေလှမ်းအမြန်လှမ်းလိုက်သည်။
လူငယ်လေးက အမဲရောင်ဆွယ်တာ အကျီကိုဝတ်ဆင်ထားပြီး ဆေးခန်းရဲ့အဖြူရောင်ကုတ်အကျီနဲ့ အခုမှ လူနာကြည့်ပြီးတာနေမည် မျက်နှာမှာ mask တပ်ဆင်ထားဆဲ
"အဘိုးကော?" ရှုရှု သူ့နားရောက်သွားတော့မေးလိုက်သည်။
ချီလဲ့အိမ်ထဲကိုညွှန်ပြကာ "အထဲမှာနေမယ်"
ရှုရှု 'အိုခေ' ဟု ပြောကာ အထဲကို ဝင်မို့လုပ်တုန်း ရုတ်တရက်ချီလဲ့က "အစ်မရှုရှု ခနလေး"
ချီလဲ့ အထဲကိုတချက်ကြည့်ကာ ရှုရှုနားကပ်ပြီး တိုးတိုးလေးသတိပေးလိုက်သည်။ "အဘိုး စိတ်တိုနေတယ် အစ်မမလာရင် အစ်မဆီ သူကိုယ်တိုင်လာရှာတော့မလို့"
ချီလဲ့ပြောတာကြားတော့ ရှုရှုခေါင်းငြိမ့်ကာ "နားလည်ပြီ"
ပြောစရာမလို အဘိုး ချာလီကိစ္စနဲ့ ပက်သက်ပြီး စိတ်တိုနေလောက်သည်။
ပထမနေ့ သတင်းထွက်လာတော့ သူမကို ဒီကိစ္စနဲ့ ပက်သက်ပြီးဖုန်းဆက်သေးသည်။ ထိုအချိန်က ရန်ရုချန်ကိုလက်ထပ်ရဖို့ အကြီးတွေကို စကားချိုချိုသုံးတယ်ဘာညာဆိုတဲ့ သတင်းတွေမထွက်သေးတာကြောင့် သူမ ဒီကိစ္စကြောင့် စိတ်ထိခိုက်မှာစိုးနေတာပင်
အခုသတင်းတွေက တောမီးလို ပျံ့နေတော့ အဘိုး သေချာပေါက် စိတ်ပူနေမှာပဲ
"အဘိုး" ရှုရှု အထဲကိုဝင်ကာ အဘိုးကိုနှုတ်ဆက်လိုက်သည်။အဘိုးက ကောင်တာမှာရှိမနေပေ
ဒုတိယထပ်ကိုတက်တော့မလိုရှိသေး အဘိုးကရုတ်တရက် ဒုတိယထပ်ကို တက်တဲ့ကြောင်လိမ်လှေကားနားမှာပေါ်လာတော့သည်။ ဝတ်စုံပြည့်ဝတ်ဆင်ထားကာ ကြည့်လိုက်တာနဲ့ အပြင်သွားမလို့ဆိုတာပြောနိုင်သည်။
ရှုရှုကို တည်ငြိမ်စွာကြည့်ကာ "ဘာလာလုပ်တာလဲ?"
ရှုရှု ပြုံးကာ "ဒါသမီး မိဘအိမ်ပဲ ဘာလို့ လာလို့မရရမှာလဲ?"
ကံကောင်းတာ သူမလာလိုက်လို့ အဘိုး က အမြဲတမ်းရန်ရုချန်နဲ့ ပက်သက်ပြီး မကျေနပ်ချက်တွေနဲ့ သူ့ကိုအမြဲတမ်းသတိထားနေခဲ့တာ
ပြီးတော့ ရန်ရုချန်ဆိုသည်မှာလည်း သူ့သွေးသားရင်းချာ သူ့အဖေနဲ့အမေကိုတောင် စိတ်ရှည်တဲ့သူမဟုတ်ဘူး
အဘိုးသာ သူ့ကိုသွားရှာရင် ကိစ္စပိုကြီးသွားနိုင်တယ်
"ငါနဲ့ သတင်းစာရုံးကို တူတူလိုက်ခဲ့ သူတို့မျက်လုံးနဲ့ကိုယ်တိုင်မြင်ခဲ့တာလားငါမေးရမယ် မဟုတ်ရင် ဒီလို အဓိပ္ပ္ပယ်မရှိတာတွေကိုမတင်သင့်ဘူး" အဘိုးပုံစံက သွက်လက်နေပြီးတော့ သူ့အမူအရာက လူငယ်လေးလိုပင်
သူမရှေ့ကိုရပ်ကာ သူမလက်ကိုဆွဲပြီး သူမကိုပါဆွဲခေါ်သွားတော့သည်။
ရှုရှု အဘိုးလက်ကိုလွှတ်ကာ "အဘိုး သူတို့ရေးချင်တာရေးပါစေ သမီးမှာ ဘာမှဖုံးကွယ်နေစရာမှ မရှိတာ"
အဘိုးအိုက သူမဘက်ကိုလှည့်ကာ သူမကိုထပ်ကြည့်လိုက်သည်။ သူ့မျက်နှာက စိုးရိမ်နေတဲ့အကြည့်တွေနဲ့ "တတိယရန် လူလိမ်လူညစ် ငါဒီနေ့သူ့ကိုမေးရမယ် ငါ့မြေးမက သူ့အတွက် ဘယ်နေရာမလုံလောက်နေတာလဲလို့"
ထိုသို့ပြောတာကြားတော့ ရှုရှု မျက်ရည်တွေဝဲလာကာ အဘိုးကို ဖက်လိုက်ပြီး "အဘိုး သမီးအဆင်ပြေပါတယ်"
သူမ အဆင်ပြေတယ်ပြောနေပေမယ့် မျက်ရည်တွေက ပါးပေါ်ကနေကျဆင်းလို့နေသည်။
သူမက စိတ်မဝင်စားလို့မဟုတ်ဘူးတကယ်လို့ မကျေနပ်ဘူးလို့ပြောနေရင်တောင် သူမအတွက် ဝမ်းနည်းပေးမယ့်သူမရှိတာကြောင့် သူမဟန်ဆောင်ပြီး အဆင်ပြေသလို ဘာမှမဖြစ်သလိုနေနေတာပါ
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romanceတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...