အခန်း ၁၅၆ ဒီနေ့ထိ စောင့်စရာမလိုဘူး
သူမဆုံးဖြတ်ချက်ကို အစောကတည်းက ရှင်းအောင်လုပ်သင့်တာ အဲ့ဒါဆို အဘွားမျှော်လင့်ချက်တွေ ထားစရာမလိုတော့ဘူး
အပြစ်ရှိသလိုခံစားရပြီး ခနတွေးကာ ပြောလိုက်သည် "အဘွား သမီးကြားတာ ဝမ်ရှင်းယီ လူမှုဆက်ဆံရေးမှာ ဒီနေ့က စပြီး အလုပ်လုပ်နေပြီဆို အဲ့ဒါဆို အဘွားစိတ်ထဲမှာ အတွင်းရေးမှုးအသစ် ဘယ်သူ့ကို ထားမလဲ ဆုံးဖြတ်ပြီးပြီလား"
သူမပြောတာကြားတော့ ဝမ်ဒါချင်း အံသြသွားကာ "ရှုရှု သမီး အဘွားရဲ့ ရည်ရွယ်ချက်ကို နားမလည်ဘူးလား"
ရှုရှုရဲ့ညဏ်ကောင်းပုံနဲ့ဆို သူမထင်တာ သူမရဲ့အပြုအမူတွေက သိသာနေပြီလို့
ရှုရှုပြုံးကာ "သမီးတို့ကြားမှာ တစ်ခုခုရှိရင် သမီးဒီနေ့ထိ စောင့်နေစရာမလိုပါဘူး"
အဘွားရဲ့လက်ကို တင်းတင်းကိုင်ကာ "အဘွားစိတ်ချပါ ဘာပဲဖြစ်ဖြစ် အဘွားက သမီးရဲ့ အမြဲတမ်း အချစ်ရဆုံးအဘွားပဲ"
ဒါကပြောင်းလဲမှာ မဟုတ်ဘူး
သူမပြောတာကြားတော့ ဝမ်ဒါချင်း စိတ်ထဲ အတွေးတွေ ဝင်လာတော့သည် 'သမီးတို့ကြားမှာသာ တစ်ခုခုရှိရင် သမီးဒီနေ့ထိ စောင့်နေစရာမလိုပါဘူး"
အစအဆုံး သူမမြင်နေရပြီး စွန့်လွှတ်ဖို့ တင်းခံနေခဲ့တာ သူမထင်တာက ဒီမြေးနှစ်ယောက်ကတစ်ယောက်အတွက် တစ်ယောက် အဓိပ္ပါယ်ရှိပြီး ကံကြမ္မာက စီမံပေးထားတာလို့
"ရှုရှု သမီးနဲ့ ရှောင်ချန်"
"အဘွား အဘွားအထင်လွဲနေတယ်ထင်တယ် သမီးတို့ကြားမှာ အလုပ်ဆက်ဆံရေးပဲရှိခဲ့တာ" ဝမ်ဒါချင်း ဆိုလိုချငိတာကို နားလည်တာကြောင့် ပြုံးကာ ပြောလိုက်သည်
"သမီးတို့ စရိုက်တွေက မလိုက်ဖက်သလို ရန်လည်းအမြဲဖြစ်နေတာ သမီးတို့ ဆက်ဆံရေး ဆိုးဆိုးဝါးဝါး အဆုံးသတ်မှာကို အဘွားလည်းမမြင်ချင်ဘူးမလား"
ရှုရှုအသံက အေးအေးဆေးဆေးပြောနေပေမယ့် အဘွားအို ပြောနိုင်တာက သူမ သေချာဆုံးဖြတ်ပြီးသွားပြီဆိုတာပဲ တခြားဟာထက် သူမပြောတာတွေကြားရတော့ သူတို့က သူတို့အတွက်ပဲ တွေးနေမိတယ်ဆိုတာ သဘောပေါက်သွားတယ်
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Roman d'amourတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...