အခန်း ၃၂၃ အရမ်းကို သက်သောင့်သက်သာရှိတယ်
သူမ ရင်တွေခုန်လာကာ အိပ်နေတာတောင်ဆွဲဆောင်မှု ရှိနေတဲ့ အမျိုးသားလေးရဲ့မျက်နှာစီ ကပ်လာခဲ့သည်။
သူ့နှုတ်ခမ်းကို ဖွဖွလေးနမ်းလိုက်သည်။
တကယ်ပဲ သူမရဲ့ မကောင်းတဲ့ဘက်ခြမ်းကပေါ်လာတာပဲ
ရန်ရုချန်က မူးနေပေမယ့် သူ့ရဲ့ခြောက်နေတဲ့နှုတ်ခမ်းပေါ်က စိုစွတ်နေတဲ့အရသာလေးကို ခံစားမိနေသေးသည်။
"အင်းးး" သူကျေနပ်စွာ ညည်းလိုက်သည်။
သူရုတ်တရက်လှုပ်လိုက်တာကြောင့် ရှုရှု လန့်သွားသည်။ သူနှုတ်ခမ်းတွေကနေ မျက်နှာချက်ချင်းဖယ်ကာ ခါးမတ်လိုက်သည်။
အပြစ်ရှိသလို အိပ်ရာပေါ်က ခုန်ဆင်းလိုက်သည်။
အိပ်ရာဘေးမှာ ရပ်ကာ ရင်ဘတ်ကိုဖိလို့ထားသည်။
' အိုမိုင်ဂေါ့ ငါအခု ဘာလုပ်လိုက်တာလဲ ငါရန်ရုချန်ကို ခိုးနမ်းလိုက်တာလား'
ရှုရှုမရှိတော့တော့ ရန်ရုချန် တစ်ခုခုပျောက်သွားတာကို သဘောပေါက်သွားကာ လေထဲမှာ လက်ကိုမြှောက်ရင်းတစ်ခုခုကို ယူနေသလိုဖြင့် "ရေ..."
သူပြောတာကြားတော့ ရှုရှုရေတခွက်သူ့ကို ထည့်ပေးလိုက်သည်။
ဒါမဲ့ လှဲပြီး ဘယ်လိုသောက်မလဲ
"ရန်ရုချန် ထထိုင် ရေသောက်လို့ရအောင်" ခနစဥ◌်းစားနေပြီးတော့ သူ့ကို အရင်နှိုးဖို့ ဆုံးဖြတ်လိုက်သည်။
"ရေ အရမ်းဆာတယ်..."
မူးနေတဲ့သူကိုပြောရတာ နံရံကို စကားပြောနေသလိုပဲ
ရှုရှု ရေခွက်ကိုချကာ ရန်ရုချန် ကိုမဖို့ သူတံတောင်ဆစ်ကို လှမ်းကိုင်လိုက်သည်။
ရုတ်တရက် ရန်ရုချန် လက်ထုတ်ကာ သူမကို လှမ်းဆွဲလိုက်သည်။ သူ့အားဖြင့် သူမကို သူ့ပေါ်ကျအောင် လုပ်လိုက်သည်။
သူ့ရင်ဘတ်ပေါ်ကို ရှုရှု ပြုတ်ကျသွားကာ ချက်ချင်းပင် ရန်ရုချန်ကိုယ့်ကိုလှည့်ကာ သူ့မပေါ်ကို အုပ်မိုးလိုက်သည်။
ထို့နောက် သူမကို အသက်ရှုခွင့်တောင် မပေးဘဲ နမ်းတော့သည်။
ခနကြာတော့ သူ့ဆီက အရက်နံ့တွေနဲ့ သူမပါ မူးလာတော့သည်။
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romanceတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...