အခန်း ၁၃၁ သူ မရူးသေးပါဘူးနော်
"အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့" ဝမ်ဒါချင်း ဒေါသတကြီးနဲ့ လက်မြှောက်ကာ ရန်ရုချန် နောက်ကျောကို ရိုက်လိုက်သည်
"နင်က ပြသာနာဖြစ်နေပေမယ့် ရှုရှုကတော့ စိတ်တောင်မဆိုးခဲ့ဘူး အဲ့ဒါကိုများ နင်က မြင့်မြတ်နေသလို လုပ်နေရသေးတယ်"
ဟမ့် နာရီဝက်တောင်မရှိတာကို ရှုရှုရှေ့ လေလုံးထွားရဲသေးတယ်
သူမအာ့လိုတွေးမိတာနဲ့ အဘွားအို နောက်တစ်ကြိမ်စိုးရိမ်လာပြီး မီးဖိုချောငိကို လှမ်းအော်လိုက်သည် "အန်တီကျိုး စွတ်ပြုတ်ပြန်နွေးပြီးပြီလား တတိယရန် ပြန်လာပြီ စွတ်ပြုတ်ယူခဲ့တော့"
ရန်ရုချန် ဒီစွတ်ပြုတ်အကြောင်း တကယ်သိချင်နေသည် အဘွားက နေ့လည်ကတည်းက သူ့ကိုခ်ါပြီး ထပ်ခါထပ်ခါပြောပြီးစွတ်ပြုတ်သောက်ခိုင်းနေတာ "ဟုတ်ကဲ့ အဆင်သင့်ပါပဲ" အန်တီကျိုး စွတ်ပြုတ် ပန်းကန်လုံးကို သယ်ကာ မီးဖိုထဲက ထွက်လာခဲ့သည် ပြုံးရွှင်စွာ ရန်ရုချန်ကို ပေးကာ "တတိယသခင်လေး စွတ်ပြုတ်သောက်လို့ရပြီ" စွတ်ပြုတ်က ကြက်သွန်နီနဲ့ ဂျင်းပဲပါပြီး အဝေးကနေတောင် အနံ့ရနေသည် မသိရင် ငါးစွတ်ပြုတ်လိုပဲ ဒါပေမယ့် သူ့မသိစိတ်က ပြောနေတာက ဒါက ရိုးရိုးစွတ်ပြုတ်မဟုတ်ဘူးလို့ တကယ်လို့ သာမာန်စွတ်ပြုတ်ဆိုရင် အဘွားက အာ့လောက် ရေးကြီးခွင်ကျယ်လုပ်နေမှာမဟုတ်ဘူး
"ဒီစွတ်ပြုတ်က ဘာလဲ" သူမေးလိုက်သည် ဝမ်ဒါချင်းက ပန်းကန်လုံးက ယူကာ သူ့ပါးစပ်နားတေ့ကာ "ငါတနေ့ခင်းလုံး ဒီစွတ်ပြုတ်လုပ်ထားရတာ ကျန်းမာရေးကောင်းစေတယ် များများသောက် မင်အလုပ်မာ ပင်ပန်းနေတာ မြင်ရတာ မကောင်းဘူး" ရန်ရုချန် ခေါင်းနောက်ဆုတ်ကာ စွတ်ပြုတ်ကို မကြိုက်သလိုကြည့်လိုက်သည် ဒါပေမယ့် ဝမ်ဒါချင်းက "အခုသောက်လိုက် ဒါအမိန့်ပဲ"
ရန်ရုချန် သူဒီည ဒီစွတ်ပြုတ်ကိုမသောက်ရင် သူ့ကို ဝမ်ဒါချင်းက အလွတ်ပေးမှာ မဟုတ်မှန်း ရိပ်မိတာကြောင့် ခွက်ကို ယူကာ မော့သောက်လိုက်သည် အနံ့စူးတာက လွဲရင် အရသာ ကောင်းသားပဲ အဲ့ဒီကစပြီး အမြဲလိုလို စွတ်ပြုတ်သောက်ရတော့တာပဲ
![](https://img.wattpad.com/cover/110316503-288-k235708.jpg)
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romanceတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...