Chapter 272

1.1K 100 0
                                    

အခန်း ၂၇၂

ရန်ရုချန် လှမ်းကြည့်လိုက်တဲ့အချိန်မှာ သူမက နှာခေါင်းကိုပွတ်နေတာပင်

သူမနှာမချေခင် နှာခေါင်းကို မကာမိလိုက်တာကြောင့် သူမ တံတွေးတွေ ဟင်းပွဲတွေဆီ စင်ကုန်တော့သည်။

ရန်ရုချန်ရွံမှာ ကြောက်နေပေမယ့်
အဲ့အစားသူက သူ့အကြိုက်ဆုံးဟင်းလျာကို ပေါ့ပေါ့ပါးပါးပင် တူကိုင်ကာ စားတော့သည်။

သူ့ရဲ့စားချင်စိတ်က သူမနှာချေတာကြောင့် ပျက်စီးမသွားပေ

"မမလေး ရာသီဥတုက ဒီရက်ပိုင်းအေးလာပြီ အိပ်ရာကို စောင်အထူလဲခိုင်းလိုက်မယ် အအေးမမိစေနဲ့"

အန်တီကျန်းရဲ့အသံက သူမနားထဲ ဝင်လာသည်။

အန်တီကျန်းကိုခေါင်းမော့ကြည့်လိုက်ကာ ပြုံးပြပြီး ခေါင်းခါလိုက်သည်။

"လဲစရာမလိုပါဘူး အေးလည်းမအေးဘူးရယ်"

အန်တီကျန်းက "လဲတာပိုကောင်းပါတယ် ရာသီဥတုက အေးလာပြီ သမီးက တစ်ယောက်တည်းအိပ်ရတာ သေချာပေါက်အေးမှာပဲ"

အန်တီကျန်းစကားထဲ အဓိပ္ပ္ပယ်တချို့ ပါလို့နေသည်။
ပြောပြီးတော့ အန်တီကျန်းက ရန်ရုချန်ကို လှမ်းကြည့်လိုက်သည်။

နောက်ပိုင်း ဒီကလေးနှစ်ယောက်က အခန်းခွဲအိပ်ကြတာပြီးတော့ စကားတခွန်းမှလည်းမပြောကြဘူး လူတိုင်းပြောနိုင်တယ် သူတို့ စစ်အေးတိုက်ပွဲတိုက်နေတယ်ဆိုတာ

'ဟူး စိတ်ပူစရာပဲ'

ရှုရှု မသိချင်ယောင်ဆောင်ကာ အန်တီကျန်းကို ပြုံးပြီး "သမီးအေးလာရင်ပြောပါ့မယ်"

'သူတို့က တစ်ယောက်နဲ့တစ်ယောက် လုံးဝ သူစိမ်းတွေလို နေနေကြတာပဲ' အန်တီကျန်း စိတ်ရှုပ်စွာ သက်ပြင်းချပြီး ညစာစားခန်းထဲက ထွက်သွားတော့သည်

အန်တီကျန်းထွက်သွားတော့ ရှုရှုကို တချက်ခိုးကြည့်လိုက်သည်။ သူမက နံရိုးတွေကိုအေးဆေးကိုက်လို့နေသည်။ သူမက ကျောက်စိမ်းဆွဲသီးနဲ့လက်ကောက်ကို ဝတ်ဆင်ထားပြီး ရန်ရုချန် ထိုပစ္စည်းတွေကို ရင်းနှီးနေသည်။

အာ သူမှတ်မိပြီ အဲ့ဒါတွေက အဘွားသူ့ကို လက်ဆောင်ပေးထားတာပဲ သူတို့မိသားစုကို ဝင်လာကတည်းက ဝတ်ခဲ့တာ အဲ့ဒါကို သူမ တက္ကသိုလ်သွားမှ ချွတ်ခဲ့တာ

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now