အခန်း ၂၅၅ သူမဘယ်လို အိပ်ပျော်ရဲတာလဲ
ထိုအချိန်တွင် သူတို့က စားသောက်ဆိုင်ထဲကထွက်ကာမြေညီထပ်ကို ရောက်လို့နေပြီ နေရောင်နဲ့ သူ့မရဲ့ နှစ်လိုဖွယ် မျက်နှာသေးသေးလေးက မျှော်လင့်ချက်တွေနဲ့ပြည့်လို့နေသည်
ဖုံးကွယ်ထားတာမရှိ...
ရန်ရုချန် ရပ်လိုက်ကာ လေးနက်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည် "ဟုတ်တယ်"
ဒီငတုံးမက အစောကတည်းက သဘောပေါက်ပြီးသားဆိုတာ သူသိသည် သေလိုက်ပါတော့ ဘာလို့ သိပြီးသားရဲ့ သူ့ကိုပြောခိုင်းနေရသေစတာလဲ
သူ့ရဲ့ ခပ်ပြတ်ပြတ်အဖြေက ရှုရှု့ရဲ့ ကမ္ဘာကိုပိုတောက်ပသွားစေပြီး ပိုလှသွားစေသည်
"အို" သူမ အမှုမထားသလို မျက်လုံး ပုတ်ခတ် ပုတ်ခတ်လုပ်ကာ " နင့်ရဲ့မိန်းမတွေအပေါ်အမြင်က အများကြီး တိုးတက်သွားတာပဲ အိုးရန်ချင်းချင်းလို သရုပ်ဆောင်မျိုးနဲ့ယှဉ်ရင် ဝမ်မိန်မိန်ရဲ့သွင်ပြင်နဲ့အဆင့်အတန်းက အများကြီး ပိုသာတယ်"
သခင်လေးရန် မျက်နှာချက်ချင်း မဲကျသွားတော့သည်
ဒီမိန်းမက တကယ်ပဲ မဝေဖန်ရမနေနိုင်ဘူး
ရှုရှု တောက်ပစွာပြုံးကာ "သခင်လေး ဇာတ်ကားက ၃ နာရီနော် ပိတ်ရက်ဆိုတော့ ကားတွေ ပြွတ်သိပ်ပိတ်နေလောက်တယ်"
"မြန်မြန်လုပ် ဒါဆို" သခင်လေးရန် အံကြိတ်ကာ သူမလက်ကို တင်းကြပ်စွာကိုင်ကာ ဆွဲခေါ်လာခဲ့သည်
ဝမ်မိန်မိန်က သူတို့ကို VIP လက်မှတ်ပေးလိုက်ပြီးတော့ ဒီအချိန်မှာကြည့်မယ့်သူက သူတို့ပဲရှိတာပင်
သူမက သူတို့ကို ဇာတ်ကားတစ်ကားပြချင်ရုံဖြစ်ပြီး ရုပ်ရှင်ရုံတစ်ခုလုံး ဘွတ်ကင်လုပ်ပေးထားတာမျိုးမဟုတ်ပေ ပြီးတော့ တခြားဟာထက် သူက တတိယသခင်လေးလေ
သူတို့ပဲ ရုပ်ရှင်ရုံထဲ ရှိတာတွေ့တော့ ရှုရှုက သိပ်မအံသြပေ သူမက သက်သောင့်သက်သာရှိပြီး လေယာဉ်ပေါ်မာ အထက်တန်းခုံတွေလိုမျိုး ခုံမျိုးကို နှစ်သက်တာပင် 3D မျက်မှန်ကို တပ်ကာ ဇာတ်ကားစဖို့ အချိန်ကို စောင့်နေလိုက်သည်
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
عاطفيةတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...