အခန်း ၁၂၆
"ဥက္ကဌရန်"
"ဝမ်ရှုရှု မင်း" ရန်ရုချန် ခေါင်းလှည့်ကာ ပြောမလ်ုလုပ်နေတုန်း အပြင်က ဝမ်ရှင်းယီအသံကြားတော့ မျက်လုံးထဲ မကောင်းဆိုးဝါး အရိပ်ဖြတ်ပြေးသွားကာ ပြုံးလိုက်သည်
သူ့လက်က ဝမ်ရှုရှုခါးကို ဆွဲလိုက်တော့ ဝမ်ရှုရှု ကိုယ်က သူ့ပေါင်ပေါ်ကျလာတော့သည် ဝမ်ရှုရှု လန့်ပြီး အော်မလိုရှိသေး သူမပါးစပ်တောင်မဟလိုက် ဘဲ ရန်ရုချန်နမ်းတာခံလိုက်ရသည်
oh.....
ဝမ်ရှင်းယီ တံခါးဖွင့်နေတုန်း ရန်ရုချန်နဲ့ ဝမ်ရှုရှုရဲ့ အနမ်းခန်း မျက်မြင်သက်သေဖြစ်သွားတော့ ချက်ချင်းပင်မျက်ရည်တွေဝဲတက်လာတော့သည်
ဝမ်ရှုရှုရဲ့လက်နှစ်ဖက်လုံးက ရန်ရုချန်ချုပ်ထားတာခံရပြီး သူမနှုတ်ခမ်းတွေက ပိတ်ခံထားရတဲ့အပြင် ခြေထောက်ပဲလှုပ်နိုင်တာကြောင့် ဝမ်ရှင်းယီ မျက်နှာမြင်လိုက်ရတဲ့ အချိန် ရန်ရုချန်ရဲ့ ခြေထောက်ကို တက်နင်းကာ ပါးစပ်က ဝူးဝူးဝါးဝါးအော်ကာအချက်ပြလိုက်သည်
ဒီနှာဘူးကောင်က သူမကို အားနဲ့ ခနခနနမ်းပြီး အနိုင်ကျင့်နေတော့တာ
ဝမ်ရှင်းယီက နေရာမှာတင် အမြစ်တွယ်နေတာကြောင့် ရန်ရုချန်ကလည်း ဝမ်ရှုရှုကို လွှတ်ဖို့ အစီအစဉ်မရှိဘဲ ပိုပြင်းထန်စွာ နမ်းတော့သည်
နောက်ဆုံး ဝမ်ရှင်းယီ အော်ငိုကာ မျက်ရည်အပြည့်နဲ့ ပြေးထွက်သွားတော့သည်
"ရန်ရုချန် မကောင်းတဲ့ကောင်" ဝမ်ရှုရှု အားအကုန်သုံးကာ ရန်ရုချန်ချန်ကို တွန်းကာ အော်လိုက်သည် "နင်ရူးနေလား ဘာလို့ ငါ့ကို နမ်းနေတာလဲ"
ရန်ရုချန်က ဂရုမစိုက်သလို ပခုံးတွန့်ကာ "လုပ်သင့်တာ လုပ်တာလေ ကောင်းကောင်းပြောနေတာက အဓိပ္ပါယ်မရှိလို့ အားသုံးရတာပဲ"
"အမြဲတမ်း နင့်အတွက်ပဲနင်ကြည့်တယ် သူများ ခံစားချက်ကို ထည့်မတွက်ဘူးလား" ဝမ်ရှုရှု အကြည့်တွေခါးသီးစွာ ပြောလိုက်သည်
သူဒီလိုတွေဆက်လုပ်နေရင် ဝမ်ရှုရှု ဆက်ဖက်တွယ်နေမိလိမ့်မယ် သူမဘာမှဆက်မပြောတော့ဘဲ ထွက်သွားကာ အခန်းပြင်ရောက်တော့ ဘေးပတ်လည်ကြည့်တော့ ဝမ်ရှင်းယီကို မတွေ့ရတော့ပေ
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romantizmတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...