206+207+208+209+210

1.9K 220 28
                                    

အခန်း ၂၀၆ ငါ့ကလေးမွေးပေး

ဝမ်ရှုရှု မျက်လုံးဖွင့်ကာ ကြည့်လိုက်တော့ မူလိ လှေကားရင်းနားမှာ အမဲရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ ရပ်နေတာ တွေ့လိုက်ရသည်

ရက်အနည်းငယ်အတွင်း အမြဲလှပကျော့ရှင်းတဲ့ အန်တီမူလိ မျက်နှာ ချောင်သွားလိုက်တာ ပိုပြီး အသက်ကြီးသွားသလိုပင်

အပြစ်ရှိသလိုခံစားရကာ ရှုရှု ရှိုက်လိုက်မိသည် "sob"

သူမဒူးနှစ်ဖက်ကြား ခေါင်းကိုမြုပ်ကာ အဘွားရဲ့သေဆုံးခြင်းကို လက်မခံနိုင်သေးပေ

"ရှုရှု မငိုပါနဲ့တော့" မူလိ လှေကားပေါ်တက်လာကာ ရှုရှု့ဘေး ဝင်ထိုင်လိုက်သည် ရှုရှုကိုဖက်ကာ "အဘွားက သမီးကို အချစ်ဆုံးပဲလေ ဒီလိုပုံစံဖြစ်နေတာအဘွားမြင်ရင် အဘွားဝမ်းနည်းနေမှာပေါ့"

မူလိပြောနေရင်း ပါးပြင်ပေါ်ကို မျက်ရည်တွေစီးကျလာတော့သည်

သူမရဲ့ ယောက္ခမ ဝမ်ဒါချင်းကြောင့် အမြဲဂုဏ်ယူခဲ့ရတာ

စီးပွားရေးနယ်ပယ်မှာ အောင်မြင်တဲ့လုပ်ငန်းရှင် အမျိုးသမီးဖြစ်သလို အိမ်ထောင်စုကြီးတစ်ခုလုံးကိုလည်း သေချာစီမံနိုင်တဲ့ ယောက္ခမ ကောင်းပင်

သားနှစ်ယောက် ချွေးမ နှစ်ယောက် မြေး ၃ ယောက် မိသားစုဝင်အချင်းချင်း အမွေကိစ္စနဲ့ အရှပ်အရှင်းမဖြစ်အောင်ပါ လုပ်ပေးနိုင်ခဲ့တာ

ဝမ်းနည်းမှုတွေအပြည့်နဲ့ ရှုရှု ခေါင်းခါကာ "အဘွားမရှိတော့ဘူး သမီးကြောင့် အဘွားသေရတာ"

"အက်စီးဒန့်တွေက အမြဲတမ်း မျှော်လင့်မထားတဲ့အချိန်တွေမှာရောက်လာတတ်တာပဲ သမီးကိုယ်သမီး အပြစ်မတင်ပါနဲ့"  မူလိ မျက်ရည်သုတ်ကာ ပြောလိုက်သည် "ရှုရှုက လိမ္မာတဲ့ကလေးပါ နောက်ကျရင် ရှောင်ချန်နဲ့တူတူ ပျော်ရွှင်တဲ့ဘဝကို ဉီးဆောင်ရဉီးမှာ"

အခုတော့ ဒီကလေးနှစ်ယောက်က တူတူရှိနိုင်သွားပြီ အဘွားအိုက ဘာနောင်တမှမရှိဘဲ ထွက်သွားနိုင်မှာပါလေ

ဒါပေမယ့် ဒီလိုနည်းနဲ့တူတူရှိရတာကိုတော့ စိတ်ပူမိတာအမှန်ပဲ

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now