အခန်း ၁၉၁ သူမကိုကော သူမနှလုံးသားကိုကော သူလိုချင်သည်
ရန်ရုချန် သူမနောက်ကျောကို စိုက်ကြည့်ပြီး ထူးဆန်းစွာ "ဝမ်ရှုရှု ငါ ကံကြမ္မာကိုမယုံဘူး ငါ့ကိုယ်ငါပဲ ငါယုံတယ်"
ငါမင်းကိုပိုင်ချင်တယ်လို့ ဆုံးဖြတ်ပြီးပြီ အဲ့ဒါကြောင့် မင်းက ငါ့အပိုင်ဖြစ်လာစေရမယ်
ဝမ်ရှုရှု ကိုယ်လေး တောင့်သွားသည် သူ့အသံက တည်ငြိမ်တယ်ထင်ရပေမယ့် သူမခံစားရတာက သူ့ရဲ့ပြောလိုက်တဲ့အသံက ဆုံးဖြတ်ချက်ချပြီးတဲ့ အသံမျိုးဖြစ်နေတယ်လို့
"မင်းကို ပြန်ပို့ပေးမယ်"ရန်ရုချန် ရှုရှုစီ လျှောက်လာကာ ပြောလိုက်သည်
သူမကို အတင်းအကြပ်သူ့ဘေးနားမှာထားဖို့က သူမနှလုံးသားကို ပိုင်ဆိုင်ဖို့ ခက်ခဲသလိုမျိုး ခက်ခဲမယ်မှန်း သူသိသည်
ဒါမဲ့ သူ သူမကိုကော သူမနှလုံးသားကိုပါ လိုချင်သည်
ရှုရှု သူ့စကားကြောင့် အံသြသွားသည် "နင် မွေးနေ့ပွဲ သွားတက်မှာ မဟုတ်ဘူးလား"
ရန်ရုချန် ဒေါသထွက်သလိုအသံမျိုးနဲ့ "ဓာတ်ပုံရိုက်တာ အချိန်အကြာကြီးယူနေတဲ့ မင်းအပြစ်ပဲလေ မွေးနေ့ပွဲက ပြီးသွားပြီလို့ ငါစာရလိုက်တယ်"
သူမ အလွန်အံသြသွားသည် ဓာတ်ပုံခန်းထဲမှာ ခနလေးပဲ ကြာလိုက်တာပါ ဘာလို့ သူမကို အပြစ်ရှာနေရတာလဲ
သူမစိတ်ထဲမာ တိတ်တိတ်လေး ကျိန်ဆဲလိုက်သည် ရတနာဘူးကို ညွှန်ပြကာ "သူမကို လက်ဆောင်မပေးဘူးလား "
"ငါတို့ အိမ်ပြန်မယ် ပြောပြီးပြီပဲ နားငြီးနေတာတော်တော့" ရန်ရုချန် သူမ လက်မောင်းကိုအကြမ်းပတမ်းဆွဲကာ တွန်းလိုက်သည် "မြန်မြန်လုပ် ငါဗိုက်ဆာနေပြီ"
ဒီတစ်ခါတော့ သူ သူမကို ရှေ့ခုံကို တွန်းထည့်လိုက်သည်
ရှုရှု ထိုအကြောင်းကို အများကြီးတွေးမနေတော့ဘဲ ထိုင်ခုံခါးပတ်ပတ်လိုက်သည်
အိမ်ပြန်ပို့တဲ့လမ်းတစ်လျှောက် သူ CD က အင်္ဂလိပ် သီချင်းတချို့ကို ဖွင့်ထားခဲ့သည် သူမ သီချင်းကို နားထောင်နေရင်း သူမအတွေးတွေထဲ မြောကာ တဖြည်းဖြည်းအိပ်ပျော်သွားတော့သည်
![](https://img.wattpad.com/cover/110316503-288-k235708.jpg)
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romansaတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...