Chapter 292

905 91 0
                                    

အခန်း ၂၉၂ ညစာစားဖို့ လာကြိုတာ

“အစ်မရှုရှု အနီရောင်ခေါင်းစွပ်ကလေး ပုံပြင်ပြောပြလို့ ရလား”ကလေးမလေးက မျက်လုံးဝိုင်းတွေနဲ့ငေးကြည့်ကာ ပြောလိုက်သည်။

ရှုရှု မျက်မှောင် ကြုတ်ကာ “အနီရောင်ခေါင်းစွပ်ပဲလား ထပ်ပြီး”

ဒီ ပုံပြင်ကို မရေမတွက်နိုင်အောင်ပြောပြခဲ့ပြီးပြီ တခြားပုံပြင် မပြောခိုင်းတော့ဘူးလား

ကလေးမလေးက အနီရောင်ခေါင်းစွပ် ပုံပြင်ကိုပဲ တောင်းဆိုလို့နေသည်။ ရှုရှု လည်း စိတ်ပြောင်းအောင် မလုပ်နိုင်တာကြောင့် ရွေးချယ်စရာ မရှိဘဲ ပြောပြရတော့သည်။

သူမ ဒီပုံပြင်ကို ၁၀ ကြိမ်ထက်မနည်းပြောပြခဲ့ပေမယ့် သူမပြောလိုက်တိုင်း ကလေးတွေက အာရုံစိုက်နားထောင်ကြသည်။ သူတို့ရဲ့ကြီးမားဝိုင်းစက်နေတဲ့ မျက်လုံးတွေနဲ့ သူမကို အပြစ်ကင်းစွာ စိုက်ကြည့်နေကြသည်။

ကလေးတွေ အကုန်ကြားနိုင်အောင် ရှုရှု ပုံပြင်ပြောနေတုန်း အသံမြင့်ပြောလိုက်သည်။

ရန်ရုချန် ကားပေါ်ကဆင်းတော့ ရှုရှု့အသံကို ကြားလိုက်ရသည်။ မကောင်းတဲ့ ဝံပုလွေက အနီရောင်ခေါင်းစွပ်ကလေးကို စားနေတဲ့ အပိုင်းကိုရောက်နေကာ အာရုံစိုက်ကာ နားထောင်နေသည်။
ဂေဟာဝင်ပေါက်ကို တိတ်တိတ်လေးလျှောက်လာကာ သူ့ကိုမြင်ပြီး တစ်ယောက်ယောက်လန့်သွားမှာ စိုးနေသည်။

တံခါးနားကိုရောက်တော့ သစ်သားခုံလေးပေါ်မှာ ကလေးတွေအုပ်စုလိုက် ရှုရှု့ကို ဝိုင်းထိုင်ထားပြီး ရှုရှု့ အသံကလွဲပြီး တခြားသူအသံ မကြားရပေ။
ဂေဟာထဲက အဒေါ်ကြီးတစ်ယောက်က အမှိုက်သွားပစ်တော့ တံခါးကိုဖွင့်ခဲ့တာကြောင့် ရန်ရုချန်ဝင်လာခဲ့သည်။

ခြေ ၂ လှမ်းပဲ လှမ်းရသေး အစောင့်က သူ့စီရောက်လာကာ စေ့စေ့စပ်စပ် သူ့ကို ကြည့်ပြီး “မင်းဘယ်သူလဲ ဘယ်သူဝင်ခိုင်းလို့လဲ”
အစောင့်က တောရွာကသူဖြစ်တာကြောင့် စကားကို တုံးတိပြောလိုက်သည်။

သခင်လေးရန်မျက်နှာ အမဲရောင်ပြောင်းသွားကာ မျက်မှောက်ကြုတ်လျက် အစောင့်ကို အေးစက်စွာ ကြည့်ကာ “ခင်ဗျား အပူမပါဘူး”

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now