အခန်း ၇၁ ဥက္ကဌရန်က ခေါင်းစီးပိုင်းမှာ ထပ်ပါလာပြန်ပြီ
ရန်ရုချန် မှောက်အိပ်နေရင်း ပြောလိုက်တယ်
"ဝင်ခဲ့"
ဝမ်ရှုရှု တံခါးဖွင့်ပြီး အထဲဝင်မလာဘဲ အဝ မှာဘဲ ရပ်နေလိုက်တယ်"ဥက္ကဌရန် ရုံးဆင်းချိန်ရောက်နေပြီ တကယ်လို့ အထွေအထူးမရှိရင် ရုံးဆင်းနှင့်တော့မယ်"
ရန်ရုချန် ဖိုင်တွဲတွေကိုကြည့်ရင်း မျက်မှောင်ကြုတ်ကာ "မင်းအလုပ်တွေပြီးပြီလား"
ဝမ်ရှုရှုလည်း မျက်မှောင်ကြုတ်ကာ "အလုပ်အများကြီးကို တစ်ရက်တည်းနဲ့ဘယ်ပြီးမှာလဲ" သူမ အသံထဲမှာ စိတ်ဆိုးတဲ့ပုံပေါက်နေတာကိုလည်း ဖုံးကွယ်မထားဘဲ ပြောလိုက်တယ်
"ဝမ်ရှုရှု မင်း...." ရန်ရုချန် ဝမ်ရှုရှုကို အပြစ်ပြောမလို့လုပ်တုန်း တစ်ခုခုမှတ်မိသွားပြီး " အင်းလေ မင်းက အခု တစ်ယောက်တည်းမှ မဟုတ်တော့တာ စောင့်မယ့်သူ ရှိနေပြီကို "
ကျန်းကျားဟန် ပြန်ရောက်ကတည်းက သူမအပေါ် ရန်ရုချန် ရဲ့သဘောထားတွေ အကုန်ပြောင်းကုန်တော့တာပဲ ဝမ်ရှုရှု ဘာမြှပန်မချေပတော့ဘဲ အေးစက်စက်ပြုံးပြီး "ဘိုင့်" လို့ပြောကာ တံခါးပိတ်ချလိုက်တယ်
ပိတ်သွားတဲ့တံခါးကို ကြည့်ရင်း ရန်ရုချန် ဒေါသထွက်လာပြီး ဆေးလိပ်ပြာခွက်ကို ပစ်ပေါက်မလို့ လုပ်လိုက်တယ် သူရုတ်တရက် အရမ်းဒေါသထွက်နေသလိုပဲ စားပွဲပေါ်က အလုပ်တွေကိုကြည့်ရင်း ဆက်လုပ်ချင်စိတ်လည်း မ ရှိတော့ဘူး
အလုပ်စားပွဲအံဆွဲထဲက ဆေးလိပ်ဘူးကို ထုတ်ကာ ဆေးလိပ်သောက်မလို့လုပ်လိုက်တယ်
" ဥက္ကဌရန် ဆေးလိပ်သောက်တာ ရှင့်ကျန်းမာရေးအတွက် မကောင်းဘူး ဥက္ကဌကြီးက ကျွန်မကို စောင့်ကြည့်ခိုင်းထားတယ် ရှင်ဆေးလိပ်သောက်တာကို တားဖို့ "ဝမ်ရှုရှုရဲ့ ပွစိပွစိ အသံက သူ့နားထဲ ဝင်လာတယ်
သူခနလောက် လက်တန့်သွားတယ်
အရူးမ မင်းမျက်လုံးတွေ ကျန်းကျားဟန်ဆီမှာပဲ ထားလိုက် ငါ့ကိစ္စတွေဝင်မပါနဲ့
ရန်ရုချန် ဖိုင်တွဲတွေပိတ်ကာ မီးညှိပြီး ဆေးလိပ်သောက်လိုက်တယ်
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romanceတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...