Chapter 330

993 101 0
                                    

အခန်း ၃၃၀ ဒါကတိတစ်ခုလား

  ရှုရှုကြောင်သွားကာ “ရန်ရုချန် နင်ဒီည ဘယ်တွေသွားနေတာလဲ ဆေးမှားသောက်လာတာလား”

သူတို့စကားများနေတုန်း ဇာတ်ကားအပိုင်းက ပြီးသွားပြီ သူမ အပိတ်သီချင်းကိုနားထောင်ရင်း စာအုပ်ကိုချကာ လက်မြှောက်ပြီး အကြောဆန့်လိုက်သည်။

ခုနောက်ပိုင်း သူမရှေ့ က ရန်ရုချန်ကိုလည်း ဂရုမစိုက်သလို သူမပုံရိပ်ကိုလည်း ဂရုစိုက်မနေတော့

ရန်ရုချန် အခွင့်အရေးကိုအသုံးချကာ သူမကိုပွေ့ချီလိုက်သည်။

ထို့နောက်လှည့်ကာ လှေကားစီ ဦးတည်လိုက်သည်။

အန်တီကျန်းက လှေကားကနေဆင်းလာတုန်းလှေကား အလယ်မှာပဲ ရှိသေးသည်။ ရှုရှု မျက်နှာ ရဲတက်လာကာ ရန်ရုချန်ကို အားနဲ့ထုရိုက်တော့သည်။ “ရန်ရုချန် ကောင်စုတ် အန်တီကျန်း ငါတို့ကိုကြည့်နေတယ်လေ”

အန်တီကျန်း က ရယ်ကာခေါင်းခါပြီး “ရပါတယ် မမလေးရဲ့ ကျွန်မရဲ့အဝေးမှုန်တာက ပိုပိုဆိုးလာတယ်ဘာမှ သေချာမမြင်ရတော့ဘူး”

ဝမ်ရှုရှု ဆွံအ…..

သူတို့ သူတို့ အခန်းပြန်ရောက်တော့ ရန်ရုချန် ရှုရှု့ကို အိပ်ရာပေါ်ချကာ သူမမျက်နှာကိုငေးကြည့်နေသည်။

သူ့အကြည့်က ချစ်မြတ်နိုးမှုတွေနဲ့ပြည့်နေကာ ရှုရှုကို ရှက်လာစေသည်။

တံတွေးမျိုချကာ သူ့ဆီကနေ မျက်နှာလွှဲလိုက်ပြီး “အလုပ်ပြီးတော့ ဘယ်သွားတာလဲ တစ်ခုခု ဖြစ်လာတာလား”

သူမအသံက ကို့ယို့ကားရားနိုင်ကာ တုန်လို့နေသည်။

တနည်းနည်းနဲ့ ရန်ရုချန် ဒီည မူမမှန်သလိုပဲ သူ့ကြည့်တွေကလည်း တမျိုးကြီး
သူမ ရင်တွေ အရိုင်းဆန်စွာခုန်လာတော့သည်။

“အရူးမ” ရန်ရုချန်ရဲ့ တိုးပြီး ညင်သာတဲ့အသံက သူမနားထဲ ဝင်လာတော့သည်။

“ငါသိခဲ့ရင် သူ့စီကနေ မင်းကိုလုခဲ့ပါတယ်”

သူအဲ့လိုပြောတာကြားတော့ ရှုရှု မျက်လုံးကျယ်သွားကာ ကိုယ်လေးတုန်သွားသည်။

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now