အခန်း ၂၃၆ လိမ္မော်ရောင်နဲ့ ပိုလှတယ်
ပါပါရာဇီတွေကလည်း ကျိုးရှင်းပြောသလိုပင် သူတို့လိုချင်တဲ့ အနေအထားရောက်အောင် ဖန်တီးတာပင်
"ဟုတ်ပြီ နင့်အတွက်မျှော်လင့်ချက်ရှိသေးတယ်"
ကျိုးရှင်း ကျေနပ်သွားသလို ခေါင်းငြိမ့်ကာ ရှုရှုကိုဆွဲခေါ်သွားတော့သည်ဒီည သူမရဲ့ဉီးတည်ချက်က ရှုရှု့အတွက်အဝတ်အစားဝယ်ပေးဖို့ပင်
ခနကြာတော့ သူမရဲ့ ပစ်မှတ်ကိုတွေ့သွားပြီပင် "အရုပ်မှာဝတ်ထားတဲ့ လိမ္မော်ရောင် ဂျက်ကတ်လေးနင်နဲ့ဆိုလိုက်မှာ"
Zara ဆိုင်မှာ ပြထားတဲ့အဝတ်ကို ပြကာ ပြောတော့သည်
ရှုရှုတစ်ချက်ကြည့်လိုက်တော့ တကယ်ပဲ အရောင်တောက်ပြီး လှတာပင်
ချက်ချင်းငြင်းလိုက်သည် "အဲ့ဒါက အရမ်းဟိတ်ဟန်များသလိုပဲ ငါမကြိုက်ဘူး"
"အာ နင်ကလေ ပုံစံက အရမ်းဆွဲဆောင်မှုရှိပြီး ချစ်ဖို့ကောင်းရဲ့သားနဲ့ ဝတ်လိုက်ရင် အရောင်မှိုင်းမှိုင်းနဲ့ အပေါစားတွေပဲဝတ်နေတာ"ရှုရှုကို ထပ်ကြည့်ကာ "နင်က အခုရန်ရုချန်မိန်းမနော် သူနင့်ကို ချစ်အောင်လုပ်ဖို့ နင်စဉ်းစားသင့်တယ် နောင်ကျ သူနင့်ကိုပစ်သွားရင် ဘယ်လိုလုပ်မလဲ"
သူမပြောတာကြားတော့ ရှုရှု ခါးသီးစွာ ပြုံးလိုက်သည် စိတ်ထဲမှာတော့ လှောင်နေမိသည်
"သွားမယ်" ကျိုးရှင်း သူမကို အတင်းဆိုင်ကို ဆွဲခေါ်သွားတော့သည် သူမနဲ့အနီးဆုံးက အရောင်းဝန်ထမ်းကို ခေါ်ကာ လိမ္မော်ရောင် ဂျက်ကတ်ကိုညွှန်ပြလိုက်သည် "အဲ့ဒီ ဂျက်ကတ်ဆိုဒ်အသေးဆုံးယူခဲ့"
အရောင်းဝန်ထမ်းက ရှုရှု့ကို တန်းမှတ်မိကာ မျက်လုံးအရောင်တောက်သွားတော့သည်
အမြန် နာခံစွာပင် "ဟုတ်ကဲ့ တစ်မိနစ်လောက်စောင့်ပါ""ဒီဂျက်ကတ်က ကျွန်မတို့ရဲ့ နောက်ဆုံးဆောင်းဉီးရာသီထုတ် ဒီဇိုင်းထဲကပါ လိမ္မော်ရောင်နဲ့အဖြူရောင်ဆိုပြီး နှစ်ရောင်လာပါတယ်" အသေးဆုံးဆိုဒ်ကိုယူလာကာ ရှုရှုနဲ့ ကျိုးရှင်းကိုပြလိုက်သည်
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romanceတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...