အခန်း ၃၃၅ အပြင်သွားရင် ဖုန်းမပိတ်နဲ့
လုရီနန်ပြောသွားတာတွေ အကုန်လုပ်ရင် သူမကြိုက်မှာလား
ရန်ရုချန် ခနစဥ◌်စားနေပြီးမှ ကြိုးစားကြည့်ဖို့ ဆုံးဖြတ်လိုက်သည် “ဘယ်လိုမျိုးးပန်းဆို သင့်တော်မလဲ”
သခင်လေးလု စိတ်ပျက်စွာ သက်ပြင်းချပြီး “ရန်ရုချန် ငါနောက်ဆုံးတော့ မင်းကို ဖန်ကျားရင် ဘာလို့ထားခဲ့လဲ နားလည်သွားပြီ မင်းမိန်းကလေးတစ်ယောက်ကို ဘာပန်းပေးရမယ်ဆိုတာတောင်မသိဘူးလား သူမတကယ် သည်းခံခဲ့ရမှာပဲ”
ထိုသို့ပြောကာ “နှင်းဆီပန်းတွေက ချစ်ခြင်းကို ကိုယ်စားပြုတာပဲ မင်းရဲ့ အချစ်နဲ့ပက်သက်တဲ့ အိုင်ကျု ကို တခြားနေရာက အိုင်ကျုတွေက မျိုချလိုက်တာနေမယ်”
သခင်လေး လုက တဝက် ဆရာကြီးလုပ်ကာ တဝက်ကစော်ကားလို့နေသည်။ “မင်းအရင်က မိန်းမတစ်ယောက်ကို ညစာစားဖို့ခေါ်မသွားဖူးပေမယ့် တီဗီမှာတော့ မြင်ဖူးမှာပါ ညစာစားပြီးရင် အိမ်ခေါ်သွားပြီး fifty shades of grey ဇာတ်ကားကြည့်လိုက် မထင်မှတ်ထားတဲ့ အံဩမှုတွေ ရလာလိမ့်မယ်”
“အလုပ်ကနေ ပြန်ရောက်ရင် ဇာတ်ကားပို့ပေးလိုက်မယ် မင်းရဲ့ ညစာစားပြီးရင် ကြည့်လိုက်”
ရန်ရုချန် စိတ်အားထက်သန်စွာ သူ့အကြံကို နားထောင်ပြီး လုကျင်းနန်ပြောပြီးသွားတော့ နားလည်ကြောင်းပြန်ပြောလိုက်သည်။
ဖုန်းချလိုက်ပြီး ညစာစားဖို့နေရာလိုက်ရှာလိုက်သည်။
ပန်းတွေနဲ့ လက်ဆောင်တစ်ခုလည်းဝယ်သေးသည်။
အခု သူ့စားပွဲခုံမှာ ထိုအရာတွေက အခုလုပ်နေတဲ့ အရေးကြီးဆုံးအရာတွေပင်
သူ အကုန်လုပ်ပြီးတော့မှ နောက်တစ်ခါ အလုပ်စလုပ်တော့သည်။
နောက်ပိုင်း ဒီရက်တွေ သူတို့နှစ်ယောက်လုံး အချိန်ပိုဆင်းရကာ ညဘက်ထိနောက်ကျကြသည်။
၆ နာရီထိုးတော့ ရန်ရုချန်သူ့ဖိုင်တွေကို စီကာ ရေချိုးခန်းထဲ အမြန်ဝင်ပြီး ကြောမော့အောင် ပြင်ဆင်လိုက်သည်။
ရုံးခန်းတံခါးကိုဖွင့်ကာ ဝမ်ရှုရှုရဲ့ခုံကို လှမ်းကြည့်လိုက်သည်။ စက္ကန့်ပိုင်းအတွင်းမျက်နှာမဲသွားတော့သည် ဝမ်ရှုရှု ရှိမနေ ပြီးတော့ သူမစားပွဲက ရှင်းကာ သပ်ရပ်နေသည် သူမ ကွန်ပျုတာပါ ပိတ်ထားသေး ဘယ်သွားနေတာလဲ?
‘အရူးမ ဘယ်ကိုထွက်သွားတာလဲ’
သူ့မျက်နှာဒေါသတွေနဲ့ ပြည့်လာကာ ဖုန်းထုတ်ပြီး ဝမ်ရှုရှုဖုန်းကိုခေါ်လိုက်သည်။
သူမဖုန်း စက်ပိတ်ထားသည်။
“ဝမ်ရှုရှု ရှာရအောင် မလုပ်နဲ့”
သူ့ဖုန်းကို ကိုင်ကာ ဒေါသထွက်စွာ ဓာတ်လှေကားစီဦးတည်လိုက်သည်။
…….
မြို့တော်တစ်ခုလုံးက သက်ဝင်လှုပ်ရှားကာ စည်ကားလို့နေသည်။ ရန်ရုချန်ကတော့ သူမကို ကားမောင်းရင်း လိုက်ရှာလို့နေသည်။
သူမ အိမ်မှာလည်း မရှိဘူး သူမ အဘိုးကော ကျိုးရှင်းစီမှာလည်းမရှိဘူး မိဘမဲ့ဂေဟာမှာလည်း မဖြစ်နိုင်လောက်ဘူး အဲ့ဒါဆို ဘယ်မှာများလဲ
……..
‘အားဟန်ကော ဘယ်လိုနေလဲ’
ဝမ်ရှုရှု မင်းဒေါသဖြေဖို့ လမ်းလျှောက်ထွက်ရုံသက်သက်ပဲဆိုရင်တော့…….
ရှုရှု အိမ်ပြန်ရောက်တော့ ဒုတိယထပ်က စာကြည့်ခန်းကိုခိုးကြည့်လိုက်သည်။ သူမရှိတဲ့နေရာကနေကြည့်လိုက်တော့ အခန်းက လင်းနေသေးသည်
သူမအိမ်ထဲဝင် ဖိနပ်လဲကာ အပေါ်ထပ်ကို တက်လာခဲ့သည်။
“ဘယ်သွားနေတာလဲ”
သူမဒုတိယထပ်ရောက်တုန်းရှိသေး ရှေ့ကနေ ရန်ရချန်ရဲ့ အေးစက်စက်အသံကြားလိုက်ရတော့သည်။
ရန်ရုချန် စာကြည့်ခန်း ဝင်ပေါက်မှာ ရပ်ကာ အိမ်နေရင်း ဘောင်းဘီထဲ လက်ထည့်ထားပြီးမေးလိုက်သည်။
သူရဲ့ နက်မှောင်ပြီး ကျောက်စိမ်းလို မျက်လုံးတွေက ရှုရှုရဲ့မျက်နှာပေါ်မှာ သူမ မျက်နှာက အမူအရာသေးသေးလေးကအစ မလွတ်ချင်သလို…
ရှုရှု ပါးစပ်ဟ မလိုရှိသေး သူထပ်ပြောသည်”အပြင်သွားရင် ဖုန်းမပိတ်ထားနဲ့ မင်းကိုစောစောက ရှာမရလို့”
သူ့ကိုယ်သူ တွေးနေမိတာက ‘ဘယ်သွားသွား ဘယ်သူနဲ့တွေ့တွေ့ အိမ်ပြန်လာရမှာပဲလေ မဟုတ်ဘူးလား”
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Roman d'amourတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...