အခန်း ၂၆၂ မင်းဘဝကို မင်းဂရုမစိုက်တော့ဘူးလား
ဝမ်ဒါချင်းက စီးပွားရေးလောကမှာ လွှမ်းမိုးနိုင်တဲ့သူပင် သူမရဲ့သေဆုံးမှုက ရှောင်လွှဲလို့မရအောင် အုတ်အော်သောင်းနင်းဖြစ်စေခဲ့သည်
တကယ်လို့ အဲ့လိုသာဖြစ်ခဲ့ရင် bright vision ရဲ့ သတင်းကလည်း အောက်ဆုံးထိ ထိုးကျသွားမှာပဲ
အဲ့ဒါကြောင့် သူအဲ့လို ဖြစ်ခွင့်မပြုနိုင်ပေ
ရှုရှုရဲ့နောက်ကျောကို စိတ်ရှုပ်ထွေးနေတဲ့မျက်လုံးတွေနဲ့ကြည့်ကာ ရိုးသားစွာပြောလိုက်သည် "မင်နဲ့ ရန် မိသားစုက နှစ်ပေါင်းများစွာ ရင်းနှီးလာကြတာ ပြီးတော့ ဝမ်ဒါချင်းနဲ့ငါနဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်နွယ်နေကြတာ သူမရဲ့သေဆုံးမှုက ငါ့အတွက် အပြစ်မကင်းသလို သောကရောက်ရတယ်"
သူ့အသံက ခံစားချက်တွေနဲ့ ပြည့်လို့နေသည် "ရှင်းယီက လူသတ်သမားမဟုတ်သလို တစ်ယောက်ယောက်ကို သတ်ဖို့ အစီအစဉ်လည်းမရှိပါဘူး သူမက တတိယရန် သူမအပေါ် အကြင်နာတရားမရှိ ဆက်ဆံလို့ ဒေါသထွက်မိလို့ လုပ်တာကနေ ဒီလိုကြောက်မက်ဖွယ် အက်စီးဒန့်ဖြစ်သွားခဲ့ရတာ"
အဲ့လိုကြားတော့ ရှုရှုခေါင်းလှည့်ကာ အေးစက်စွာ မျက်မှောင်ကြုတ်လိုက်သည် "ဒါတွေပြောပြနေတဲ့အကြောင်းအရင်းက ရှင်ကျွန်မကို အဘွားရဲ့သေဆုံးမှုက ရန်ရုချန်ကြောင့်လို ပြောချင်နေတာမလား ?"
မင်ကျောင်းရှန် မငြင်းပေ တကယ်လို့ တတိယရန်ကြောင့်သာ မဟုတ်ရင် ဒီကိစ္စတွေ ဘာမြှဖစ်လာစရာမရှိဘူး
တတိယရန်က သူမှားတယ်လို့ မခံစားရဘဲ အပြစ်တွေအကုန် သူ့မြေးလေးကို ပုံချလိုက်တယ်လေ အဲ့ဒါကို မင်ကျောင်းရှန် ဒီတိုင်းလွှတ်မပေးနိုင်ဘူး
ဖြစ်နိုင်သမျှ ဘယ်နည်းလမ်းနဲ့မဆို သူရှင်းယီကို ကယ်ရမယ်
သူရှုရှုကို စိုက်ကြည့်ကာ သူ့မျက်လုံးထဲ အကြံတွေနဲ့ပြည့်လို့နေသည် "မင်းက တတိယရန်ကို အပြစ်ရှိလို့ လက်ထပ်ခဲ့တာမလား ဒါမဲ့ သူက မင်းကိုမှ မချစ်တာ သူ့ကောင်မလေးက အခု နိုင်ငံခြားမှာ ဒါမဲ့ သူမ မကြာခင်ပြန်လာတော့မှာ သူ့ကိုကလေးတစ်ယောက်မွေးပေးပြီး သူ့စွန့်ပစ်တာ ခံချင်နေတာလား"
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Любовные романыတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...