176+177+178+179+180

1.5K 170 1
                                    

အခန်း ၁၇၆ နောင် ငါဘယ်တော့မှ မင်းကို အနိုင်မကျင့်တော့ဘူး

ဝမ်ရှုရှု ရှေ့ကို ဖြည်းဖြည်းချင်းသွားရင်း တချိန်တည်းမှာပဲ ဖုန်းထုတ်ကာ ဖုန်းမီးဖွင့်လိုက်သည်

tsk ဘာလို့ ဒီအချိန်မှ မီးပြတ်ရတာလဲ တကယ်ကို ကံမကောင်းတာပဲ

ခနလေးအတွင်းမှာပဲ ဥက္ကဌရုံးခန်းထဲပြေးကာ ရန်ရုချန် ရုံးခန်းတံခါးကို ဖွင့်ဝင်လိုက်သည်

ပြတင်းပေါက်တွေက လရောင်ကျနေတာကြောင့် ရန်ရုချန် အခန်းကို နည်းနည်းလင်းသွားစေသည် တံခါးကိုပိတ်ကာနောက်ကျော  မှီလိုက်သည် သူမရဲ့အဖြူရောင် ရှပ်အင်္ကျီက ချွေးတွေနဲ့ရွှဲလို့နေသည်

ring ring ring

ရုတ်တရက် အပြင်ကနေ လာတဲ့ ဖုန်းမြည်သံကြားလိုက်ရသည် တစ်သံတည်းမဟုတ်ဘဲ အသံအများကြီး တချိန်တည်းမှာမြည်နေကြသည်

ရှုရှု မနည်းစိတ်ငြိမ်အောင်လုပ်ထားရတုန်းကို ထပ်ကြောက်လန့်လာသည် သူမတတ်နိုင်သလောက် တံခါးကို သူမလက်တွေနဲ့ တွန်းပိတ်ထားသည် ဖုန်းမြည်သံတွေက သူမနားထဲ ကြားယောင်လို့နေသည်

ရန်ရုချန် ရုံးခန်းဖုန်းလည်း လိုက်မြည်လာသည်

ဒါ ဟာသ လုပ်နေတာပဲနေမယ် တစ်ယောက်ယောက်က တမင်သူမကိုစချင်လို့နေမယ်

သူမကိုယ်သူမ နှစ်သိမ့်လိုက်သည် သူမ ဖုန်းကိုင်ကာ အော်ပစ်ချင်သည် ဒါပေမယ့် သူမခြေထောက်တွေက တုန်ရီနေပြီးတော့ မရွေ့နိုင်ပေ

သူမ ကုတ်ကုတ်ကလေး ကြမ်းပြင်ပေါ် ထိုင်ချလိုက်သည် တုန်ရီနေတဲ့လက်တွေနဲ့ ဖုန်းကိုယူကာ ရန်ရုချန်စီ ဖုန်းခေါ်လိုက်သည်

ဖုန်းကို နားနားကပ်လိုက်တော့ သုမကြားရတာက ဖုန်းမအားသေးဘူး ဆိုတာပင်

အပြင်မှာရှိတဲ့ ဖုန်းတွေက မြည်တာ မရပ်ပေ

ရှုရှု ရန်ရုချန်ဖုန်းကို ဆက်တိုက်ခေါ်နေပေမယ့် မအားသေးဘူးဆိုတာကြည့်ပင် ရှုရှု စိတ်အားငယ်လာမိသည်

ရန်ရုချန်ရဲ့ ရုံးစားပွဲကို အေးစက်စွာကြည့်ကာ သတ္တိ စုကာ မတ်တပ်ရပ်လိုက်သည် လျှောက်သွားကာ သူ့စားပွဲပေါ်က ဖုန်းကိုယူဖြေလိုက်သည်  "သေလိုက် ဘာဖြစ်ချင်နေတာလဲ"

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now