Chapter 295

1K 98 0
                                    

အခန်း ၂၉၅ တော်လိုက်တဲ့ ကလေးတွေ

အရင်ကများ သူ သူမကို ဒီလိုကျောပိုးပြီး ငယ်ငယ်တုန်းကအကြောင်းတွေ မတွေးမိဘူးလား အတွေးမရှိဘူးလားမေးရင် သေချာပေါက် ပျော်ပျော်ရွှင်ရွှင်နဲ့ ချက်ချင်း

'အားချန်ငါနင့်ကို ကြိုက်တယ်’လို့ပြောမှာပေါ့

ဒါမဲ့ အခုတော့ အကုန်နောက်ကျသွားပြီ

သခင်လေးရန်ရဲ့ ယုံကြည်ချက်တွေ ပျောက်သွားပြီးတော့ သူ့နှလုံးသားကို ဓားနဲ့ အထိုးခံလိုက်ရသလိုပင် အားတင်းပြုံးကာ “မင်းလို ငတုံးမ အတွက် ငါက အရမ်းထူးချွန်လွန်းနေတာ ငါသိတယ်”

“အင်း တကယ်ပဲ…” ရှုရှု အဓိပ္ပာယ်ရှိစွာ ပြုံးလိုက်သည်။

ရန်ရုချန် သူ့ကျောပေါ်မှာ မကောင်းဆိုးဝါးလေးတွေကို ကျောပိုးရတုန်းက သူတို့ သူ့ကျောပေါ်က မြန်မြန်ဆင်းစေချင်သည်။ ဒါမဲ့ ရှုရှုကို ပိုးရတော့ လမ်းကို ဘယ်တော့မှ မဆုံးစေချင်တော့..

ရှုရှု ကလေးတွေစီ လာလည်တိုင်း သူတို့က သူမကို ညစာစားတဲ့ချိန်ထိ သူမနားကပ်နေကြပြီးတော့ ဒီတစ်ခါလည်း ခြွင်းချက်မရှိပေ

ထို့ကြောင့် ရန်ရုချန်လည်း ညစာစားဖို့နေရတော့သည်။
မုန်လာဥနဲ့ဂေါ်ဖီပန်းကန်ကို မြင်တော့ သူ့မျက်နှာမှာ မစားချင်တဲ့ အမူအရာ ပေါ်လာတော့သည်။

လူစားတဲ့ အစားအစာလား ယုန်စားတဲ့ အစားအစာလား

ရှုရှု သူ့စိတ်ကို ဖတ်နိုင်တာကြောင့် သူ့စီလျှောက်လာပြီး တိုးတိုးလေးပြောလိုက်သည် “ကလေးတွေရဲ့ စံပြဖြစ်အောင် စားပြလိုက်”

“မမ ဘာလို့ အဲ့မှာ အနီမှတ်တွေ ရှိနေတာလဲ”

ရုတ်တရက် သူမ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ကလေးလေးက ရှုရှုလည်ပင်းအောက်ကို ညွှန်ပြကာ အလန့်တကြားအော်လိုက်သည်။
ရှုရှု အံဩသွားကာ ထိုနေရာကို လှမ်းထိလိုက်သည် “အနီမှတ်?”

သူမ အကျီကော်လံကို ဆွဲကာ ကြည့်ဖို့ ခေါင်းငုံ့လိုက်သည်။

သူမမျက်နှာ ချက်ချင်းနီရဲသွားတော့သည် သူမလည်ပင်းရိုးနားမှာ အနီရောင်နဲ့ ခရမ်းရောင် အမှတ်တွေ ရှိလို့နေသည်။

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now