အခန်း ၃၁၃ မင်းငါ့အကြောင်း အဲ့လောက်ဂရုစိုက်လို့လား
ရန်ရုချန်က သူတို့သဘောကျမယ့် အဖြေပေးမှာ မဟုတ်မှန်းသူတို့သိသည်၊
ဒါမဲ့ ရန်ရုချန်အကြောင်းသိနေတာကြောင့် ဘာမှ လုပ်လို့မရ
ရှုရှုထရပ်ကာ သူတို့ကို တလေးတစား ဦးညွှတ်လိုက်ပြီး “ယုံကြည်ပေးလို့ ကျေးဇူးပါ ဦးလေးတို့”
ဘုတ်ဒါရိုက်တာ အစည်းအဝေးပြီးသွားတော့ လူအိုကြီးတွေက ၂ ယောက်တူတူ ၃ ယောက်တူတူထွက်သွားကြသည် တချို့ ကုမ္ပဏီရှယ်ယာအများကြီးပိုင်တဲ့သူတွေ ဝမ်ဒါချင်းနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့ သူတချို့ရှိကြသည်။
အစည်းအဝေးခန်းထဲ ရှိနေသေးတဲ့ လူအိုကြီးတချို့က သူမစီလျှောက်လာကာ “ရှုရှု သမီးနဲ့တတိယရန်လက်ထက်ထားတာတောင် တော်တော်ကြာနေပြီ ကလေးမယူသေးဘူးလား”
“ဟုတ်တယ် ကလေးတစ်ယောက်ရှိတာက အဲ့ဒီ မာနကြီးနေတဲ့ကောင်ကို ယဥ◌်ပါးအောင် လုပ်ပေးလိမ့်မယ်”
ထိုသို့ပြောတာကြားတော့ ရှုရှုပါးလေးရဲလာကာ “ဟဟ အချိန်တန်တော့ ဖြစ်လာမှာပါ”
‘သူဒေါသနဲ့ ကလေးက သူ့ကိုနိုင်မယ်ထင်လို့လား’
‘သူ့ကို နိုင်တဲ့သူကော ဒီလောကမှာ ရှိပါ့မလား’ သူမတွေးနေမိသည်။
ထို အထင်ကြီးလေးစားဖွယ်ရာ ဒါရိုက်တာတွေကို ပြန်ပို့ပြီးတော့ ရှုရှု ဥက္ကဌရုံးခန်းကို ပြန်လာကာ ရန်ရုချန် ရုံးခန်းတံခါးပိတ်ထားတာမြင်လိုက်ရသည်။ သူမ ဝင်ပါလိုက်လို့ သူ သူမကို အပြစ်တင်တော့မယ်ဆိုတာ သိလိုက်သည်။
“ဟူး” ရှုရှု သူ့တံခါးကိုခေါက်ဖို့သွားဖို့သွားရင်း သက်ပြင်းချလိုက်သည်။
ရန်ရုချန်အေးစက်စွာ ပြန်ဖြေလိုက်သည် “ဝင်ခဲ့”
ရှုရှုတံခါးဖွင့်လိုက်တော့ ရန်ရုချန် သူ့ရဲ့ထိုင်ခုံပေါ်မှာထိုင်နေတာ တွေ့လိုက်ရသည်။ စာရွက်စာတမ်း တဖိုင်လောက်ကြီးနဲ့
ရှုရှုမှန်းသူသိတာကြောင့်ခေါင်းမော့မကြည့်တော့ ပြီးတော့ သူမကို သူစိတ်ဆိုးနေသည်။
“တစ်ခုခုသောက်မလား” ရှုရှုလျှောက်လာကာ နူးညံ့စွာမေးလိုက်သည်။
ဒီကောင်က တခါတလေ ကလေးလိုပင် သူ့ကိုပျော့ပျော့ပျောင်းပျောင်းဆက်ဆံရင် ချဥ◌်းကပ်ရပိုလွယ်သည်။
“မလိုဘူး” ရန်ရုချန် သူလုပ်နေတာကို ရပ်လိုက်ကာ ခေါင်းမော့လိုက်သည်။ မျက်မှောင်ကြုတ်ကာ သူမကို တည့်တည့်စိုက်ကြည့်ပြီး “ဝမ်ရှုရှု မင်းအဲ့ဒီ လူအိုကြီးတွေကို ဘယ်လိုရှင်းပြဖို့ စဥ◌်းစားထားလဲ ငါ့ကို ပြောပါဦး”
တကယ်တန်း သူဘယ်သူ့ကိုမှ ဖြေရှင်းချက်ပေးနေစရာမလိုပေ
အဲ့ဒီ လူအိုကြီးတွေက ရှယ်ယာနည်းနည်းလေးပဲပိုင်တာ သူတို့ ရှယ်ယာအမောင့်က ရန်မိသားစု ရှယ်ယာရဲ့ သုံးပုံပုံ တပုံပဲရှိတာ သူသာ သူတို့ ရှယ်ယာတွေကို လိုချင်ရင် ချက်ချင်းယူလို့ရတယ်
ဒါမဲ့ အဘွားက သူတို့ရဲ့မိတ်ဆွေဆက်ဆံရေးကို တန်ဖိုးထားတာရယ် အရင်က ကူညီခဲ့တဲ့ ပက်သက်မှုတွေကြောင့်ရယ် သူတို့ကို လက်တချောင်းတောင်မစရာမလိုဘဲ F and P ရဲ့ အကျိုးအမြတ်တွေကို ခံစားခိုင်းထားတာ
တကယ်ဘဲ သူတို့က ရဲတင်းပြီး သူ့စီက ရှင်းပြချက်လိုချင်နေကြတာပဲ
“အဘွားရဲ့နောက်ဆုံးဆန္ဒက နင့်ကို ကုမ္ပဏီမှာ ကူညီပေးတာလည်းပါတယ် သူမ ဆန္ဒကို မသိချင်ယောင်ဆောင်ပြီး နင့်ကိုလွှတ်မထားနိုင်ဘူး” ရန်ရုချန်ကို ကြည့်ကာ သူမ စကားတွေက ဆုံးဖြတ်ထားပြီးသားပုံစံဖြင့် “လုပ်ခွင့်မပေးနိုင်ဘူး”
သူ့ကို လက်ထပ်တဲ့နေ့ကတည်းက သူနဲ့အတူ F and P ရဲ့အောင်မြင်မှုကိုဖြစ်စေ ရှုံးနိမ့်မှုကိုဖြစ်စေ တူတူပုခုံးထမ်းဖို့ ဆုံးဖြတ်ထားပြီးသား
အဘွားကောင်းကင်ဘုံကနေ ကြည့်ပြီး F and Pရဲ့ ခန့်ညားတဲ့အောင်မြင်မှုတွေကို မြင်စေချင်သည်။
“ဝမ်ရှုရှု…..” ရန်ရုချန် အံကြိတ်ကာ “အဲ့ဒီ သောက်ချာလီ ငါ့မိန်းမကို လာလိုချင်နေပြီး ငါ့ကို ဘယ်လိုတောင် ဂရုမစိုက်ရဲတာလဲ”
ချာလီအကြောင်းပြောလိုက်တာနဲ့ သူ့အကြည့်တွေက ပါ အေးစက်လာတော့သည်။
သူတို့ကြား နက်နဲထဲ သွေးကြွေးတွေ ရှိနေသလိုလို
ရှုရှု မျက်တောင် ခတ်ကာ စသလို အသံဖြင့် “နင်က ငါ့ကို အဲ့လောက်တောင် ဂရုစိုက်တယ်ပေါ့”အခန္း ၃၁၃ မင္းငါ့အေၾကာင္း အဲ့ေလာက္ဂရုစိုက္လို႔လား
ရန္ရုခ်န္က သူတို႔သေဘာက်မယ့္ အေျဖေပးမွာ မဟုတ္မွန္းသူတို႔သိသည္၊
ဒါမဲ့ ရန္ရုခ်န္အေၾကာင္းသိေနတာေၾကာင့္ ဘာမွ လုပ္လို႔မရ
ရႈရႈထရပ္ကာ သူတို႔ကို တေလးတစား ဦးၫႊတ္လိုက္ၿပီး “ယံုၾကည္ေပးလို႔ ေက်းဇူးပါ ဦးေလးတို႔”
ဘုတ္ဒါရိုက္တာ အစည္းအေဝးၿပီးသြားေတာ့ လူအိုႀကီးေတြက ၂ ေယာက္တူတူ ၃ ေယာက္တူတူထြက္သြားၾကသည္ တခ်ိဳ႕ ကုမၸဏီရွယ္ယာအမ်ားႀကီးပိုင္တဲ့သူေတြ ဝမ္ဒါခ်င္းနဲ႔ ရင္းႏွီးတဲ့ ဆက္ဆံေရးရိွတဲ့ သူတခ်ိဳ႕ရိွၾကသည္။
အစည္းအေဝးခန္းထဲ ရိွေနေသးတဲ့ လူအိုႀကီးတခ်ိဳ႕က သူမစီေလ်ွာက္လာကာ “ရႈရႈ သမီးနဲ႔တတိယရန္လက္ထက္ထားတာေတာင္ ေတာ္ေတာ္ၾကာေနၿပီ ကေလးမယူေသးဘူးလား”
“ဟုတ္တယ္ ကေလးတစ္ေယာက္ရိွတာက အဲ့ဒီ မာနႀကီးေနတဲ့ေကာင္ကို ယဥ◌္ပါးေအာင္ လုပ္ေပးလိမ့္မယ္”
ထိုသို႔ေျပာတာၾကားေတာ့ ရႈရႈပါးေလးရဲလာကာ “ဟဟ အခ်ိန္တန္ေတာ့ ျဖစ္လာမွာပါ”
‘သူေဒါသနဲ႔ ကေလးက သူ႔ကိုႏိုင္မယ္ထင္လို႔လား’
‘သူ႔ကို ႏိုင္တဲ့သူေကာ ဒီေလာကမွာ ရိွပါ့မလား’ သူမေတြးေနမိသည္။
ထို အထင္ႀကီးေလးစားဖြယ္ရာ ဒါရိုက္တာေတြကို ျပန္ပို႔ၿပီးေတာ့ ရႈရႈ ဥကၠဌရံုးခန္းကို ျပန္လာကာ ရန္ရုခ်န္ ရံုးခန္းတံခါးပိတ္ထားတာျမင္လိုက္ရသည္။ သူမ ဝင္ပါလိုက္လို႔ သူ သူမကို အျပစ္တင္ေတာ့မယ္ဆိုတာ သိလိုက္သည္။
“ဟူး” ရႈရႈ သူ႔တံခါးကိုေခါက္ဖို႔သြားဖို႔သြားရင္း သက္ျပင္းခ်လိုက္သည္။
ရန္ရုခ်န္ေအးစက္စြာ ျပန္ေျဖလိုက္သည္ “ဝင္ခဲ့”
ရႈရႈတံခါးဖြင့္လိုက္ေတာ့ ရန္ရုခ်န္ သူ႔ရဲ့ထိုင္ခံုေပၚမွာထိုင္ေနတာ ေတြ့လိုက္ရသည္။ စာရြက္စာတမ္း တဖိုင္ေလာက္ႀကီးနဲ႔
ရႈရႈမွန္းသူသိတာေၾကာင့္ေခါင္းေမာ့မၾကၫ့္ေတာ့ ၿပီးေတာ့ သူမကို သူစိတ္ဆိုးေနသည္။
“တစ္ခုခုေသာက္မလား” ရႈရႈေလ်ွာက္လာကာ ႏူးညံ့စြာေမးလိုက္သည္။
ဒီေကာင္က တခါတေလ ကေလးလိုပင္ သူ႔ကိုေပ်ာ့ေပ်ာ့ေပ်ာင္းေပ်ာင္းဆက္ဆံရင္ ခ်ဥ◌္းကပ္ရပိုလြယ္သည္။
“မလိုဘူး” ရန္ရုခ်န္ သူလုပ္ေနတာကို ရပ္လိုက္ကာ ေခါင္းေမာ့လိုက္သည္။ မ်က္ေမွာင္ၾကဳတ္ကာ သူမကို တၫ့္တၫ့္စိုက္ၾကၫ့္ၿပီး “ဝမ္ရႈရႈ မင္းအဲ့ဒီ လူအိုႀကီးေတြကို ဘယ္လိုရွင္းျပဖို႔ စဥ◌္းစားထားလဲ ငါ့ကို ေျပာပါဦး”
တကယ္တန္း သူဘယ္သူ႔ကိုမွ ေျဖရွင္းခ်က္ေပးေနစရာမလိုေပ
အဲ့ဒီ လူအိုႀကီးေတြက ရွယ္ယာနည္းနည္းေလးပဲပိုင္တာ သူတို႔ ရွယ္ယာအေမာင့္က ရန္မိသားစု ရွယ္ယာရဲ့ သံုးပံုပံု တပံုပဲရိွတာ သူသာ သူတို႔ ရွယ္ယာေတြကို လိုခ်င္ရင္ ခ်က္ခ်င္းယူလို႔ရတယ္
ဒါမဲ့ အဘြားက သူတို႔ရဲ့မိတ္ေဆြဆက္ဆံေရးကို တန္ဖိုးထားတာရယ္ အရင္က ကူညီခဲ့တဲ့ ပက္သက္မႈေတြေၾကာင့္ရယ္ သူတို႔ကို လက္တေခ်ာင္းေတာင္မစရာမလိုဘဲ F and P ရဲ့ အက်ိဳးအျမတ္ေတြကို ခံစားခိုင္းထားတာ
တကယ္ဘဲ သူတို႔က ရဲတင္းၿပီး သူ႔စီက ရွင္းျပခ်က္လိုခ်င္ေနၾကတာပဲ
“အဘြားရဲ့ေနာက္ဆံုးဆႏၵက နင့္ကို ကုမၸဏီမွာ ကူညီေပးတာလည္းပါတယ္ သူမ ဆႏၵကို မသိခ်င္ေယာင္ေဆာင္ၿပီး နင့္ကိုလႊတ္မထားႏိုင္ဘူး” ရန္ရုခ်န္ကို ၾကၫ့္ကာ သူမ စကားေတြက ဆံုးျဖတ္ထားၿပီးသားပံုစံျဖင့္ “လုပ္ခြင့္မေပးႏိုင္ဘူး”
သူ႔ကို လက္ထပ္တဲ့ေန့ကတည္းက သူနဲ႔အတူ F and P ရဲ့ေအာင္ျမင္မႈကိုျဖစ္ေစ ရႈံးနိမ့္မႈကိုျဖစ္ေစ တူတူပုခံုးထမ္းဖို႔ ဆံုးျဖတ္ထားၿပီးသား
အဘြားေကာင္းကင္ဘံုကေန ၾကၫ့္ၿပီး F and Pရဲ့ ခန႔္ညားတဲ့ေအာင္ျမင္မႈေတြကို ျမင္ေစခ်င္သည္။
“ဝမ္ရႈရႈ…..” ရန္ရုခ်န္ အံႀကိတ္ကာ “အဲ့ဒီ ေသာက္ခ်ာလီ ငါ့မိန္းမကို လာလိုခ်င္ေနၿပီး ငါ့ကို ဘယ္လိုေတာင္ ဂရုမစိုက္ရဲတာလဲ”
ခ်ာလီအေၾကာင္းေျပာလိုက္တာနဲ႔ သူ႔အၾကၫ့္ေတြက ပါ ေအးစက္လာေတာ့သည္။
သူတို႔ၾကား နက္နဲထဲ ေသြးေႂကြးေတြ ရိွေနသလိုလို
ရႈရႈ မ်က္ေတာင္ ခတ္ကာ စသလို အသံျဖင့္ “နင္က ငါ့ကို အဲ့ေလာက္ေတာင္ ဂရုစိုက္တယ္ေပါ့”
![](https://img.wattpad.com/cover/110316503-288-k235708.jpg)
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romanceတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...