အခန်း ၆၁ အဲ့ဒါ ဘာအကြည့်လဲ
သူဘယ်တုန်းက ဒီအရူးမနဲ့ ပက်သက်ပြီး ဘာမှမဖြစ်ဘူး လို့ ပြောမိလို့လဲ
ဟုတ်ပြီ တကယ်လို့ ထမင်းထွေးထုတ်မိလို့လို့ ဝမ်ရှုရှုသာမပြောရင် သူ့အမေပြောသလို ကိစ္စမရှိဘူးလို့သာ မကြားမိရင် သူတကယ် ဘာမှမဖြစ်သလို ဆက်စားမိမှာပဲ
ဝမ်ရှုရှုက အပြင်ထွက်တိုင်း ရေဘူးအမြဲဆောင်လေ့ရှိပြီး တကယ်လို့ လမ်းခုလတ်မှာ သူရေဆာရင် သူမရေပုလင်းကို ယူသောက်နေကျပဲ
သူတစ်ခါမှမတွေးခဲ့ဖူးဘူး သူဝမ်ဒါချင်းကို ပြောခဲ့သလိုပဲ သူမမှာ ကူးစက်ရောဂါရှိမယ့်ပုံ မပေါ်သလို သူမပါးစပ်ထဲမှာ မစင်ရှိတာမှမဟုတ်တာ သူဘာလို့ ရွံနေရမှာလဲ
ဒါပေမယ့် ဒါက ဒီအရူးမ ကိုပဲ သူအပြင်မှာတွေ့ဖူးတဲ့ မိန်းမတွေ သူတို့ရဲ့တူတွေနဲ့ သူ့ကို အစားခွံကျွေးရင် သူဘယ်တော့မှမစားခဲ့ဘူး အကြောင်းပြချက်ကို သူတစ်ခါမှမတွေးခဲ့ဖူးဘူး အဲ့ဒါက သူတို့ကလေးကတည်းက အကျင့်ဖြစ်လာတာကြောင့်လည်းပါမယ် မကြာခန ရေခဲချောင်းလဲစားသလို ရေတစ်ခွက်တည်းတူတူသောက် ရေပါတူတူချိုးခဲ့ကြတာ
ရေတူတူချိုးခဲ့တာက ဇဝေဇဝါ ဖြစ်နေပေမယ့် တကယ်သူတို့ ရေတူတူချိုးခဲ့ကြတာ
မဒမ်မူလိ က ဘာမှမဖြစ်ဘူး ပြောနေတာကြောင့် သူတကယ် ဆက်စားနိုင်ရင်တောင် မစားဖို့ ဆုံးဖြတ်လိုက်တယ်
သခင်လေးရန် မျက်နှာက တွေးနေရင်း မျက်နှာမဲလာပြီး တူကို ချလိုက်တယ်
ဝမ်ရှုရှု ရန်ရုချန် မျက်နှာကိုကြည့်ပြီး မဒမ်မူလိ မျက်နှာလှည့်ကာ ပြုံးလိုက်တယ် သူမပြောချင်နေတာက "ရန်ရုချန် မျက်နှာကိုကြည့်ပါဦး သူက သူမကို အထင်မသေးဘဲဘယ်နေလိမ့်မလဲ"
ဟင်းတွေကို ပစ်ဖို့ ပန်းကန်ယူလိုက်ပြီး မီးဖိုချောင်ထဲသွားကာ ပါဝင်ပစ္စည်းတွေ ယူပြီး အသစ်ချက်ဖို့ လုပ်လိုက်တယ်
"ရှုရှု အလုပ်ရှုပ်မခံနဲ့ အန်တီ လုပ်လိုက်မယ်" မူလိ မီးဖိုချောင်ထဲ လိုက်ဝင်လာတော့ ဝမ်ရှုရှု ခရမ်းချဉ်သီး သခွားသီးနဲ့ အမဲသား ကို လှီးပြား ပေါ်တင်ပြီး လှီးမလို့လုပ်နေတုန်းရှိသေးတယ်"
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romanceတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...