400

2.7K 94 9
                                    

အခန်း ၄၀၀ မင်းကိုနားလည်ဖို့ မကြိုးစားတော့ဘူး
အိုသေလိုက်ပါတော့ ၂၄ နာရီလုံးအိပ်ပျော်နေခဲ့တာပဲ
'ဝမ်ရှုရှု နင်ကဝက်လား?'
သူမကိုယ်သူမပြောကာ အိမ်သာဆီပြေးတော့သည်။
အိမ်သာထဲကထွက်လာပြီးတော့ ရင်းနှီးတဲ့ တိုင်းရင်းဆေးအနံ့ရလိုက်သည်။
သူမ အိပ်ရာနားက အံဆွဲကိုကြည့်လိုက်တော့ ခွက်အလွတ်ကိုတင်ထားတာတွေ့လိုက်ရသည်။ ပန်းကန်လုံးထဲမှာ ဆေးအညိုရည်တချို့တောင်ကျန်နေဆဲ
တစ်စုံတစ်ယောက်က သူမကိုဆေးတိုက်သွားတာပဲ သူမသိသည် သူမ အပြင်းဖျားပြီးတော့ သူ့ဘာသူ အဖျားကျသွားတာတော့ မဖြစ်နိုင်ဘူး ပူပြီးသေမသွားတာ အံဩစရာပဲ
သူမ အဘိုးပဲနေမှာ
"အဘိုး? အဘိုးလား?"
ရှုရှု တံခါးဖွင့်လိုက်တော့ မီးဖိုချောင်ထဲမှာ တစ်စုံတစ်ယောက် ရှိနေတာသိလိုက်ရသည်။
မီးဖိုချောင်ထဲကလူက သူမပြောတာကို ကြားသွားပုံပင် "အစ်မရှုရှု ကျွန်တော်ပါ"
ချီလဲ့ပင် ရှုရှု သူ့ကိုပြုံးပြလိုက်သည်။ သူမတညလုံးအပြင်းဖျားထားတာကြောင့် သူမအပြုံးကော အသံကောက အားနည်းလို့နေသည်။ "ချီလဲ့ မနေ့ညက အဘိုးငါ့ကိုဂရုစိုက်ပေးတာလား?"
ချီလဲ့လက်ထဲ ဆန်ပြုတ်ပန်းကန်ကိုကိုင်ကာ လျှောက်လာရင်းခေါင်းခါပြသည် "မဟုတ်ဘူး အဲ့ဒါ အကိုတတိယရန်"
"ဘာ?" သူပြောတာကြားတော့ ရှုရှု အံဩသွားကာ သူမမျက်နှာမှာလည်းစိတ်ရှုပ်မှုအပြည့်နဲ့ "နင်ပြောချင်တာက ရန်ရုချန် မနေ့ညကလာသွားတယ်ဆိုတဲ့သဘောလား"
'သူမကို သူဆေးတိုက်သွားတာလး'
'ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ'
"ဟုတ်တယ် သူမနေ့ညကဆေးခန်းကိုလာပြီး အစ်မတိုက်ခန်းသော့ယူသွားတာ" ချီလဲ့ဆက်ကာ "သူ မနက်ကမှ ပြန်သွားတာ"
"မဟုတ်ဘူး ဒါမဲ့....."ရှုရှု သူမနားသူမ မယုံနိုင်ပေ ကြမ်းပြင်ကိုစိုက်ကြည့်နေပြီး သူမကိုသူမရေရွတ်နေကာ ချီလဲ့ကိုမေးလိုက်သည်။ "ဘာလို့ သူဒီကိုရောက်နေတာလဲ?"
ပြီးတော့ တညလုံးနေပြီး သူမကို ဂရုစိုက်ခဲ့သေးတယ်
သူ့ကိုနောက်ဆုံးအကြိမ်အိမ်မှာတွေ့တုန်းက သူ့ကို သနားစရာကောင်းတဲ့ပုံစံနဲ့ ကြည့်နေတာတောင် သူအေးတိအေးစက်ပြန်ကြည့်ခဲ့တာ
ချီလဲ့ခေါင်းခါကာ "ကျွန်တော်လည်းသေချာမသိဘူး"
သူခနရပ်နေပြီးမှ "အကို တတိယရန် မနေ့ညက တညလုံးနေခဲ့တာဆိုတော့ အစ်မကို အရမ်းစိတ်ပူနေတာပဲနေမှာ သူမနေ့ကဆေးခန်းကိုလာတုန်းက သော့တွေယူပြီးတာနဲ့ အမြန်ထွက်သွားတော့တာပဲ"
ရှုရှု 'အို' ဟုသာပြန်ပြောလိုက်ကာ အတွေးထဲနစ်မြောလို့နေသည်။
သန့်ရှင်းရေးလုပ်ဖို့ထသွားပြီး ရေချိုးခန်းထဲကပြန်ထွက်လာတဲ့အထိ လန့်နေဆဲပင်
ချီလဲ့က သူမအတွက် ဆန်ပြုတ်နဲ့ ဟင်းနှစ်မျိုးပြင်ပေးသည်။ သူမ နေ့လည်စာစားလို့ကုန်ခါနီးမှာပဲ ရုတ်တရက် တစ်ခုခုကိုတွေးမိပြီး တူနဲ့ပန်းကန်ကို အမြန်ချကာ သူမအခန်းထဲ အမြန်ပြေးသွားလိုက်သည်။ မှန်တင်ခုံစီသွားကာ အံဆွဲကိုဆွဲဖွင့်လိုက်သည်။
သူမဒိုင်ယာရီနဲ့ သစ်သားဘူးလေးနဂိုအတိုင်းလော့ခတ်ထားပြီး နဂိုနေရာမှာပဲရှိနေတာမြင်တော့မှ စိတ်ချတော့သည်။
ကျေးဇူးတင်စွာနဲ့ထိုကောင်စုတ်က အထက်တန်းကျောင်းတုန်းကလို လျှောက်မကြည့်ခဲ့ဘူးပဲ သူမဒိုင်ယာရီကော သစ်သားဘူးကိုကော ဘာမှမလုပ်ခဲ့ဘူး သူမ လျှို့ဝှက်ချက်က ခုထိ လုံခြုံနေဆဲပင်
စိတ်သက်သာရာရသွားပြီး ဧည့်ခန်းထဲ ပြန်သွားတော့သည်။
နေ့လည်စာစားပြီးတော့ ရှုရှုဆေးခန်းကိုပြန်သွားလိုက်သည်။ အဘိုးသူမကိုလုပ်ပေးတဲ့ဆေးကိုသောက်ပြီး အိမ်ကို ပြန်သွားခဲ့သည်။
သူမနေ့လည်ကနေ ညထိစောင့်နေပေမယ့် ရန်ရုချန်ပေါ်မလာပေ သူမ ဇာတ်ကားပြီးတဲ့ထိ ခြံဝင်းကအလွတ်
တွေ့ဆုံမှုတွေနဲ့ အလုပ်ရှုပ်နေတာနေမည်။
ရှုရှု အပြင်ကိုကြည့်ကာ သမ်းလိုက်ပြီး ဆက်မစောင့်နေတော့ဘဲ ထရပ်ကာ လှေကားပေါ်တက်လိုက်သည်။
တကယ်လည်း ဘာလို့သူ့ကိုစောင့်နေမှန်းတော့ သူမလည်းမသေချာ သူအိမ်ပြန်လာရင်ကောဘာပြောရမှာလဲ?
'မနေ့ညက ငါ့ကိုဂရုစိုက်ပေးလို့ကျေးဇူးတင်ပါတယ်လို့လား?'
ဒါမှ မဟုတ် ဘာလို့မနေ့က သူမကို ဂရုစိုက်ပေးတာလဲလို့မေးရမှာလား?
ဘယ်လိုပဲ စဥ◌်းစားစား စကားတွေက အပိုပြောနေသလိုပင်
သူမ သက်ပြင်းချကာ တွေးလိုက်မိတာက 'ရန်ရုချန် ငါနင့်ကို နားမလည်တော့ဘူးလို့ ခံစားနေရတယ်'
သူ့ကို နားမလည်နိုင်တော့ သူ့စိတ်ထဲမှာ ဘာတွေရှိနေပြီးတော့ ဘာလုပ်ချင်နေတာလဲ? သူ့စိတ်ထဲမှာ သူမမရှိရင် ဘာလို့အဲ့လိုတွေ လုပ်ပေးနေရတာလဲ?

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now