အခန်း ၃၀၅ ငါတို့ နိုင်ငံတကာ သတင်းထဲ မပါတာ တော်တော်ကြာပြီ
ရန်ရုချန်က ဒီနေ့ တွေ့ဆုံပွဲကို စလုပ်ဖို့ပြောတဲ့သူပင် သူထင်တာက သူ့မိန်းမက ကြယ်လေးများမိဘမဲ့ဂေဟာအတွက် မြေကိုလိုချင်နေတာလို့ အဲ့ဒါကြောင့် သူဘောလုံးကို လှိမ့်ပြီး သူ့တောင်းဆိုတာကို လက်မခံခင် ကိစ္စက နည်းနည်းခက်သလို ဟန်ဆောင်လိုက်မယ်ပေါ့
ဘယ်သူကထင်မှာလဲ ရန်ရုချန်က သူ့ကို ချက်ချင်း ခြိမ်းခြောက်လိမ့်မယ်လို့
လက်ရှိအခြေအနေအရ သူ သူ့မာနကိုဘေးဖယ်ထားပြီး သူ့ဒေါသကို မျိုချရမယ် ရန်ရုချန်နဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုဖန်တီးဖို့
သူ မဲ မပေးချင်တောင် ရန်ရုချန်ကို သူ့ဘက်ပါအောင်လုပ်ထားရမည်
ရန်ရုချန် ဖန်ကျားရင်ရောက်လာတာမြင်တော့ သူ့ရဲ့ပထမဆုံးတုံ့ပြန်မှုက ရှုရှု အမူအရာကို အကဲခတ်တာပင်
ဖန်ကျားရင် ရုတ်တရက်ရောက်လာမှုကြောင့် သူပျာယာခတ်သွားသည်။ အရင်က သူ့ဦးလေးက မြို့တော်ရဲ့ အစိုးရရုံးမှာ အလုပ်လုပ်တာ ဘာလို့မပြောခဲ့တာလဲ
သူမျှော်လင့်တာက ဒီငတုံးမ သူ့ကို ဖန်ကျားရင်နဲ့တွေ့ဖို့ တမင်ခေါ်လာတာလို့ အထင်မလွဲမိစေဖို့ပဲ
အခန်းက တိတ်ဆိတ်သွားကာ ဖန်ကျားရင် အတွင်းရေးမှုးလျိုကို တချက်ကြည့်ပြီး ရန်ရုချန်နဲ့ ရှုရှုကို ကြည့်လိုက်သည်။
“ဘာဖြစ်လို့လဲ ဆွေးနွေးနေတာကိုနှောင့်ယှက်မိသွားတာလား”
“မဟုတ်ပါဘူး တူတူညစာဝင်စား လာ”
အတွင်းရေးမှူးလျို ပြုံးကာ သူ့တူနဲ့ ဖန်ကျားရင်ကို ဟင်းထည့်ပေးလိုက်သည်။ရန်ရုချန်နဲ့ ရှုရှု့ကိုလည်း စားဖို့ပြောလိုက်သည်။
ရန်ရုချန်ရှေ့မှာ အမဲခါးဆစ်သား ဟင်းရှိနေပြီး တစ်ခုယူကာ ရှုရှု ပန်းကန်ထဲ ထည့်ပေးလိုက်သည်။
တချိန်လုံး သူဖန်ကျားရင်ကို တစက်ကလေးမှ မကြည့်ခဲ့ဟင်းကို ကြည့်နေကာ ချက်ချင်းပဲ ဟင်းသီးဟင်းရွက် တချို့ယူကာ ရန်ရုချန် ပန်းကန်ထဲထည့်ပေးလိုက်ပြီး “နင်လည်းစား”
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romanceတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...