အခန်း ၃၅၄ ကလေးမလေးအတွက် အဆင်မပြေလို့လား
အိပ်ပျော်နေတဲ့ ရန်ရုချန်ကို ကြည့်နေရင်း သူ့စီကနေ အကြည့်မဖယ်နိုင်ဘူး
...........
ရှုရှု နောက်နေ့နိုးလာတော့ ရန်ရုချန်ရဲ့ ကုတ်အကျီက သူမပေါ်ကိုခြုံထားရင် ဆိုဖာပေါ်မှာ အိပ်ပျော်နေတာကိုတွေ့လိုက်ရသည်။
မနေ့ညက ဟွမ်ဟွမ် အဖျားကို စိတ်ပူပြီး အိပ်ရာဘေးမှာ တချိန်လုံးစောင့်နေခဲ့တာကို မျက်စိတမှိတ်အတွင်း ဘာတွေဖြစ်သွားတာလဲ
ရန်ရုချန် သူမကို ဆိုဖာပေါ် ပြန်ရွှေ့လိုက်တာနေမှာ
အိပ်ရာစီ ပြန်သွားတော့ ဟွမ်ဟွမ်လေးက အိပ်ပျော်နေဆဲဖြစ်ကာ အိပ်ရာဘေးက သစ်သားခုံလေးကတော့လွတ်နေလျက်
ရန်ရုချန် သွားပြီလားပဲ သူမဖုန်းကိုထုတ်ကာ သူ့နံပါတ်ကိုခေါ်လိုက်သည်။
ဖုန်းဝင်သွားပြီးတော့ အေးစက်စက်အသံတစ်ခု တဖက်ကကြားလိုက်ရသည်။ "မင်းနိုးပြီပဲ"
ရှုရှုက "နင်ရုံးမှာလား"
မနေ့က ကိစ္စနဲ့ပက်သက်ပြီး စိတ်တိုနေသေးလားမသေချာ ဒါမဲ့ သူ့အသံကနေ သူခုထိ စိတ်တိုနေဆဲဆိုတာတော့ သူမခံစားလို့ရသည်။
ရန်ရုချန် ခပ်တိုတ်ို အင်းဟု သာ ပြန်ဖြေပြီးဘာမှ ဆက်မပြော
ရှုရှု ခနလောက်တုံ့ဆိုင်းနေပြီးမှ "မနေ့ညက နင်ကောင်းကောင်း မအိပ်လိုက်ရဘူး ရုံးရောက်ရင် တရေးလောက်မှေးလိုက်ဦး"
နှစ်ဖက်လုံးက သဘောထားကွဲလွဲနေမှတော့ တဖက်ကတော့ အလျှော့ပေးရမှာပဲ
မနေ့က ညလယ်ကြီး သူ သူမအတွက်ညလယ်စာဝယ်လာပေးတဲ့အပြင် ဆေးရုံမှာ သူမနဲ့အတူတူ အဖော်လုပ်ပြီးနေပေးခဲ့သေးတာ သူအကောင်းဆုံးလုပ်ပေးခဲ့တာပဲလေ
ရန်ရုချန် လေသံပျော့သွားကာ "နားလည်ပြီ"
"အာ့ဆိုလည်း ဒါပဲလေ"
ရှုရှု ဖုန်းချတော့မလိုရှိသေးရန်ရုချန်က ထပ်ပြောလိုက်သည် "ငါထွက်မလာခင် ဆရာဝန်ကို စကားပြောကြည့်တော့ ဟွမ်ဟွမ် အခြေအနေကိုစောင့်ကြည့်ပြီး ဒီမနက် အဖျားကျရင် အားပြန်ပြည့်အောင်လို့ အိမ်ခေါ်သွားလို့ရပြီပြောတယ်"
ရှုရှု ချက်ချင်းပင် "ဆေးရုံမှာနေတာပဲကောင်းပါတယ် ဂေဟာမှာက ကလေးတွေအများကြီး ကာကွယ်ဆေးလည်းမထိုးရသေးဘူးတဲ့ ပြီးတော့ ဂေဟာကလည်း အဝေးကြီးရယ် တစ်ခုခုကို အရေးပေါ်ဖြစ်လာရင် ဒုက္ခရောက်လိမ့်မယ်"
"အိမ်ခေါ်သွားလိုက် အာ့ဆိုလည်း" ရန်ရုချန်ပြောလိုက်သည်။ "အန်တီကျန်းနဲ့တခြားသူတွေက မင်းထက် ကလေးကိုစောင့်ရှောက်တာပိုအတွေ့အကြုံရှိတယ်"
ရှုရှု အံဩမှုကြောင့် ပါးစပ်ကျယ်သွားတာ "နင်ပြောတာ...က ငါတို့အိမ်ကိုခေါ်သွားဖို့ပြောတာလား"
သူမများ နားကြားလွဲတာလား ဟွမ်ဟွမ်ကို အိမ်ခေါ်ခိုင်းတယ်ပေါ့?
သူက အသန့်ကြိုက်ပြီးတော့ ရှုရှုက ရေကျောက်တည်နေတာ ကလေးကိုအိမ်ခေါ်သွားဖို့ တခါမှတောင်မစဥ◌်းစားမိဖူးဘူး
ဒါမဲ့ မိဘမဲ့ဂေဟာကို ပြန်သွားဖို့တော့ မတွေးထားဘူး အပြည့်အဝနေကောင်းတဲ့ထိ ဆေးရုံမှာပဲနေမလို့
အဘိုးကို ၂ ရက်လောက် အပူကပ်ပြီး ချီလဲ့ကိုစောင့်ရှောက်ခိုင်းမလို့ သူမနေ့တိုင်းအလုပ်သွားဖို့တော့ အဆင်မပြေဖြစ်ပေမယ့်လည်းပေါ့
ဟွမ်ဟွမ်ကိုသာ အိမ်ခေါ်သွားလို့ရရင် အဆင်ပြေသွားပြီ
ရန်ရုချန် တဖက်ကနေ စိတ်မရှည်တဲ့အသံဖြင့် "ကလေးမလေးအတွက် အဆင်မပြေလို့လား"
ရှုရှု ချက်ချင်းခေါင်းခါလိုက်ကာ "မဟုတ်ဘူး မဟုတ်ဘူး ဒီမနက် အခြေအနေစောင့်ကြည့်လိုက်ဦးမယ် ဒေါက်တာက မီးစိမ်းပြပြီဆို နေ့လည် အိမ်ခေါ်သွားလိုက်မယ် ကျေးဇူး အားချန်"
သူမရဲ့ ရိုးကျိုးတဲ့အသံကိုကြားတော့ ရန်ရုချန် စိတ်အခြေအနေချက်ချင်း ပိုကောင်းသွားကာ နူးနူးညံ့ညံ့ အင်း ဟုပြန်ပြောပြီးဖုန်းချလိုက်သည်။
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romanceတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...