151+152+153+154+155

1.6K 196 10
                                    

အခန်း ၁၅၁ သူ သူမကို ထပ်ရှုံးပြန်ပြီ

သခင်လေးရန် ရှုရှုရဲ့ အခန်းသေးသေးလေးကို ကြည့်ကာ အမှုမထားသလိုပြောလေသည် "မင်းတိုက်ခန်းက သေးပြီး ငှက်သိုက်လို့ ဖြစ်နေပေမယ့် ဒီညတော့နေရမှာပေါ့လေ"

ရှုရှု သူမရဲ့ တိုက်ခန်းကို ဝေဖန်နေတာကို ဂရုမစိုက်ဘဲ အဓိက စာသားကို ကြားကာ ​ထအော်တော့သည် "ငါ့ဆီမှာနေမလို့"

မှားများကြားလား? ရန်ရုချန် ခါးမတ်ကာ သူမကိုစိတ်ပျက်သလိုကြည့်ကာ အေးစက်စွာဖြေလိုက်သည် "ငါရှိလို့ ဂုဏ်ယူတယ်လို့ ခံစားမနေနဲ့ အန်တီကျိုး ကို ငါအိမ်ရောက်ရင် ငါ့အဝတ်တွေ ပိုးသတ်ဖို့ ပြောလိုက်မယ်"

ဝမ်ရှုရှု ဆွံအ

သခင်လေးရန် တကယ်ရူးနေတာပဲ

"အဲ့ဒါက အသေးအဖွဲ့ပါ တက်စီယဉ်မောင်းခေါ်ပြီး ပြန်ပို့ခိုင်းလိုက်လေ"

သူအဲ့လို မလုပ်ရင်တောင် ဒီညသူ့ကို ဒီမှာနေခိုက်းမှာ မဟုတ်ဘူး ရှုရှုစိတ်ထဲ ဆုံးဖြတ်ချက် ချပြီးကတည်းက သူတို့ကြားမလိုအပ်တဲ့ အရှုပ်အထွေးတွေမဖြစ်ဖို့ သူမကိုယ် သူမလည်း စိတ်မပျက်ချင်သလို အားဟန်ကိုကောပဲ

သူအငြင်းခံလိုက်ရတယ် မထင်မှတ်ဘဲ အငြင်းခံလိုက်ရတယ်

သခင်လေးရန် ဒေါသထွက်ကာ ထရပ်ပြီး အော်တော့သည် "ဝမ်ရှုရှု ငါကမင်းကို စရုံပဲ မင်းရဲ့ခွေးလှောင်အိမ်မှာ ငါတကယ်နေမယ်ထင်နေတာလား"

နင့်အိမ်ကသာ ခွေးလှောင်အိမ် ငါ့အိမ်မဟုတ်ဘူး!

ရှုရှု စိတ်ထဲ ပြန်အော်နေပေမယ့် အပြင်ပန်းမှာတော့ ဂရုမစိုက်သလိုပြောကာ "အောက်ထပ်လိုက်ပို့ပေးမယ်"

သခင်လေးရန်က သူမအိမ်မှာ ဘယ်လိုလုပ်နေနိုင်မှာလဲ နိုင်ငံခြားမှာကျောင်းတက်တုန်းကတောင် တစ်ခုခုဆို သူ့အိမ်ပဲ ပြန်တာ အပြင်မှာလုံးဝမနေတဲ့သူက

တကယ်လို့ သူမက ဖန်ကျားရင် ဆိုရင်တော့ အကြောင်းမရှိ အကြောင်းရှာပြီး နေမှာပဲ ဒါပေမယ့် သူမက ဖန်ကျားရင် မဟုတ်ဘူး

"ငါ့ကိုယ်ငါ မ မနိုင်တာလည်းမဟုတ်ဘူး ပို့စရာမလိုဘူး" ပြောပြီး ချက်ချင်းထရပ်ကာ တံခါးဖွင့်ပြီး ထွက်သွားတော့သည် အသံအကျယ်ကြီးမြည်အောင် ပိတ်ခဲ့ဖို့လည်း မမေ့ပေ

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now