အခန်း ၃၀၄ တိုက်ဆိုင်မှု တစ်ခုပဲ
ရှုရှုလည်း စိုးရိမ်လာတော့သည် ဒီကောင်စုတ်က ကော်မတီအတွင်းရေးမှုးကို ဘယ်လိုတောင် ခြိမ်းခြောက်ရဲတာလဲ
‘ဒီလိုပုံစံမျိုးနဲ့ ဘယ်လိုတောင် အကူအညီတောင်းရဲတာလဲ’
အတွင်းရေးမှူးလျိုရဲ့ ရုပ်ဆိုးတဲ့ အမူအရာကို သတိထားမိကာ သူ့ကိုတောင်းဆိုတာထက် ခြိမ်းခြောက်တာက ပိုအလုပ်ဖြစ်တဲ့ပုံပင်
ရန်ရုချန် ရုတ်တရက်ကြားဖြတ်ပြောတော့ အတွင်းရေးမှူးလျိုက ဒေါသကြောင့်မျက်နှာက ခရမ်းနီရောင်သမ်းကာ နားထောင်နေသည်။
“ထုတ်ပြောဖို့ စိတ်ကူးမရှိလို့ စိတ်မပူပါနဲ့ မြုပ်နှံသူတွေကို ဖိတ်ခေါ်တဲ့ အခါကျရင်သာ ကျွန်တော့်ကို အသိပေးဖို့ မမေ့ပါနဲ့”
ရှုရှု ဆွံအသွားသည်။
မာနကြီးသလို အရှက်လည်းမရှိပေ နှစ်ခုလုံးကို တပြိုင်တည်း လုပ်နိုင်သည်။
ဒါမဲ့ အံဩစရာကောင်းတာက အခုရန်ရုချန်က ကြည့်လို့အကောင်းဆုံး မဟုတ်ဘူးလား?
အတွင်းရေးမှုးလျိုက သူ့ဒေါသကို သည်းခံပြီး မပြုံးနိုင်ခင် ခန စဉ်းစားနေပြီးမှ “ဥက္ကဌရန်ရဲ့တောင်းဆိုမှုကို မှတ်ထားပါ့မယ် မဒမ်ရန်ကို ကူညီဖို့ အကောင်းဆုံးကြိုးစားပေးပါ့မယ်”ရန်ရုချန် ခေါင်းငြိမ့်ကာ “ကျေးဇူး”
သူတို့ဆွေးနွေးလို့ ပြီးသွားတော့ စားပွဲထိုးတွေကို စားစရာလာချခိုင်းလိုက်သည်။
ရုတ်တရက် အတွင်းရေးမှုးလျိုက စကားပြောလာသည်။ “ဥက္ကဌရန် ကျွန်တော် ကျွန်တော့်တူမကို ညစာစားဖို့ခေါ်ထားတယ် သူမက အခုမှ နိုင်ငံခြားက ပြန်ရောက်ပြီးတော့ ကျွန်တော် သူ့ကိုတွေ့ဖို့ အလုပ်ရှုပ်နေလို့ အခုဒီညမှ ကျွန်တော် အချိန်နည်းနည်းရတာ စိတ်မရှိဖို့မျှော်လင့်ပါတယ်”
ရန်ရုချန်ပြုံးကာ “ရပါတယ်”
ကိစ္စတွေ အကုန်ပြောပြီးပြီကို သူက ဘာလို့ စိတ်ထဲထားနေရမှာလဲ အစားအမြန်စားပြီး ထွက်သွားရုံပေါ့ အဲ့ဒါကြောင့် ဘယ်နှစ်ယောက်လာလာ ဘယ်သူက ဂရုစိုက်မှာလဲ
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romanceတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...