အခန်း ၂၄၁ သူမမှာ မျှော်လင့်ချက်တွေ စိတ်ကူးတွေ စရှိလာပြီ
ရှုရှု ခပ်တည်တည်ပဲဆက်ထိုင်နေကာ မျက်လုံးမှိတ်ပြီး သူပြောတာကို မကြားချင်ယောင်ဆောင်လိုက်သည်
ဒါမဲ့ သူက သူမရှေ့ရောက်လာတာကြောင့် မသိချင်ယောင်ဆောင်ဖို့ ခက်လှသည် သူသူမစီရောက်လာခါနီးမှာပဲ မျက်လုံးဖွင့်လိုက်သည်
"ငါပင်ပန်းနေလို့ ကျိုးရှင်းနဲ့အရင်ပြန်လာလိုက်တာ" သူမအေးစက်စွာ ပြန်ပြောကာ မတ်တပ်ရပ်လိုက်သည် ခွက်အလွတ်ကိုယူကာ တံခါးစီသွားဖို့ လှည့်ထွက်လိုက်သည်
"ဝမ်ရှုရှု" ရန်ရုချန် လျင်မြန်စွာပင် သူမကိုကြားဖြတ်ကာ ဆွဲလိုက်သည်
သတိလွတ်သွားကာ ရန်ရုချန် သူမလက်ကိုဆွဲလိုက်တော့ ရှုရှု သူ့ရင်ခွင်ထဲ ကျသွားတော့သည်
ရန်ရုချန်ခေါင်းငုံ့ကာ သူ့မျက်လုံးတွေက အမဲရောင်ရေကန်လိုပဲ သူဘယ်လို စိတ်ခံစားချက်ရှိနေလဲ သူမ မပြောတတ်ပေ
ဒါမဲ့ သူ့မျက်နှာက သူမနားကပ်လာကာ အနည်းငယ်အေးစက်စက်အငွေ့အသက်တွေထုတ်လို့နေသည် သူဒေါသထွက်နေသလိုပင်
'သူကဘာလို့ စိတ်ဆိုးရတာတုန်း ငါမစောင့်လို့လား'
သူမ သူ့ကို ကြောင်တောင်တောင်အမူအရာဖြင့် ကြည့်လို့နေသည်
သူ့ကို သူမတဖြည်းဖြည်းနဲ့ ပိုပိုပြီး နားမလည်တော့သလိုပင် နေ့တိုင်း တူတူဖြတ်သန်းနေကြပေမယ့်ပေါ့
ဒီကာလ အတွင်းသူက သူမအပေါ်ကို တဖြည်းဖြည်းနဲ့သိမ်မွေ့လာပြီးတော့ အရင်ကလောက် ဒေါသမထွက်တော့သလိုပင်
သူ သူမကို သဘောကျတယ်လို့ ထင်ခဲ့တာ ဒီလက်ထပ်ခြင်းရဲ့ ကိုယ်စီနေရာ တွေမှာ နစ်မြုပ်ပြီးတော့ပေါ့ သူတို့ဆက်ဆံရေး ပြောင်းလဲ လာတာနဲ့အမျှ သူတို့ဆက်ဆံပုံကလည်း တဖြည်းဖြည်းနေသားကျလာသည်
ဒါမဲ့ ဒီညတော့ သူမရဲ့စိတ်ကူးတွေထဲက နိုးထလာပြီးတော့ သူမအရမ်း ရိုးရိုးရှင်းရှင်းတွေးနေမိတာကို သဘောပေါက်လိုက်သည် သူမကြောင့် သူက ပြောင်းလဲမှာမဟုတ်ဘူး သူ့အစီအစဉ်တွေကို ခန ရပ်လိုက်ရုံပဲ
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Романтикаတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...