166+167+168+169+170

1.8K 203 8
                                    

အခန်း ၁၆၆ ကုမ္ပဏီက စည်းကမ်းတွေ ရုပ်သိမ်းလိုက်သည်

အဘိုးအိုက သူမရှိနေရင် ပွစိပွစိ ပြောနေမှာကြောက်လို့ သူမကို မနေစေချင်မှန်း သူမသိသည် သူဖြစ်စေချင်သလို မဖြစ်ပေရန်း စိတ်ထဲ ဆုံးဖြတ်လိုက်သည် "အဘိုး အဘိုး ဒီနေ့ ဘာပြောပြော သမီးကတော့ ဒီမှာနေမှာပဲ"

"ချီလဲ့ကို ညည်းပြန်ခိုင်းရင် ငါအိမ်သာသွားချင်တဲ့အခါ ဘယ်လိုလုပ်မလဲ"

အဘိုးအိုက သူမကို အေးဆေး ပြန်ပြောလိုက်သည်

"ဟင်းးး" ရှုရှု ဘာပြောရမှန်းမသိတော့ တကယ်လို့ချီလဲ့ အနားမှာမရှိရင် သူမတကယ် ဘာလုပ်ရမလဲ

ချီလဲ့ ဝင်ပြောလိုက်သည် "အစ်မ ရှုရှု အလုပ်သွားသင့်တယ် အစ်ကို အားဟန် အဘိုးနဲ့ တစ်ညလုံးနေပေးလို့ ကျွန်တော်ညက ကောင်းကောင်းအိပ်ရပါတယ် ခနနေလို့ အဘိုးတရေးအိပ်ရင်လည်း ကျွန်တော်လည်း ခနနားလို့ရတယ်"

"အင်း ဟုတ်ပီလေ အဲ့ဒါဆိုလည်း ငါအလုပ်ပြီးရင် ပြန်လာခဲ့လိုက်မယ်"

အဘိုးကြည့်ရတာ အဆင်ပြေနေပုံရပြီးတော့ တခြားသူတွေနဲ့တောင် ကောင်းကောင်းပြောနေနိုင်တာပဲလေ သူမ လုပ်ပေးနိုင်တာလည်း သိပ်မရှိပါဘူး

ပြီးတော့ အဘိုးက သူမကို မနေစေချင်ဘူး

"တစ်ခုခုဆို ငါ့ကို လှမ်းပြောဖို့ မမေ့နဲ့" ချီလဲ့ကို ပြောလိုက်သည် ရှုရှု တံခါးမပိတ်ခင် အဘိုးအိုကို စိတ်ပူစွာကြည့်လိုက်သည်

"မပူပါနဲ့ ငါဝန်ထမ်းတွေကို ပြောထားပြီးပြီ သူတို့ သူ့ကို သေချာဂရုစိုက်ပေးပါလိမ့်မယ်" ကျန်းကျားဟန် နှစ်သိမ့်သလို ပြောလိုက်သည်

"အားဟန် ကျေးဇူးတင်ပါတယ်"  ရှုရှုပြောလိုက်သည်

သူတို့ တူတူထွက်လာခဲ့ကြသည်

ရှုရှုရုံးရောက်တော့ ၁၀ နာရီခွဲလို့နေပြီ အလုပ်ဖော်တွေစုကာ တစ်ခုခုကို ပြောလို့နေသည်

"ဘာတွေပြောနေကြတာလဲ" သူမ အလုပ်စားပွဲဆီလျှောက်ရင်း ပြုံးကာ ပြောလိုက်သည် လူစုက ချက်ချင်း သူမစားပွဲနားကို ဝိုင်းလာတော့သည်

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now