အခန်း ၃၄၆ ငါကလေးမဟုတ်ဘူး"နင့်ကိုယ်နင်ကြည့်ဦး" ရှုရှု ရန်ရုချန် အမူအရာကိုကြည့်ပြီး ရယ်ကာပြောလိုက်သည်။ "နင်မသွားချင်တာ ငါမသိဘူးများထင်နေလား"
ရန်ရုချန် သူမကို ခြိမ်းခြောက်ဖို့ ဆုံးဖြတ်လိုက်သည်။ "ဝမ်ရှုရှု မင်းအခု မသွားရင် ငါကိုယ့်ငါ ထိန်းချုပ်ထားတော့မှာ မဟုတ်ဘူး"
"သူ့ကိုယ်သူ ထိန်းချုပ်တယ်?" ရှုရှု ဘာအဓိပ္ပ္ပ္ပ္ပ္ပ္ပယ်လဲ နားမလည်ပဲ ခနကြောင်နေပြီးမှ သူ့ကိုအော်တော့သည် "အရှက်ကိုမရှိဘူး"
သူမ အဝေးကိုပြေးသွားတော့သည်။
"ဒီ အရူးမက အရမ်းရှက်လွယ်တာပဲ" ရန်ရုချန် ထိုမိန်းကလေးရဲ့ ထွက်သွားတဲ့ ပုံရိပ်လေးကို ကြည့်နေမိသည်။ ရှုရှု့ ပုံစံက ကို့ရို့ကားယားနိုင်နေပေမယ့် သူ့အတွက်တော့ ချစ်စရာကောင်းနေဆဲ
..............
ရှုရှု အဘိုးဝမ်နဲ့မျက်နှာချင်းဆိုင်မှာထိုင်နေလျက် သူမအဘိုး သူမလက်ကောက်ဝတ်ကို စမ်းသပ်နေတာကိုကြည့်လို့နေသည်။ စိုးရိမ်တကြီးဖြင့် မေးလိုက်သည် "အဘိုး ဘယ်လိုနေလဲ သမီးကိုယ်နဲ့ပက်သက်ပြီး တစ်ခုခုမှားနေလို့လား"
အဘိုးအိုက သူ့လက်ကို ပြန်ရုတ်ကာ ခေါင်းခါလိုက်သည်။ "ဘာမှ မမှားပါဘူး အအေးစာတွေကိုရှောင် အနီရောင် စွံပလွံသီး ပဲနီ သကြားညို များများစားပေး"
"ဩော်" ရှုရှု သက်ပြင်းချလိုက်ပေမယ့် အနည်းငယ်စိတ်ပူနေဆဲ "ဆေးရုံမှာ စစ်ဆေးစရာလိုသေးလား"
၂ လကျော် ၃ လကျော် ကြာနေပြီ သူတို့ဘာ အကာအကွယ်မှ မသုံးခဲ့ကြဘူး အဲ့ဒါကြောင့်များလား
အဘိုးအိုက ရှုရှု စိတ်ပူနေတာကို သတိပြုမိသည်။
"အရူးမလေး" သူ ရှုရှု့ကို နှစ်သိမ့်လိုက်သည်။ "တချို့အရာတွေက မလောရဘူး လွယ်လွယ်လေးလို့ပဲ သဘောထားရင် ကိုယ်ဝန်ရဖို့ပိုလွယ်တယ် ပြီးတော့တတိယရန်နဲ့ သမီးက ခုထိငယ်ငယ်လေးရှိသေးတာ ဘာတွေလောနေတာလဲ"
သူမရဲ့ စိုးရိမ်နေမှုက အရမ်းသိသာနေတာလား
ရှုရှု သူမရဲ့ ရှက်ရွံမှုကိုဖုံးဖို့ ခေါင်းငုံ့လိုက်သည်။ ထို့နောက် အဘိုးကို ပြန်အပြစ်တင်တော့သည်။ "အဲ့ဒါ အဘိုးက မြစ်လိုချင်တယ်ဆိုပြီး နားပူနားဆာလုပ်နေလို့လေ"
သူမတကယ်ပဲ စိတ်ပူနေမိတာပင် ရန်ရုချန်နဲ့ကလေးတစ်ယောက်ရတာက သူတို့ကို ပိုပြီးနီးကပ်လာစေမယ်လို့ သူတို့လက်ထပ်ခြင်းကိုလည်း ပိုပြီးတည်တံလာစေမယ်လို့
ဒါမဲ့ ရန်ရုချန် သူမအပေါ်ထားတဲ့အချစ်နဲ့ပက်သက်ပြီးတော့တော့ သံသဃဖြစ်နေဆဲ သူမကိုကောင်းကောင်းမွန်မွန် ဆက်ဆံပြီးပျော်အောင်ထားနေပေမယ့်လည်းပေါ့
ပြီးတော့ အရင်က ဖန်ကျားရင်အပေါ်သူထားတဲ့အချစ်က အရမ်းလေးနက်တာလေ ၃ နှစ်ကျော်ကြာတာတောင် သူမကိုလိုက်ရှာနေခဲ့တာတွေက သက်သေပဲလေ
အရင်က သူမ အရမ်းကြောက်ပြီး စိုးရိမ်နေခဲ့တာက သူ့ကိုကလေးတစ်ယောက်မွေးပေးပြီးရင် သူ သူမကို စွန့်ပစ်သွားမှာကိုပဲ အခုတော့ အခြေအနေကပြောင်းပြန်ဖြစ်ပြီး ပိုကောင်းဖို့အတွက် သူမ ကလေးတစ်ယောက်အမြန်မွေးချင်နေတာပင်
အဘိုးအိုက ကျယ်လောင်စွာ ပြန်အော်တော့သည်။ "ဟုတ်တယ် ငါတကယ်သိချင်နေပြီ ညည်းကလေးက အဲ့ဒီကောင်စုတ်လေးနဲ့တူပြီး ဘယ်လိုပုံမျိုးထွက်လာမလဲဆိုတာ"
သူမအဘိုးပြောတာကြားတော့ ရှုရှု မျက်မှောင်ကြုတ်ကာ "အဘိုး!"
အဘိုးက ပြုံးကာ "ညည်းနောက်ဆုံးတော့ ဝိတ်တက်လာပြီ ကြည့်ရတာ တတိယရန်ကကောင်းကောင်းဆက်ဆံတယ်ထင်တယ်"
"အဘိုးပြောနိုင်တယ်လား" သူမပါးကိုထိရင်း ရှုရှု အံဩကာပြောလိုက်သည်။
သူမ ပိုပြည့်လာတာလား ဘာလို့ သူမသတိမပြုမိတာလဲ
"မဟုတ်ရင် သူ့ကိုကလေးမွေးပေးဖို့ ညည်းဘာလို့လောနေမှာလဲ" အဘိုးအို စသလိုပြောလိုက်သည်။
ရှုရှု မျက်နှာ ရဲသွားကာ အဘိုးအိုကို ဒေါသတကြီး ကြည့်လိုက်ပြီး "အဘိုးကို မပြောတော့ဘူး ချီလဲ့ကိုပဲသွားရှာပြီး ငါးစွတ်ပြုတ်သောက်တော့မယ်"
ငါးစွတ်ပြုတ်က ဒုတိယထပ်မှာ အဆင်သင့်ပင်
သူမလှေကားပေါ်တက်လိုက်တော့ စွတ်ပြုတ်နံ့သင်းသင်းလေးက သူမကိုဆီးကြိုလို့နေသည်။ သူမအမြန်တက်သွားကာ "ချီလဲ့ နင့်ရဲ့ ဟင်းချက်စွမ်းရည်က တကယ်တိုးတက်လာပြီပဲ"
စားပွဲဆီလျှောက်သွားကာ တူကိုကိုင်ပြီး စစားတော့သည်။
ချီလဲ့ ပန်းကန်လုံးထဲ စွတ်ပြုတ်တချို့ထည့်ကာ သူမကိုပေးလိုက်သည် "အစ်မရှုရှု သတိထား ပူနေတုန်းပဲ"
"ကျေးဇူး" ရှုရှု စွတ်ပြုတ်ကိုယူကာ သူ့ကိုကျေးဇူးတင်လိုက်သည်။
ပန်းကန်လုံးကို စိတ်အားထက်သန်စွာကြည့်ကာ စားဖို့မစောင့်နိုင်တော့
တူကိုယူကာ စွတ်ပြုတ်သောက်မလိုလုပ်တုန်းမှာပဲ ချီလဲ့က ထပ်သတိပေးသည်။"အရိုးတွေရှိတယ်နော် ဂရုစိုက်စားဦး"
ရှုရှုသူ့ကို ရယ်ပြီးကြည့်
ကာ "ချီလဲ့ ငါကလေးမဟုတ်ဘူး"
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romanceတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...