အခန်း ၂၁၆ သူ ဒါကိုမလိုချင်ဘူးပြောရင်း ဆိုဖာပေါ်ထိုင်ကာ ရှုရှု့ဖုန်းကို ခေါ်တော့သည် အဲ့အချိန်မှာပဲ အိမ်ထိန်းက "မမလေးပြန်လာပြီ"ရန်ရုချန် ဖုန်းပြန်ချကာ တံခါးစီလျှောက်သွားလိုက်သည် သေးငယ်တဲ့ပုံရိပ်လေးကို မြင်တော့ သူအနည်းငယ် ကြောင်သွားမိသည် သူမက သူဝယ်ပေးထားတဲ့ ဝတ်စုံလေးကို ဝတ်လို့ထားလေသည်သူမက ပြုံးနေပြီး ကြည့်ရတာ ပိုတက်ကြွလာသလိုပင်သူမ ဝတ်ထားတဲ့ဝတ်စုံကိုကြည့်ကာ ကျေနပ်မှုကြောင့် ပြုံးနေမိသည်ရုတ်တရက် အန်တီကျိုးက တနေ့ခင်းလုံးအပြင်သွားနေတယ်ဟုပြောတာကို ပြန်သတိရကာ မျက်နှာချက်ချင်းမဲသွားတော့သည် ရှုရှု ရန်ရုချန် မျက်နှာအပြောင်းအလဲကို သတိထားမိကာ ဖြည်းဖြည်းချင်း ဝင်လာခဲ့သည်ရန်ရုချန် သူမကိုကြည့်နေကာ အထက်လူကြီးက လက်အောက်ငယ်သားကို ကြည့်သလိုကြည့်ကာ "တနေ့ခင်းလုံး ဘယ်တွေသွားနေတာလဲ"ရှုရှု တွန့်ဆုတ် တွန့်ဆုတ်ဖြင့် "ချန်ဒုံ ဒေသက မိဘမဲ့ဂေဟာကို ကျိုးရှင်းနဲ့တူတူသွားတာ ကလေးတွေက ညစာစားဖို့ အတင်းခေါ်နေလို့ ကြာသွားတာ"အဲ့ဒါဆို သူတို့က မိဘမဲ့ဂေဟာကို သွားတာပေါ့ရန်ရုချန်ရဲ့ မနာလိုအူတိုမှုတွေ ချက်ချင်းအငွေ့ပျံသွားကာ အသံ ပြန်နူးညံ့သွားပြီး "နောက်ကျ နောက်ကျမယ်ဆိုရင် ညစာမစားတော့ဘူးဆိုတဲ့အကြောင်းအစေခံတွေကို လှမ်းပြောထား" ပြောပြီးတာနဲ့လှည့်ထွက်သွားတော့သည်"အင်း" ရှုရှု သူ့နောက်ကျောကိုကြည့်ကာ ပြန်ဖြေလိုက်သည် သူမ ခံစားရတာက ဒီကောင်ကပိုပြီး ခန့်မှန်းရခက်လာတယ်ဟုရန်ရုချန် ထမင်းစားခန်းဝင်ပေါက်မှာရပ်ကာ "လာစား""ဂေဟာမှာ စားလာခဲ့ပြီးပြီ" ရှုရှု သူမရဲ့ဗိုက်လေးကိုပွတ်ကာ ဖြေလိုက်သည်ဂေဟာမှာ ကလေးတွေနဲ့စားပြီး ပျော်နေမယ့်ပုံကိုမြင်ယောင်ကာ ရန်ရုချန် သဝန်တိုလာတော့သည်"အဲ့ဒါဆိုလည်း စွတ်ပြုတ်လာသောက်"စိတ်မှည်သလို မျက်မှောင်ကြုတ်ကာ သူ့ပုံစံက ဆွေးနွေ့ဖို့ အခန်းမရှိဟုပြောနေသလိုပင်ရှုရှု ရန်ရုချန် ဒေါသထွက်လာမှာစိုးကာ "အိုခေ" ဟုပြောကာ ခေါင်းငြိမ့်လိုက်သည်သူတို့နှစ်ယောက်ကြားမှာရှိတဲ့အရာအားလုံးပြောင်းလဲသွားသည် တဖက်က တော့ အရှုံးမှရမည် ထိုမှသာ အဘွားရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးနိုင်မှာမို့ပြောစရာမလိုအောင်ပဲ သူမက အဘွားသေဆုံးမှုရဲ့ အဓိက တရားခံဖြစ်ပြီးတော့သူတို့မိသားစုရဲ့ အူတိုင်ကို ဆုံးရှုံးအောင် လုပ်ခဲ့တဲ့သူပင် ရန်မိသားစုဝင်ရှေ့မှာ ခေါင်းမော့ပြီး မနေနိုင်ပေအထူးသဖြင့် ရန်ရုချန်ပေါ့သူမစိတ်ထဲက ရန်ရုချန်အတွက် နက်ရှိုင်းတဲ့ခံစားချက်တွေကို သူမနှလုံးသားထဲမှာ တသက်လုံးမြုပ်နှံထားလိုက်တော့မည် ပြီးတော့ သူမကိုယ်သူမ တောက်လျှောက်သတိပေးနေမှာက ဒီလက်ထပ်ခြင်းက အဘွားရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးဖို့ ဆိုတာပင်ဘယ်လောက်ပဲ သူက သူမကို နူးနူးညံ့ညံ့ ဆက်ဆံပေးပါစေ မျှော်လင့်ချက်မထားတော့ဘူးရန်ရုချန် သူမရှေ့ကို စွတ်ပြုတ်ပန်းကန်ချပေးတာကို ကြည့်ကာ "ကျေးဇူးပဲ" ဟုပြောလိုက်သည်ထို့နောက်ပန်းကန်ကိုကိုင်ကာ အားရပါးရသောက်တော့သည် ရန်ရုချန်က သူမကိုကြည့်ကာ "မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ့်ပုံရိပ်ကို ထိန်းသိမ်းရမှာ မသိဘူးလား" "အို့" ရှုရှု ပန်းကန်လုံးကိုချကာ ဇွန်းယူပြီး တစ်ဇွန်းချင်း ခပ်သောက်တော့သည်slam!ရန်ရုချန် တူကို စားပွဲပေါ် ချကာ ရှုရှုပြန်ပြောတာ မစောင့်တော့ဘဲ ဒေါသတကြီးထသွားတော့သည်သူဒါကို မလိုချင်ဘူး မူလ ဝမ်ရှုရှုကိုပဲ လိုချင်တာ ဒေါသမထွက်ဘဲ အမိန့်လိုနာခံနေတဲ့သူမကို မလိုချင်ဘူးရှုရှု ရန်ရုချန်ထွက်သွားတာကို ကြည့်ကာ အလိုမကျစွာ မျက်မှောင်ကြုတ်လိုက်မိသည်
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romanceတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...