161+162+163+164+165

1.6K 177 14
                                    

အခန်း ၁၆၁ ကြောက်လန့်နေတဲ့ ရှုရှုလေးက ချစ်စရာလေး

ဖြန်း!

စကားဆုံးယုံရှိသေး မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသည်

ရန်ရုချန်က လူတွေတိုးဝင်လာမှုကြောင့် ရှုရှုနဲ့ ဝေးသွားကာ လူကြားထဲကနေ လှမ်းရိုက်လိုက်ခြင်းဖြစ်သည်

သူ့ရဲ့လူသတ်ချင်တဲ့အကြည့်က ရှုရှုကို စော်ကားကို တဏှာရူးကို စိုက်ကြည့်ကာ အန္တရယ်အငွေ့အသက်တွေ ပြင်းထန်လို့နေသည်

"ဘယ်သူလဲ ဘာလို့ ငါ့ကိုရိုက်တာလဲ" မျက်နှာကို လက်တဖက်က ထိကာ တဖက်က ရန်ရုချန် သူ့နားကပ်လာတာကို အော်ကာ နောက်ကို ဆုတ်လိုါနေသည် ခြေထောက်ကလည်းတုန်လို့

"အဲ့ဒါ F and P က တတိယသခင်လေးရန်ပဲ"

"တကယ်ပဲ သူပဲ..."

လူတွေရန်ရုချန်ကို မှတ်မိကာ ကျွတ်စီ ကျွတ်စီနဲ့ တိုးတိုး တိုးတိုးပြောနေကြတော့သည်

တဏှာရူးက တကိုယ်လုံးတုန်လာကာ နောက်ဆုတ်နေသည်

"မင်းက ဘယ်သူဆိုပြီး ငါကြောက်မယ်မထင်နဲ့ ငါရဲသွားတိုင်မှာ"

ရန်ရုချန်က "ရဲဆီမရောက်ခင် မင်းရဲ့လက်တွေအရင်ချိုးပစ်မယ်" အေးစက်စွာပြောလိုက်သည်

ချက်ချင်း ထိုသူရဲ့လက်တစ်ဖက်ကို ကိုင်ကာ လိမ်ချိုးလိုက်သည်

အရိုးကျိုးသံကြားလိုက်ရပြီး ခနကြာတော့ ထိုသူရဲ့ အော်သံ ဓာတ်လှေကားထဲ ထွက်ပေါ်လာတော့သည်

ရန်ရုချန် အဆုံးထိအော်ခွင့်မပေးဘဲ တခြားတဖက်လက်ကို ကိုင်လိုက်သည်

"အားချန် မလုပ်နဲ့" ရှုရှု စိုးရိမ်စွာငိုရင်း ပြောလိုက်သည် ရင်းနှီးနေတဲ့နာမည်ပြောင်ခေါ်ပြီး ခနကြာတော့ ချက်ချင်းပင် "ဥက္ကဌရန်' ဟုပြောင်းခေါ်လိုက်သည်

ဒီကိစ္စသာပြင်းထန်လာပြီး ရဲစီရောက်သွားရင် ကိုင်တွယ်လို့ရပေမယ့် မီဒီယာတွေစီသာ ရောက်သွားရင် ဖြေရှင်းလို့ရမှာမဟုတ်တော့

ရန်ရုချန်ကော ကုမ္ပဏီကိုပါ ထိခိုက်စေလိမ့်မယ်

ရန်ရုချန် သူမကို ကြည့်ကာ "မကြောက်နဲ့"

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now